မေလှမြိုင်
ဤဆောင်းပါးသည် ရင်းမြစ်တစ်ခုတည်းအပေါ်တွင် လွန်ကဲစွာ သို့ဟုတ် လုံးဝ မှီခိုထားသည်။ |
မေလှမြိုင် (၁၉၂၂-၁၉၇၃) သည် မြန်မာနိုင်ငံသား နိုင်ငံကျော် ဓာတ်ပြားအဆိုတော်၊ ရုပ်ရှင်မင်းသမီး၊ ပြဇာတ်မင်းသမီး ဖြစ်သည်။ မေလှမြိုင်၏ အသံသည် တစ်မူထူးခြားသည်။ မြန်မာ့အသံရေဒီယိုတွင် အမှုထမ်းခဲ့သည်။
ဒုတိယကမ္ဘာစစ်ပြီးခေတ် မြန်မာ့ဂီတလောကတွင် ထင်ရှားသော ဓာတ်ပြားအဆိုတော် ဖြစ်သည်။ စစ်ပြီးခေတ် မြန်မာ့အသံတွင် ထင်ရှားသော ပညာရှင်တစ်ဦးဖြစ်သည့်အပြင် အလေးပြုပါတယ် (အာဇာနည် ခေါင်းဆောင်ကြီးများအတွက်)၊ ဗမာ့ကြွေးကျော်သံ၊ ဆောင်းအမီ စသောတေးသီချင်းများ၏ မူရင်းအဆိုရှင် ဖြစ်သည်။[၁]
ငယ်စဉ်ဘဝ
[ပြင်ဆင်ရန်]၁၉၂၂ ခုနှစ်ဖွား မေလှမြိုင်၏ အမည်ရင်းမှာ မလှမြိုင်ဖြစ်ပြီး အေဝမ်းရုပ်ရှင်သို့ ရောက်ရှိချိန်တွင် မေလှမြိုင် ဖြစ်ခဲ့သည်။
ရုပ်ရှင်
[ပြင်ဆင်ရန်]မေလှမြိုင်သည် ရုပ်ရှင်နှင့် ပြဇာတ်လောကတွင် စစ်ပြီးခေတ် ကျင်လည်ခဲ့ပြီးမှ ဂီတလောကထဲ ရောက်ခဲ့သည်။ ၁၉၄၀ ပြည့်နှစ်တွင် အေဝမ်း ရုပ်ရှင်ကုမ္ပဏီက ရိုက်ကူးသော ရုပ်ရှင်ဇာတ်ကားအချို့တွင် ဇာတ်ရံမင်းသမီးအဖြစ် မထင်မရှား စတင်ပါဝင်ခဲ့သည်။ ရန်နိုင်စိန် တင်ဆက်ခဲ့သောပြဇာတ်တစ်ခုတွင် ခေါင်းဆောင်မင်းသမီးအဖြစ် ပါဝင်ပြီး စတင်လူသိများလာသည်။ ဒို့အိမ်ကြီး၊ ယမမေမယ်၊ အနန္တသူရိယ၊ ဝေသာလီ စတဲ့ ပြဇာတ်များတွင် ခေါင်းဆောင်မင်းသမီးအဖြစ် ပါဝင်သရုပ်ဆောင်ခဲ့သည်။
ဂီတ
[ပြင်ဆင်ရန်]ရန်နိုင်ဆွေရေးသော ချစ်မိုးနှောင်း သီချင်းအား သီဆိုခဲ့ရာမှ ထင်ရှားလာခဲ့သည်။ မေလှမြိုင်သီဆိုခဲ့သော ရွဲ့လိုက်တာလား စန္ဒာရယ်၊ စိမ်းလဲ့ကန်သာ၊ တိမ်ညိုနဲ့ လခြမ်း၊ နွေဦးတေးသံ၊ ဗမာ့ကြွေးကျော်သံ၊ ဆောင်းအမီ၊ မြိုင် ၊ ကိုမြကြီးနှင့် စုံတွဲသီဆိုခဲ့သော ကန်သင်းဆယ်မှာလား စသည့် သီချင်းများမှာ ထင်ရှားသည်။
ကိုမြကြီး၊ မေသစ်တို့နှင့်အတူ အောင်မြင်ကျော်ကြားခဲ့သော မေလှမြိုင်သည် ၁၉၆၀ ပြည့်နှစ်တဝိုက် ရောင်းတန်း ဓာတ်ပြားခေတ် မာမာအေး၊ တင်တင်မြ၊ ထား၊ ချစ်စပယ်၊ အေဝမ်းတင်တင်လှတို့ ခေတ်တိုင် ဆက်လက် အောင်မြင်ထင်ရှားခဲ့သော တေးသံရှင်ဖြစ်သည်။
မြန်မာ့အသံရေဒီယိုတွင် အလုပ်လုပ်နေစဉ် ၁၉၇၃ ခုနှစ်၊ အသက် (၅၁) နှစ် အရွယ်တွင် ကွယ်လွန်ခဲ့သည်။