မာတိကာသို့ ခုန်သွားရန်

မီလာ ဂျိုဗိုဗစ်

ဝီကီပီးဒီးယား မှ
မီလာ ဂျိုဗိုဗစ်
Jovovich at the 2016 Cannes Film Festival.
မွေးဖွားMilica Bogdanovna Jovovich
(1975-12-17) ဒီဇင်ဘာ ၁၇၊ ၁၉၇၅ (အသက် ၅၀)
Kiev, Ukrainian SSR, Soviet Union
အလုပ်အကိုင်
  • ရုပ်ရှင်မင်းသမီး
  • ဖက်ရှင် ဒီဇိုင်နာ
  • မော်ဒယ်
  • အဆိုတော်


တက်ကြွလှုပ်ရှားနှစ်များ၁၉၈၅–လက်ရှိ
အိမ်ထောင်ဖက်(များ)Shawn Andrews
(လက်ထပ် 1992; annulled 1992)
Luc Besson
(လက်ထပ် 1997; ကွာရှင်း 1999)
Paul W. S. Anderson
(လက်ထပ် 2009)
သားသမီး
  • Ever Gabo
  • Dashiel Edan
မိဘ(များ)ဂါလီနာ ဂျိုးဗစ်
ဘိုဂီ ဂျိုဗိုဗီ
ဝက်ဘ်ဆိုဒ်millaj.com

မီလာ ဂျိုဗိုဗစ်[nb ၁][nb ၂] (အင်္ဂလိပ်: Milla Jovovich) (/ˈjvəvɪ/) (၁၉၇၅ ဒီဇင်ဘာလဖွား) သည် အမေရိကန် တေးသံရှင်၊ ဖက်ရှင် ဒီဇိုင်နာ ရုပ်ရှင်မင်းသမီးနှင့် အဆိုတော် ဖြစ်သည်။ သိပ္ပံရုပ်ရှင် ဇာတ်လမ်းများစွာတွင် မြင်တွေ့ရပြီး ၂၀၀၆ ခုနှစ် သီချင်းလိုင်း VH1 တွင်ခေါင်းဆောင်အဖြစ် တွေ့ရသည်။[] သူမကို ဆိုဗီယက်ပြည်ထောင်စု၊ Kiev အရပ်တွင် မွေးဖွားခဲ့ပြီး မိဘများက ၁၉၈၇ ခုနှစ်တွင် အမေရိကန်ပြည်ထောင်စုသို့ ပြောင်းရွေ့ခဲ့သည်။ အသက် ၁၂ အရွယ်တွင် မော်ဒယ်လုပ်ငန်းများ ဆောင်ရွက်ခဲ့ပြီး Lei ဟူသော အီတလီ မဂ္ဂဇင်းတွင် မျက်နှာဖုံးအဖြစ် ပါဝင်ခဲ့သည်။[][] ၁၉၉၁ ခုနှစ်တွင် အချစ်ဇာတ်လမ်း Return to the Blue Lagoon ဖြင့် သူမသည် လူသိများလာခဲ့သည်။ ယင်းအချိန် သူမသည် အသက် ၁၅ နှစ်အရွယ်မျှသာ ရှိသေးသည်။[] ၁၉၉၇ ခုနှစ်တွင် ပြင်သစ်သိပ္ပံဇာတ်လမ်း The Fifth Element ဖြင့် တဟုန်ထိုး နာမည်ကြီးလာခဲ့သည်။ ယင်းနှစ်တွင် Besson ဖြင့် လက်ထပ်ခဲ့သော်လည်း မကြာခင် ကွာရှင်းခဲ့သည်။ ဂျိုးဗစ်သည် ၂၀၀၂ ခုနှစ်တွင် နာမည်ကြီးသိပ္ပံရုပ်ရှင် Resident Evil အား စတင်ရိုက်ကူးခဲ့သည်။ ယင်းဇာတ်ကားအား မနှစ်သက်သူများ ရှိခဲ့သည်။[][] သို့သော် စီးပွားရေးအရ အောင်မြင်ခဲ့သည်။[] ထိပ်သည်းရင်ဖို Resident Evil သိပ္ပံရုပ်ရှင်ဇာတ်လမ်းအဆက်အား သူမသည် ၂၀၀၄ ခုနှစ်မှ ၂၀၁၂ ခုနှစ်အထိ ဆက်လက် ရိုက်ကူးခဲ့သည်။[]


မှတ်စု

[ပြင်ဆင်ရန်]
  1. Milla Jovovich has no second name "Nataša"; that is a journalist's mistake. Nataša is her cousin's name.[]
  2. Serbian Cyrillic: Милица Јововић; ရုရှား: Милица Йовович; ယူကရိန်း: Милиця Йовович

ကိုးကား

[ပြင်ဆင်ရန်]
  1. Milla Jovovich's mother (August 23, 2005)။ "Галина Логінова: Сьогодні Київ, наче весела дівчина, гарно вбрана i нафарбована" (အင်တာဗျူး) (Ukrainianဘာသာစကားဖြင့်)။ Україна МолодаMay 15, 2013 တွင် ပြန်စစ်ပြီးCS1 maint: အသိအမှတ်မပြုသော ဘာသာစကား (link) E
  2. C. Bottomley, Milla Jovovich: Building a Perfect Action Star September 6, 2014, ၌ မော်ကွန်းပြန်ကြည့်စက်တွင် မော်ကွန်းတင်ပြီး ., March 2, 2006, VH1. September 6, 2014, ၌ မော်ကွန်းပြန်ကြည့်စက်တွင် မော်ကွန်းတင်ပြီး .
  3. Millaj:Purple Love Purple magazine MillaJ.com (1990)။ 7 August 2013 တွင် မူရင်းအား မော်ကွန်းတင်ပြီး။ May 15, 2013 တွင် ပြန်စစ်ပြီး။
  4. Milla Jovovich Magazine Cover, 1987: A Look Back The Huffington Post (October 19, 2011)။ May 15, 2013 တွင် ပြန်စစ်ပြီး။
  5. Milla Jovovich Filmography MillaJ.com။ 4 December 2013 တွင် မူရင်းအား မော်ကွန်းတင်ပြီး။ 28 November 2013 တွင် ပြန်စစ်ပြီး။
  6. Resident Evil (2002) May 15, 2013 တွင် ပြန်စစ်ပြီး။
  7. Roger Ebert။ "Ebert's Most Hated"၊ Chicago Sun-Times၊ 2005-08-11 May 15, 2013 တွင် ပြန်စစ်ပြီး Archived from the original on 28 June 2009။
  8. Resident Evil Box Office Mojo Amazon.com။ May 15, 2013 တွင် ပြန်စစ်ပြီး။
  9. "Resident Evil: Afterlife Back to 2010"၊ CraveOnline Media, LLC၊ ShockTilYouDrop.com၊ January 11, 2010 May 15, 2013 တွင် ပြန်စစ်ပြီး