မီလာ ဂျိုဗိုဗစ်

ဝီကီပီးဒီးယား မှ
မီလာ ဂျိုဗိုဗစ်
Jovovich at the 2016 Cannes Film Festival.
မွေးဖွားMilica Bogdanovna Jovovich
(1975-12-17) ဒီဇင်ဘာ ၁၇၊ ၁၉၇၅ (အသက် ၄၈)
Kiev, Ukrainian SSR, Soviet Union
အလုပ်အကိုင်
  • ရုပ်ရှင်မင်းသမီး
  • ဖက်ရှင် ဒီဇိုင်နာ
  • မော်ဒယ်
  • အဆိုတော်


တက်ကြွလှုပ်ရှားနှစ်များ၁၉၈၅–လက်ရှိ
အိမ်ထောင်ဖက်(များ)Shawn Andrews
(လက်ထပ် 1992; annulled 1992)
Luc Besson
(လက်ထပ် 1997; ကွာရှင်း 1999)
Paul W. S. Anderson
(လက်ထပ် 2009)
သားသမီး
  • Ever Gabo
  • Dashiel Edan
မိဘ(များ)ဂါလီနာ ဂျိုးဗစ်
ဘိုဂီ ဂျိုဗိုဗီ
ဝက်ဘ်ဆိုဒ်millaj.com

မီလာ ဂျိုဗိုဗစ်[nb ၁][nb ၂] (အင်္ဂလိပ်: Milla Jovovich) (/ˈjvəvɪ/) (၁၉၇၅ ဒီဇင်ဘာလဖွား) သည် အမေရိကန် တေးသံရှင်၊ ဖက်ရှင် ဒီဇိုင်နာ ရုပ်ရှင်မင်းသမီးနှင့် အဆိုတော် ဖြစ်သည်။ သိပ္ပံရုပ်ရှင် ဇာတ်လမ်းများစွာတွင် မြင်တွေ့ရပြီး ၂၀၀၆ ခုနှစ် သီချင်းလိုင်း VH1 တွင်ခေါင်းဆောင်အဖြစ် တွေ့ရသည်။[၂] သူမကို ဆိုဗီယက်ပြည်ထောင်စု၊ Kiev အရပ်တွင် မွေးဖွားခဲ့ပြီး မိဘများက ၁၉၈၇ ခုနှစ်တွင် အမေရိကန်ပြည်ထောင်စုသို့ ပြောင်းရွေ့ခဲ့သည်။ အသက် ၁၂ အရွယ်တွင် မော်ဒယ်လုပ်ငန်းများ ဆောင်ရွက်ခဲ့ပြီး Lei ဟူသော အီတလီ မဂ္ဂဇင်းတွင် မျက်နှာဖုံးအဖြစ် ပါဝင်ခဲ့သည်။[၃][၄] ၁၉၉၁ ခုနှစ်တွင် အချစ်ဇာတ်လမ်း Return to the Blue Lagoon ဖြင့် သူမသည် လူသိများလာခဲ့သည်။ ယင်းအချိန် သူမသည် အသက် ၁၅ နှစ်အရွယ်မျှသာ ရှိသေးသည်။[၅] ၁၉၉၇ ခုနှစ်တွင် ပြင်သစ်သိပ္ပံဇာတ်လမ်း The Fifth Element ဖြင့် တဟုန်ထိုး နာမည်ကြီးလာခဲ့သည်။ ယင်းနှစ်တွင် Besson ဖြင့် လက်ထပ်ခဲ့သော်လည်း မကြာခင် ကွာရှင်းခဲ့သည်။ ဂျိုးဗစ်သည် ၂၀၀၂ ခုနှစ်တွင် နာမည်ကြီးသိပ္ပံရုပ်ရှင် Resident Evil အား စတင်ရိုက်ကူးခဲ့သည်။ ယင်းဇာတ်ကားအား မနှစ်သက်သူများ ရှိခဲ့သည်။[၆][၇] သို့သော် စီးပွားရေးအရ အောင်မြင်ခဲ့သည်။[၈] ထိပ်သည်းရင်ဖို Resident Evil သိပ္ပံရုပ်ရှင်ဇာတ်လမ်းအဆက်အား သူမသည် ၂၀၀၄ ခုနှစ်မှ ၂၀၁၂ ခုနှစ်အထိ ဆက်လက် ရိုက်ကူးခဲ့သည်။[၉]


မှတ်စု[ပြင်ဆင်ရန်]

  1. Milla Jovovich has no second name "Nataša"; that is a journalist's mistake. Nataša is her cousin's name.[၁]
  2. Serbian Cyrillic: Милица Јововић; ရုရှား: Милица Йовович; ယူကရိန်း: Милиця Йовович

ကိုးကား[ပြင်ဆင်ရန်]

  1. Milla Jovovich's mother (August 23, 2005)။ "Галина Логінова: Сьогодні Київ, наче весела дівчина, гарно вбрана i нафарбована" (အင်တာဗျူး) (Ukrainianဘာသာစကားဖြင့်)။ Україна МолодаMay 15, 2013 တွင် ပြန်စစ်ပြီးCS1 maint: အသိအမှတ်မပြုသော ဘာသာစကား (link) E
  2. C. Bottomley, Milla Jovovich: Building a Perfect Action Star Archived September 6, 2014, at the Wayback Machine., March 2, 2006, VH1. Archived September 6, 2014, at the Wayback Machine.
  3. Millaj:Purple LovePurple magazine။ MillaJ.com (1990)။ May 15, 2013 တွင် ပြန်စစ်ပြီး။
  4. Milla Jovovich Magazine Cover, 1987: A Look BackThe Huffington Post (October 19, 2011)။ May 15, 2013 တွင် ပြန်စစ်ပြီး။
  5. Milla Jovovich Filmography။ MillaJ.com။ 28 November 2013 တွင် ပြန်စစ်ပြီး။
  6. Resident Evil (2002)။ May 15, 2013 တွင် ပြန်စစ်ပြီး။
  7. Roger Ebert။ "Ebert's Most Hated"၊ Chicago Sun-Times၊ 2005-08-11။ May 15, 2013 တွင် ပြန်စစ်ပြီး။ Archived from the original on 28 June 2009။ 
  8. Resident EvilBox Office Mojo။ Amazon.com။ May 15, 2013 တွင် ပြန်စစ်ပြီး။
  9. "Resident Evil: Afterlife Back to 2010"၊ CraveOnline Media, LLC၊ ShockTilYouDrop.com၊ January 11, 2010။ May 15, 2013 တွင် ပြန်စစ်ပြီး