မိဿလင်ပင်

ဝီကီပီးဒီးယား မှ
ဤနေရာသို့သွားရန် - အ​ညွှန်း​, ရှာဖွေရန်
မိဿလင်ပင်
Koeh-146-no text.jpg
Zingiber officinale rhizome
သိပ္ပံနည်းကျ အမျိုးအစားခွဲခြင်း
လောက: Plantae
(unranked): Angiosperms
(unranked): Monocots
(unranked): Commelinids
မျိုးစဉ်: Zingiberales
မျိုးရင်း: Zingiberaceae
မျိုးစု: Zingiber
Boehm.
Species

Zingiber officinale
Zingiber spectabilis
Zingiber petiolatum
Zingiber zerumbet
Zingiber purpureum
Zingiber mioga
Zingiber malaysianum
Zingiber cassumunar


မိဿလင်ပင်[ပြင်​ဆင်​ရန်​]

မိဿလင်ပင်သည် ချင်းစိမ်းပတဲကောကြီးပတဲကောလေးနနွင်းတို့ကိုနှင့်အတူ ဇင်ဂျီဗာရေးစီအီး မျိုးရင်းတွင်ပါဝင်၍ ယင်း၏ ရုက္ခဗေအမည်မှာ ဇင်ဂျီဗာ ဗာဗေတမ် ဖြစ်သည်။ မိဿလင်ပင်သည် အမြင့် ၃ ပေကျော်ခန့် ရှိ၍ ချင်းစိမ်းပင်ကဲ့သို့ ပင်စည်တစ်လျှောက် ရွက်လွှဲများ ရှိကြသည်။ အရွက်များသည် လှံစွပ်ပုံကဲ့သို့ ရှိ၍ အဖျားချွန်ပြီးလျှင် အလျား ၈ လက်မမှ ၉ လက်မခန့် ရှိသည်။

မိဿလင်ပင်

မိဿလင် အတက်များမှ အပင်ပေါက်ကြသည်။ မိဿလင် အတက်နှင့် ချင်းစိမ်း အတက်များသည် ခပ်ဆင်ဆင်တူသော်လည်း ယင်းတို့ကိုခွဲခြားနိုင်သည်။ မိဿလင်ပင်သည် ဆေးဖက်ဝင်သောကြောင့် မြန်မာအိမ်များ၌ စိုက်ပျိုးထားလေ့ရှိ ှိသည်။ စိုက်ပျိုးရာ၌ မိဿလင်ပင်သည် မြေနု၊ မြေပွကို နှစ်သက်သည်။ မြန်မာဆေးကျမ်းအလိုအားဖြင့် မိဿလင်သည် သွေးကို ကြေစေတတ်၏။ ဝမ်းကို လည်း ဖြောင့်စေ၏။ လေနှင့် သင့်၏။အကိုက်အခဲ၊ အကြောထုံးနာအတွက် မိဿလင်ဥကို ဆားနှင့်ရော၍ ကြိတ်ပြီး ကြပ်စည်းပေးလျှင် သက်သာ၏။ အိန္ဒိယ ဆေးကျမ်းအလိုအရ မိဿလင်သည် ပူသောကြောင့် ချောင်းဆိုး၊ ပန်းနာ၊ သန်ထခြင်း၊ ကုဋ္ဌနူနာနှင့် အခြားအရေပြားရောဂါများအတွက် ကောင်းသည်ဟု ဆိုသည်။မိဿလင်ပွင့်ကို မြန်မာအိမ်များ၌ ပြုတ်၍ တို့ကြသည်။ ဟင်းချို ဟင်း ခါးချက်၍လည်း သောက်သုံးကြသည်။ သုတ်၍လည်း စားကြသည်။[၁]

Wild Ginger (မိဿလင်)[ပြင်​ဆင်​ရန်​]

  • Botany Term : Zingiber consumunar Roxb
  • Species/Family : Zingiberaceae


ပုံသဏ္ဌာန် : အပင် အမြဲစိမ်း နှစ်ကြာခံ ပင်ငယ်မျိုး ဖြစ်သည်။ အမြင့် ၄ ပေ မှ ၆ ပေ ထိ ရှိသည်။ရွက်ယောင် ပင်စည် ဖြစ်သည်။ အနံ့ အနည်းငယ် ရှိ၏။ အရွက် ရွက်လွှဲ ထွက်၏။ ချင်းရွက် ကဲ့သို့ ရှည်မျောမျော လှံစွပ်ပုံ ရှိ၏။ ရွက်ညှာအိမ် သည် ပင်စည်ကို ကုပ်ပတ်ထား ၏။ ရွက်ရင်းသွယ် ၍ ရွက်ထိပ် ချွန်၏။ ရွက်လယ်ကြော ထင်ရှားသည်။ ရွက်ပြား ပါ၍ ပျော့ပျောင်း ချောမွေ့ ပြီး ရွက်နား ညီသည်။ အပွင့် ညိုဝါရောင် ရှိသည်။ ပွင့်တံ နီ၏။ ပင်ခြေရင်း မှ ပွင့်ပြီး ချင်းပွင့်နှင့် တူသည်။ အသီး သေးငယ်သည်။ လုံးဝိုင်းသော ပုံသဏ္ဌာန် ရှိသည်။ အမြစ် ညိုဝါရောင် ရှိပြီး အသား ထူသည်။ မြစ်မြွှာ များ ဖြာထွက်၏။ အသုံးပြုနိုင်သည့် အစိတ်အပိုင်းများ : ပဉ္စငါးပါး။ မြန်မာနိုင်ငံတွင် တွေ့နိုင်သောနေရာများ : မြန်မာ နိုင်ငံ နေရာ အနှံ့ အပြား အထူး သဖြင့် မြန်မာ နိုင်ငံ မြောက်ပိုင်း တွင် ပေါက်ရောက် သည်။ ပေါက်ရောက်ပုံ သဘာ၀ အလျောက် ပေါက်ရောက် သည်။ အသုံးဝင်ပုံ : အာနိသင် မြန်မာ ဆေးကျမ်း များအလို အရ မိဿလင် သည် စပ်သော အရသာ ရှိ၏။ သွေးကို ကြေစေ၏။ ဝမ်းဗိုက် ကို ဖြောင့်စေ၏။ ဆီးများစေ၍ လေကို သက်စေသည်။ အသုံးပြုပုံ- ပဉ္စငါးပါး ၁။ ချောင်းဆိုး၊ ပန်းနာ၊ သန်ချဆေး၊ အနာကြီး နှင့် အရေပြား ရောဂါ ပျောက်ဆေး အဖြစ် ဖော်စပ် အသုံးပြု၏။ ၂။မိဿလင် ကို အရည်ညှစ် ၍ ဆားအနည်းငယ် ထည့်သောက် သော် မီးယပ် ချုပ်ခြင်း ပျောက်၏။ ၃။မိဿလင် ကို အရည်ညှစ် ၍ ငရုတ်ကောင်း မှုန့် ထည့်လိမ်း သော် တစ်ကိုယ်လုံး သို့မဟုတ် ကိုယ်အင်္ဂါ အစိတ်အပိုင်း များတွင် အအေးပပ်ခြင်း၊ ကိုက်ခဲ နာကျင်ခြင်း၊ လေမလျှောက် ၍ လေးလံ ထိုင်းမှိုင်း ခြင်းတို့ကို ပျောက်ကင်း စေ၏။ ၄။မိဿလင် ကို ရေသင့်ရုံ နှင့် ကျို၍ သောက်သော် ပင်လယ် အူလျှောက်နာ ဖြစ်ခြင်း၊ ဝမ်းဗိုက် ထိုးအောင့်၍ ဝမ်းသွားခြင်း များ ပျောက်၏။ ၅။မိဿလင် ကို နံနံစေ့ နှင့် ရေထည့် ကျိုပြီး တစ်ဝက်မျှ အကျန်တွင် တစ်ခွက်စာ ကြွေဇွန်းကြီး ၂ ဇွန်းမျှ သောက်သော် ဝမ်းလျှော ရောဂါ ပျောက်ကင်း၏။ ၆။မိဿလင် အစိုကို ထုခြေ၍ အိုးသစ်တွင် ထည့်ကာ ပေါင်းတိုက်ရေ ယူပြီး နံနက်ည ကြွေဇွန်းကြီး ၂ ဇွန်းကျ မှန်မှန် သောက်က အတွင်း လိပ်ခေါင်း ပျောက်ကင်း စေနိုင်၏။ ၇။မြွေကိုက်သော် ၄င်းအရည်ကို မကြာခဏ တိုက်ပေး၍ ကိုက်သော ဒဏ်ရာကို လိမ်းပေးရ၏။ ၈။ ထိခိုက် ဒဏ်ရာ နှင့် အကိုက်အခဲ အကြော ထုံးနာ တို့အတွက် မိဿလင်ဥ ကို ကြိတ်၍ ကြပ်စည်း ရ၏။ ၉။ အသက်ကြီး သောသူ များတွင် ဖြစ်ပေါ် တတ်သည့် ဒူးခေါင်း ရောင်ခြင်း၊ အဆစ် အမျက် ရောင်ခြင်း၊ ခြေမျက်စိ ရောင်ခြင်း များအတွက် မိဿလင် မြစ်ဥ ကို ထုထောင်း ၍ ကြပ်စည်း ပေးလျှင် ပျောက်၏။ [၂]

ကိုးကား[ပြင်​ဆင်​ရန်​]

  1. မြန်မာ့စွယ်စုံကျမ်း၊ အတွဲ(၉)
  2. http://arogyamonline.com/commodity/materials/?raw=145