မိုးဝေ
မိုးဝေ (၁၉၂၇-၁၉၆၇) သည် မြန်မာလူမျိုး စာရေးဆရာ ဖြစ်သည်။
ငယ်ဘဝ
[ပြင်ဆင်ရန်]ကျုံမငေးမြို့နယ်၊ ကံဘဲ့ကျေးရွာ၌ မြို့အုပ် ဦးအုန်းမောင်၊ ဝမ်းဆွဲဆရာမ ဒေါ်မကြီးတို့က ၁၉၂ရခု၊ ဇူလိုင်လ(၁၈) ရက်နေ့တွင် မွေးဖွားခဲ့သည်။ သား(၂)ယောက်တွင် အကြီးဖြစ်ပြီး ငယ်နာမည် ကံကြီးမောင်၊ အမည်ရင်း ဦးခင်မောင်ကြီးဖြစ်သည်။
ပညာရေး
[ပြင်ဆင်ရန်]ဒုတိယကမ္ဘာစစ်မဖြစ်မီက ရန်ကုန်ဆရာအတတ်သင်လေ့ကျင့်ရေးကျောင်းတွင် (၈)တန်း အထိ ပညာသင်ယူခဲ့သည်။ ၁၉၄၅ ခုနှစ်တွင် တက္ကသိုလ်ဝင်စာမေးပွဲအောင်ပြီး ရန်ကုန်တက္ကသိုလ်ဆက်တက်၍ ဥပစာတန်းထိနေခဲ့သည်။
စာပေလောက
[ပြင်ဆင်ရန်]၁၉၄၆ - အသက်(၁၉)နှစ်အရွယ်တွင် စာပေနယ်သို့ဝင်ခဲ့သည်။ "တင်မောင်ဆွေ"ဇာတ်ကောင်ကို ပထမဦးဆုံး မွေးဖွားသည်။ ဝတ္ထုတိုမှာ သွေးသောက်မဂ္ဂဇင်းပါ "မျက်ရည်တစ်စက်" ဝတ္ထုတိုဖြစ်သည်။ မိုးဝေအမည်ဖြင့် ပထမဆုံးလုံးချင်းဝတ္ထုမှာ "သိန်းလေးဆယ်" ဖြစ်သည်။ မိုးဝေ၊ ခင်မောင်ကြီး၊ ဗိုလ်သိန်းတန်၊ သက်မော်၊ နီလေးမောင်၊ ပါမောက္ခဦးသွင် ကလောင်အမည်များဖြင့်ဝတ္ထု၊ ဘာသာပြန်ပညာပေးကျမ်းစာအုပ်များ၊အားလုံးအမျိုးပေါင်း(၃၀၀)ကျော် ပြုစုခဲ့သည်။ မဂ္ဂဇင်းများတွင် ပုဒ်ရေ (၆၀၀) ကျော် ရေးသားခဲ့သည်။
၁၉၅၁ ခုနှစ် မတ်လမှ စတင်ထုတ်ဝေသော "စုံထောက်မဂ္ဂဇင်း"တွင် စာတည်းချုပ်အဖြစ်တာဝန်ယူခဲ့သည်မှာ ကွယ်လွန်သည်ထိဖြစ်သည်။ လျှို့ဝှက်သည်းဖိုမဂ္ဂဇင်း အယ်ဒီတာချုပ်အဖြစ်လည်း ဆောင်ရွက်ခဲ့သည်။ စာပေလှုပ်ရှားမှုနှင့် ငြိမ်းချမ်းရေးလှုပ်ရှားမှုများတွင်ပါဝင်ခဲ့သည်။
မိုးဝေသည် "ခင်မောင်ကြီး" အမည်ဖြင့်လည်း ခေတ်ပြင်အဘိဓာန်နှင့် ဂျူဒိုလက်ဝှေ့စာအုပ်များရေးသားခဲ့သည်။
ဘဝနိဂုံး
[ပြင်ဆင်ရန်]၁၉၆၇ ခုနှစ်၊ ဩဂုတ်လ (၁၅) ရက်နေ့တွင် ကွယ်လွန်သည်။ ကွယ်လွန်ချိန်တွင် အသက်(၄၀)သာ ရှိသေးသည်။ ဇနီး ဒေါ်ညွန့်နှင့် သမီး(၁)ယောက် ကျန်ရစ်သည်။
ထင်ရှားသောစာအုပ်အချို့
[ပြင်ဆင်ရန်]- ခေါမဂန္ထဝင်
- ကပ္ပတိန်ဘလဒ်
- ခေတ်ပြင်အဘိဓာန်
- သစ်ဦးသဇင်
ကိုယ်တိုင်ရေး ဝတ္ထု
[ပြင်ဆင်ရန်]ခေါင်းစဉ် | ထုတ်ဝေနှစ် | ထုတ်ဝေသူ | မှတ်ချက် |
---|---|---|---|
တင်မောင်ဆွေနှင့် ပျောက်ဆုံးနေသောသား | |||
တင်မောင်ဆွေနှင့် ပဒေသရာဇ်ရန်စွယ် | |||
တင်မောင်ဆွေနှင့် ရူပါရုံရှင် လူသတ်မှု | |||
တင်မောင်ဆွေနှင့် အမှောင်ငွေ့ | |||
တင်မောင်ဆွေနှင့် နဂါးလက်သည်း | |||
တင်မောင်ဆွေနှင့် ကြာမူရှင် | |||
တင်မောင်ဆွေနှင့် ကေသီမြိုင် | |||
တင်မောင်ဆွေနှင့် လူသတ်ဆရာဝန် | |||
မုန်းရော့လား မောင်ရယ် | |||
ကောလစ်နှင့် မြန်မာပြည် | ခင်မောင်ကြီး ကလောင်ဖြင့် | ||
လက္ခဏာကျမ်း | ပါမောက္ခ ဦးသွင် ကလောင်ဖြင့် | ||
နော်ထားမူ | ၁၉၅၂ | ||
လဲ့လဲ့ရောင်နီ | ၁၉၅၂ | ||
မောင့်သစ္စာရှင် | ၁၉၅၂ | ||
နိုင်သူ့မျက်ရည် | ၁၉၅၅ | ||
ဥပဒေမဲ့လူ | ၁၉၅၅ | ||
သွေးနှင့် သူဇာ | ၁၉၅၇ | ||
ကိုယ်တွေ့ တင်မောင်ဆွေ | ၁၉၅၉ | ||
တင်မောင်ဆွေနှင့် သုံးပွင့်ဆိုင် | ၁၉၅၉ | ||
တင်မောင်ဆွေနှင့် မန်ချူးရတနာ | ၁၉၅၉ | ||
တင်မောင်ဆွေနှင့် စုံထောက်မှုခင်း | ၁၉၅၉ | ||
ပြေးမလွတ် | ၁၉၅၉ | ||
လောကဓာတ်သိပ္ပံဝတ္ထုများ | ၁၉၅၉ | ||
ချစ်ရင် နှစ် | ၁၉၆၀ | ||
ငရဲမီးဂိုဏ်း | ၁၉၆၀ | ||
စိန်ဘုရင် | ၁၉၆၀ | ||
သိန်းထိုက်နီလာ | ၁၉၆၀ | ||
ရန်မျိုးအောင် | ၁၉၆၀ | ||
စုံထောက်ရန်ကင်း | ၁၉၆၀ | ||
ယုန်ထင်ကြောင်ထင် | ၁၉၆၀ | ||
ကူလှည့်ပါ တင်မောင်ဆွေ | ၁၉၆၁ | ||
စပယ်သင်းတော့ | ၁၉၆၁ | ||
ဉာဏ်နီဉာဏ်နက် | ၁၉၆၁ | ||
တင်မောင်ဆွေနှင့် ကေသုံးလုံးဂိုဏ်း | ၁၉၆၁ | ||
တင်မောင်ဆွေနှင့် စက်ဝိုင်းနီဂိုဏ်း | ၁၉၆၁ | ||
ပျောက်ဆုံးသွားသော သူဌေးသမီး | ၁၉၆၁ | ||
အမေ့အန္တရာယ် | ၁၉၆၁ | ||
လူသတ်ဆရာဝန် | ၁၉၆၁ | ||
ကျည်ဆန်လက်ဆောင် | ၁၉၆၁ | ||
နှင်းအပ်ပါသည် | ၁၉၆၁ | ||
မင်္ဂလာဦးလူသတ်မှု | ၁၉၆၁ | ||
မောင့်မေတ္တာရိပ် | ၁၉၆၁ | ||
မြတ်နိုးပါမောင် | ၁၉၆၁ | ||
သန့်သန့် မမုန်းစေချင် | ၁၉၆၁ | ||
မီးပွား | ၁၉၆၂ | ||
မေတ္တာခိုင်ခိုင် | ၁၉၆၂ | ||
ရက်ရက်စက်စက် | ၁၉၆၂ | ||
လူထောင်ချောက် | ၁၉၆၂ | ||
တင်မောင်ဆွေနှင့် အရိုင်းကညာ | ၁၉၆၂ | ||
တင်မောင်ဆွေနှင့် ညဒေဝီ | ၁၉၆၂ | ||
ကျိန်စာသင့် ကညာဖြူ | ၁၉၆၂ | ||
ကျားရန်စွယ် | ၁၉၆၂ | ||
တင်မောင်ဆွေနှင့် ကေသီမြိုင် | ၁၉၆၂ | ||
စိတ်ဓာတ်တိုက်ပွဲ | ၁၉၆၂ | ||
ခင်ခင် | ၁၉၆၂ | ||
ခေါင်းမြီးခြုံအန္တရာယ် | ၁၉၆၃ | ||
ချစ်ဦးသူသို့ ပေးစာများ | ၁၉၆၃ | ||
စကြာနီဂိုဏ်း | ၁၉၆၃ | ||
တင်မောင်ဆွေနှင့် ဖြောင့်သောအကောက် | ၁၉၆၃ | ||
ရတနာအမွေ | ၁၉၆၃ | ||
ဆောင်ကြာမြိုင် လူသတ်မှု | ၁၉၆၃ | ||
တစ်ကိုယ်တော် | ၁၉၆၃ | ||
သေမင်းနှင်းဆီ | ၁၉၆၃ | ||
မြလင်းယုန် | ၁၉၆၃ | ||
ကျွန်တော်နှင့် တင်မောင်ဆွေ | ၁၉၆၄ | ||
ကြေးစားလူသတ်သမား | ၁၉၆၄ | ||
ကြာမူရှင် | ၁၉၆၄ | ||
စိန်တစ်လုံးခင်မကြီး | ၁၉၆၄ | ||
ဓနရှင်စက်ကွင်း | ၁၉၆၄ | ||
ယူတူးပြဿနာ | ၁၉၆၄ | ||
လှကညာသတ်မှု | ၁၉၆၄ | ||
လူသတ်ကျည်ဆန် | ၁၉၆၄ | ||
သန်းခေါင်ယံ | ၁၉၆၄ | ||
စုံထောက်မောင်တင်နှင့် ဆယ်သိန်းအမွေ | ၁၉၆၅ | ||
စုံထောက်ရန်ကင်းနှင့် ဝံပုလွေဂိုဏ်း | ၁၉၆၅ | ||
ညမင်းသား | ၁၉၆၅ | ||
တင်မောင်ဆွေနှင့် ခေါင်းပုံဖြတ်ဂိုဏ်း | ၁၉၆၅ | ||
ငွေပိုက်ကွန် | ၁၉၆၅ | ||
ပဒေသရာဇ်ရန်စွယ် | ၁၉၆၅ | ||
မေ့ကတ္တီပါ | ၁၉၆၅ | ||
ရွှေတံတိုင်း | ၁၉၆၅ | ||
မြေအောက်ဘုရင် | ၁၉၆၅ | ||
ယမ်းငွေ့ | ၁၉၆၅ | ||
ဝေးဝေးပြေးပါသော်လည်း | ၁၉၆၅ | ||
သည်တံခါး | ၁၉၆၅ | ||
အပြာမယ့်လမ်းကြောင်း | ၁၉၆၅ | ||
ဥပဒေအတွင်းမှ ရုန်းထွက်မရသော မရီသွင် | ၁၉၆၅ | ||
ရွှေနဲ့မြ | ၁၉၆၆ | ||
မြေအောက်သဘင် | ၁၉၆၆ | ||
ရတနာအမွှာနှင့် လင်နှစ်လင် | ၁၉၆၆ | ||
ယမ်းဘီးလူးနှင့် အသံရှင် | ၁၉၆၆ | ||
မျက်နှာဖုံးနှင့်လူ | ၁၉၆၆ | ||
ရှုထောင့် ဝတ္ထုတိုများ | ၁၉၆၆ | ||
ဇော်ဗလနှင့် စုံထောက်မောင်တင် | ၁၉၆၇ | ||
တင်မောင်ဆွေနှင့် ကပြားကလေးညိုပြာညက် | ၁၉၆၇ | ||
တင်မောင်ဆွေနှင့် ယမင်းကုဋေ | ၁၉၆၇ | ||
တင်မောင်ဆွေနှင့် စွန့်စားခန်းများ | ၁၉၆၇ | ||
ပစ်ကွင်း တင်မောင်ဆွေ | ၁၉၆၇ | ||
ကျားရာဇာ | ၁၉၆၈ | ||
တင်မောင်ဆွေနှင့် ငွေအမှောင် | ၁၉၆၈ | ||
တင်မောင်ဆွေနှင့် စိန်တစ်လုံး | ၁၉၆၈ | ||
တင်မောင်ဆွေနှင့် သူပုန်ပါမောက္ခ | ၁၉၆၈ | ||
တင်မောင်ဆွေ ဝတ္ထုတိုပေါင်းချုပ် (၁) | ၁၉၆၉ | ||
တင်မောင်ဆွေ ဝတ္ထုတိုပေါင်းချုပ် (၂) | ၁၉၆၉ | ||
တင်မောင်ဆွေနှင့် အန္တရာယ်တာဝန် | ၁၉၆၉ | ||
တင်မောင်ဆွေနှင့် မမမင်းသမီး | ၁၉၇၀ | ||
တင်မောင်ဆွေ ဝတ္ထုတိုပေါင်းချုပ် (၃) | ၁၉၇၀ | ||
ဩဇာရှင်ကြီး | ၁၉၇၀ | ||
မှန်ကြီးရန်စွယ်နှင့် ဆယ်သိန်းအမွေ | ၁၉၇၁ | ||
မိုက်မိုက်ကန်းကန်း တင်မောင်ဆွေ | ၁၉၇၁ | ||
တင်မောင်ဆွေနှင့် ဘာဘာညာညာ | ၁၉၇၂ | ||
တင်မောင်ဆွေနှင့် ထို (၁၁) ယောက် | ၁၉၇၃ |
ဘာသာပြန် ဝတ္ထု
[ပြင်ဆင်ရန်]ခေါင်းစဉ် | ထုတ်ဝေနှစ် | မူရင်း ခေါင်းစဉ် | မူရင်းရေးသူ | ထုတ်ဝေသူ | မှတ်ချက် |
---|---|---|---|---|---|
အပယ်ခံသား | ၁၉၆၆ | ||||
တစ်ဖက်စွန်းကမ္ဘာ | ၁၉၅၉ | ||||
သူလျှိုမယ် | ၁၉၆၆ | ||||
အိုလီဗာတွစ် | ၁၉၅၂ | Oliver Twist | ချားလ် ဒစ်ကင် | ||
ကိုယ့်မြေကိုယ့်ယာ | ၁၉၆၀ | ||||
တိုးတိုးပုံပြင် | ၁၉၆၈ | ||||
ပါတီဝင် | ၁၉၆၀ | ||||
သားရေမျက်နှာ | ၁၉၇၂ | ||||
ဂါလီဗာ၏ ခရီးစဉ်များ | ၁၉၆၂ | Gulliver's Travels | Jonathan Swift | ||
စိမ်းလဲ့မြေလွှာ | |||||
ပင်လယ်ဝံပုလွေ | Sea Wolf | ||||
အစွယ်ဖြူ | White Fang | ||||
ဒီကင်မရွန်း | The Decameron | Giovanni Boccaccio | ခင်မောင်ကြီး ကလောင်ဖြင့် |