မိုဟန် ဘမ်း

ဝီကီပီးဒီးယား မှ
မိုဟန် ဘမ်း
Mohan Bam
ကိုယ်ရေးအချက်အလက်
အမည်ပြောင်(များ)မိုဟန် ဂျူဒို Mohan Judo
နိုင်ငံသားနီပေါလူမျိုး
မွေးဖွား (1991-06-12) ၁၂ ဇွန်၊ ၁၉၉၁ (အသက် ၃၂)
ကိုင်လာလီ၊ နီပေါ[၁]
အရပ်၁.၆၀ m (၅ ft ၃ in)
ကိုယ်အလေးချိန်၆၀ kg (၁၃၂ lb)
ဝဘ်ဆိုဒ်www.mohanjudo.com
အားကစား
နိုင်ငံနီပေါ
အားကစားဂျူဒို
ပြိုင်ပွဲစဉ်(များ)၆၀ ကီလို
အောင်မြင်မှုများနှင့် တံဆိပ်များ
နိုင်ငံအဆင့် ဗိုလ်လုပွဲများGold Medal - Australian National Championships 2018 (Nage no Kata) 5th consecutive year

မိုဟန် ဘမ်း (मोहनबम, ၁၂ ဇွန် ၁၉၉၁ ဖွား)သည် ၃၉ ကြိမ်မြောက် ဩစတြေးလျ ဂျူဒိုချန်ပီယံရှစ်တွင် ရွှေတံဆိပ်ရသည့် နီပေါ ဂျူဒိုခ တဦး ဖြစ်ပြီး၊ ယင်းပြိုင်ပွဲမှာ ပထမဆုံး တောင်အာရှ ဆမ်ဘို ချန်ပီယံရှစ်နှင့် အိုးရှင်း ဂျူဒိုသမဂ္ဂ ခတ ချန်ပီယံရှစ်လည်း ဖြစ်သည်။[၂] ၂၀၁၄ ဩဂုတ် ၈-၁၀ တွင် ဩစတြေးလျ ဂျူဒိုအဖွဲ့ချုပ်က ကြီးမှူးသော တောင်ပိုင်းခရော့စ် နိုင်ငံတကာ အိုးပင်း ဂျူဒိုချန်ပီယံရှစ်တွင် ကြေးတံဆိပ် ရရှိခဲ့သည်။[၃]

၂၀၁၈ တွင် မိုဟန်သည် ဟို့ဟော့ ဂရင်းပရစ် (တရုတ်)ကို ဝင်ပြိုင်သည်။ ဩစတြေးလျသို့ အချိန်မီ ပြန်ပြီး၊ ကွင်းစလန်ပြည်နယ်၊ ရွှေကမ်းရိုးတန်း (Gold Coast)တွင် ကျင်းပသည့် ဩစတြေးလျ နိုင်ငံတော်အဆင့် ချန်ပီယံရှစ်၌ ဝင်ပြိုင်ရာ၊ နငဲ နော့ ခတ ပွဲစဉ်တွင် တွဲဖက် အက်ဒမန်း ယွင်နှင့်အတူ ရွှေတံဆိပ်ကို ဆက်တိုက်ငါးကြိမ်မြောက် ရရှိသည်။

မိုဟန်ဘမ်းသည် ၂၀၁၈ နှင့် ၂၀၁၉ နှစ်တို့ကို အိုလံပစ် ကမ္ဘာ့ ဂျူဒိုပြိုင်ပွဲများ ဝင်ပြိုင်ရင်း၊ ကမ္ဘာ့ချန်ပီယံရှစ် ဘကုပွဲစဉ်တွင် ဝင်ပြိုင်ရင်း၊ ဘူဒါပက်စ် ဂရင်းဆလမ်၊ ဇာဂရက် ဂရင်းပရစ်နှင့် တိုကျို ကမ္ဘာ့ချန်ပီယံရှစ်တွင် တက်ရောက်ရင်းဖြင့်သာ အချိန်ကုန်သွားသည်။

၂၀၁၉ တွက် ဘမ်းသည် ဂျူဒို ကမ္ဘာ့ခရီးစဉ် (Judo World Tour) တွင် ဖြစ်မြောက်ရေးမှူး တာဝန်ယူပြီး၊ ပြင်သစ်နှင့် အိုင်ယာလန်မှ ဂျူဒိုခများ အုပ်စုသည် အသိပညာနှင့် စွမ်းရည် ဖလှယ်ရန်အလို့ငှာ နီပေါသို့ ခရီးထွက်လာကြသည်။

ဘမ်းသည် ဩစတြေးလျ၊ ကင်ဘာရာရှိ ဟီးလ်စ် အားကစားအကယ်ဒမီကျောင်းဝယ် အိုလံပစ်သမား မတ် ဒီအကွီနိုနှင့်အတူ သိုင်းကွက်နည်းနာ ၁၂၇ ကွက်ကိုလည်း သရုပ်ပြပေးခဲ့သည်။

ကိုးကား[ပြင်ဆင်ရန်]

  1. The unsung hero။ August 24, 2014 တွင် မူရင်းအား မော်ကွန်းတင်ပြီး။ September 9, 2014 တွင် ပြန်စစ်ပြီး။
  2. Mohan Bam claims his 2nd international gold in AustraliaMyrepublica.com။ 3 March 2016 တွင် မူရင်းအား မော်ကွန်းတင်ပြီး။ 2015-09-20 တွင် ပြန်စစ်ပြီး။
  3. 2014 Southern Cross International Open : 60kg။ 30 July 2021 တွင် မူရင်းအား မော်ကွန်းတင်ပြီး။ 2015-09-20 တွင် ပြန်စစ်ပြီး။