မာဆူးပီးယယ်

ဝီကီပီးဒီးယား မှ
မာဆူးပီးယယ်
(အင်္ဂလိပ်: Marsupial)
ဝဲဘက်မှ နာရီလက်တံအတိုင်း။ ။ အရှေ့ဘက်ဒေသ မီးခိုးရောင် သားပိုက်ကောင်, ဗာဂျီနီးယား အိုပေါ့ဆမ်, နှာတံရှည် ဘန်ဒီကု, မွန္နီတိုဒဲမွန်တယ် and တက်စ်မေးနီးယား နတ်ဆိုး၊ Diprotodontia ၊ Didelphimorphia ၊ Peramelemorphia ၊ Microbiotheria နှင့် Dasyuromorphia မျိုးစဉ် တစ်ခုစီမှ တိရစ္ဆာန်များဖြစ်သည်။
မျိုးရိုးခွဲခြားခြင်း ပြင်ဆင်
လောက: Animalia
မျိုးပေါင်းစု: Chordata
မျိုးပေါင်း: Mammalia
Clade: Metatheria
Infraclass: Marsupialia
Illiger, 1811
မျိုးစဉ်
လက်ရှိကာလတွင် မာဆူးပီးယယ်များအား တွေ့ရှိရသော ဒေသများ (အပြာရောင်။ ။ နယူးဇီလန်သို့ မိတ်ဆက်ရောက်ရှိနေသည့် အခြေအနေမပါဝင်ပါ။)

အချင်းမပါဘဲ​ သားဖွားသော နို့တိုက်သတ္တဝါ သားပိုက်ကောင်၊​ ကွားလားကောင် တို့ကို မာဆူးပီးယယ် (အင်္ဂလိပ်: Marsupial) ဟု ခေါ်ကြသည်။​ မွေးကာစ သားပေါက်ငယ်ကို မိခင်၏ ဝမ်းနှင့် တစ်ဆက်တည်းရှိသော အိတ်ငယ်အတွင်း နေထိုင်စေသည်။​ မွေးကာစ သားပေါက်ငယ်သည် အမွေးမရှိ၊ ကိုယ်အင်္ဂါစုံ မဖွံ့ဖြိုးသေးဘဲ သားပိုက်အိတ်အတွင်းမှ မိခင်နို့ရည်ကို သုံးဆောင်ပြီး ဆက်လက်ကြီးထွားရသည်။ အချင်းမရှိသောကြောင့် မိခင်လောင်းသည် သန္ဓေသားကို မြန်ဆန်ပေါ့ပါးစွာမွေးဖွားနိုင်သည်။ မွေးဖွားပြီးသား ကလေးငယ်ကို သွားလေရာခေါ်ဆောင်နိုင်သောကြောင့် သဘာဝဘေးနှင့် အခြားသတ္တဝါများ၏ အန္တရာယ်မှာ ကောင်းစွာကာကွယ်ပေးနိုင်သည်။​ သားပေါက်ငယ်သည်လည်း မိခင်ဝမ်းအိတ်ထဲမှ နေ၍​ အပြင်လောကကို လေ့လာစူးစမ်းရင်း ဆက်လက်ဖွံ့ဖြိုးခွင့်ရသည်။

မာဆူးပီးယယ် (Marsupial) ဆိုသည်မှာ သားပိုက်အိတ်၏ သိပ္ပံအခေါ် (Marsupium) မှ ဆင်းသက်လာချင်း ဖြစ်သည်။ မြန်မာအခေါ်ဖြင့် သားပိုက်ကောင် ဟု အသိများသော ကန်ဂရူး (Kangaroo) များသည် အကောင် အကြီးဆုံး သားပိုက်ကောင်အမျိုးအစားဖြစ်ပြီး ဩစတြေးလျတိုက်တွင် နေထိုင်ကြသည်။​ အခြား သားပိုက်ကောင် အမျိုးအစားများမှာ ကွားလားကောင် နှင့် မြန်မာအမည် မရှိသေးသော ဝါလာဘီ (wallabies) ၊ ပိုဆမ် (possums) ၊ အိုပိုဆမ် (opossums) ၊ ဝမ်ဘက် (wombats) နှင့် တက်စမေးနီးယမ်း နတ်ဆိုး (Tasmanian devils) ကောင်များ ဖြစ်သည်။​

ကိုးကား[ပြင်ဆင်ရန်]

  1. Young၊ Emma။ Earliest known marsupial unearthed in China (in en-US)။ 2021-07-03 တွင် ပြန်စစ်ပြီး။