မိုနိုထရင်းမ်

ဝီကီပီးဒီးယား မှ
မိုနိုထရင်းမ် (Monotremes[၁])
Temporal range: Early Cretaceous–Recent
ရှင်သန်ဆဲ မိုနိုထရင်းမ် မျိုးစိတ် ငါးမျိုးမှ လေးမျိုး: ဘဲတူဖျံတူကောင် (ဝဲအပေါ်), short-beaked echidna (ယာအပေါ်), western long-beaked echidna (ဝဲအောက်), eastern long-beaked echidna (ယာအောက်)
မျိုးရိုးခွဲခြားခြင်း ပြင်ဆင်
လောက: Animalia
မျိုးပေါင်းစု: Chordata
မျိုးပေါင်း: Mammalia
Infraclass: Australosphenida
မျိုးစဉ်: Monotremata
C.L. Bonaparte, 1837[၂]
အုပ်စုခွဲများ
ဘဲတူဖျံတူ သည် လူသိအများဆုံး မိုနိုထရင်းမ် ဖြစ်သည်။

မိုနိုထရင်းမ် (Monotremes) သည် နို့တိုက်သတ္တဝါများထဲမှ ဒွါရတစ်ပေါက်သာပါသော မျိုးရိုးတူ တိရစ္ဆာန်များအား စုဖွဲ့ထားသော မျိုးစဉ်အဆင့်ရှိအုပ်စုဖြစ်ပြီး ၎င်းမျိုးစဉ်အား ပါဏဗေဒအလိုအရ မိုနိုထရီမေတ္တာ ဟုခေါ်လေသည်။ မိုနိုထရင်းမ်အုပ်စုသည် နို့တိုက်သတ္တဝါအုပ်စုများထဲတွင် ဥသည့် တစ်ခုတည်းသော နို့တိုက်သတ္တဝါအုပ်စုလည်း ဖြစ်လေသည်။ ထိုသို့ ဥ ဥ၍ သားပေါက်လေးများပေါက်ဖွားကြသော်လည်း အကောင်ပေါက်လေးများကို နို့ချိုတိုက်ကျွေးနိုင်သည့် နို့ ဂလင်းများလည်း ပါရှိကြ၏။

'မိုနိုထရင်းမ် (monotreme)' ဟူသော စကားလုံးသည် ၎င်းတို့၏ ဘုံဒွါရပေါက်ကို ရည်ညွှန်းသော စကားလုံးဖြစ်သည်။ ကုန်းနေရေနေ သတ္တဝါများ၊ တွားသွားသတ္တဝါများ၊ ငှက်များနှင့် ဖြစ်နိုင်ခြေရှိသော အစောပိုင်းကာလများမှ ခြေလေးချောင်း သတ္တဝါများအားလုံးတွင် ဆီး၊ မစင်စွန့်ခြင်းနှင့် မျိုးပွားခြင်းတို့အတွက် ဘုံ ဒွါရ တစ်ပေါက်သာ ပါရှိကြသည်။

ဆင့်ကဲဖြစ်စဉ်[ပြင်ဆင်ရန်]

မိုနိုထရင်းမ်များသည် မာဆူးပီယယ်များနှင့် ယူသီရီးယန်းများထက် ပို၍ရှေးကျသော နို့တိုက်သတ္တဝါများမှ ဆင်းသက်လာသော်လည်း ၎င်းတို့၏ ရုပ်ကြွင်းများ တွေ့ရှိရမှုမှာ လွန်စွာနည်းပါးလေသည်။

မိုနိုထရင်းမ် မျိုးဆက်များသည် အခြားနို့တိုက်သတ္တဝါများနှင့် ဇီဝမျိုးကွဲပြားခဲ့သည့် အချိန်ကာလအတိအကျကို မသိရသော်လည်း မျိုးရိုးဗီဇဆိုင်ရာလေ့လာမှုစစ်တမ်းတစ်ခုအရ လွန်ခဲ့သော နှစ် သန်းပေါင်း ၂၂၀ ခန့်ကဖြစ်မည်ဟု ခန့်မှန်းထားသည်။[၅] နယူးဆောက်ဝေးပြည်နယ်ရှိ လျှပ်စီး ချောက်ကမ်းပါးတွင် နှစ်ပေါင်း သန်း ၁၁၀ သက်တမ်းရှိသော မေးရိုးအပိုင်းအစ ကျောက်ဖြစ်ရုပ်ကြွင်းများအား တွေ့ရှိထားပြီးဖြစ်လေရာ အဓိပ္ပါယ်မှာ ၎င်းတို့သည် Metatheria သို့မဟုတ် Eutheria မတိုင်မီ နှစ်သန်းပေါင်း ၁၀၀ ခန့်က စတင်ပေါ်ပေါက်လာခဲ့ခြင်းပင် ဖြစ်၏။ ထို့ကြောင့် ၎င်းတို့သည် 'သက်ရှိရုပ်ကြွင်းများ' ဖြစ်သည်မှာ အသေအချာပင်ဖြစ်သည်။

ရှင်သန်ကျန်ရစ်သူများ[ပြင်ဆင်ရန်]

ရှင်သန်ဆဲ မျိုးစိတ် ငါးမျိုးဖြင့် ရှင်သန်ကျန်ရစ်သော မိုနိုထရင်းမ် မျိုးရင်း နှစ်ခုရှိပြီး ၎င်းတို့အားလုံးအား ဩစတြေးလျ နှင့် နယူးဂီနီ တို့၌သာ တွေ့ရှိနိုင်ပါသည်။

မိုနိုထရင်းမ် မျိုးကွဲများ[ပြင်ဆင်ရန်]

  • မျိုးစဉ် Monotremata
    • မျိုးရင်း Ornithorhynchidae
    • မျိုးရင်း Tachyglossidae : Echidnas
      • မျိုးစု Tchyglossus
        • နှုတ်သီးတို Echidna ၊ Tachyglossus aculeatus
      • မျိုးစု Zaglossus - နှုတ်သီးရှည် Echidnas
        • အနောက်ပိုင်း နှုတ်သီးရှည် Echidna ၊ Zaglossus bruijni
        • ဆာဒေးဗစ်၏ နှုတ်သီးရှည် Echidna ၊ Zaglossus attenboroughi
        • အရှေ့ပိုင်း နှုတ်သီးရှည် Echidna ၊ Zaglossus bartoni

ကိုးကား[ပြင်ဆင်ရန်]

  1. Groves၊ C.P. (2005)။ Wilson၊ D.E.; Reeder၊ D.M. (eds.)။ ကမ္ဘာပေါ်တွင်ရှိသော နို့တိုက်သတ္တဝါမျိုးစိတ်များ: မျိုးရိုးခွဲခြားခြင်းနှင့် ပထဝီမြေမျက်နှာပြင်ဆိုင်ရာ ရည်ညွှန်းကျမ်း (တတိယအကြိမ် ed.)။ Baltimore: ဂျွန်ဟော့ကင်းတက္ကသိုလ် ပုံနှိပ်တိုက်။ pp. 1–2။ OCLC 62265494ISBN 0-801-88221-4
  2. "A New Systematic Arrangement of Vertebrated Animals" (1837). Transactions of the Linnean Society of London 18 (3). doi:10.1111/j.1095-8339.1838.tb00177.x. 
  3. Thomas H. Rich; Timothy F. Flannery; Patricia Vickers-Rich (2020)။ "Evidence for a remarkably large toothed-monotreme from the Early Cretaceous of Lightning Ridge, NSW, Australia"။ in Guntupalli V.R. Prasad; Rajeev Patnaik (eds.)။ Biological consequences of plate tectonics. New perspectives on post-Gondwana break-up–A tribute to Ashok Sahni။ Vertebrate Paleobiology and Paleoanthropology။ Springer။ pp. 77–81။ doi:10.1007/978-3-030-49753-8_4ISBN 978-3-030-49752-1
  4. "Multiple hypotheses about two mammalian upper dentitions from the Early Cretaceous of Australia" (2020). Alcheringa: An Australasian Journal of Palaeontology 44 (4): 528–536. doi:10.1080/03115518.2020.1829042. 
  5. http://timetree.org/pdf/Madsen2009Chap68.pdf