မိမိမော်

ဝီကီပီးဒီးယား မှ
မိမိမော်
မကွေးတိုင်းဒေသကြီးတရားလွှတ်တော်တရားသူကြီးချုပ်
တာဝန်ထမ်းဆောင်ဆဲ
တာဝန် စတင်
၁၀ အောက်တိုဘာ ၂၀၂၃
ခန့်အပ်သူနိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ
သမ္မတ
ဝန်ကြီးချုပ်ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်
ယခင်လူဦးမြင့်သိန်း
မကွေးတိုင်းဒေသကြီးတရားလွှတ်တော် တရားသူကြီး
တာဝန်သက်တမ်း
၈ နိုဝင်ဘာလ ၂၀၂၁ – ၁၀ အောက်တိုဘာ ၂၀၂၃
ခန့်အပ်သူနိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ
သမ္မတ
ဝန်ကြီးချုပ်ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်
ကိုယ်ရေး အချက်အလက်များ
မွေးဖွား၁၉၆၂
မြန်မာနိုင်ငံ
လူမျိုးမြန်မာ
ပညာရေးရန်ကုန်တက္ကသိုလ်
အလုပ်အကိုင်တရားသူကြီး

ဒေါ်မိမိမော် (၁၉၆၂ ဖွား)သည် မြန်မာတရားသူကြီးတစ်ဦး ဖြစ်သည်။သူသည် လက်ရှိတွင် မကွေးတိုင်းဒေသကြီးတရားလွှတ်တော် ၏ တရားသူကြီးချုပ် တာဝန်ကို ထမ်းဆောင်နေကာ ထိုတာဝန်ကို ၂၀၂၃ ခုနှစ် အောက်တိုဘာလ ၁၀ရက်တွင် ပေးအပ်ခံရသည်။[၁] ယင်းမတိုင်မီ ခရိုင်တရားသူကြီးတာဝန်၊မွန်ပြည်နယ်တရားရေးဦးစီးမှူး တာဝန်များထမ်းဆောင်ခဲ့သည်။

ပညာရေး[ပြင်ဆင်ရန်]

ရန်ကုန်တက္ကသိုလ်မှ ဥပဒေဘွဲ့ကို ၁၉၈၄ ခုနှစ် တွင် ရရှိခဲ့သည်။ [၂]

ဝန်ထမ်းဘဝ[ပြင်ဆင်ရန်]

တရားသူကြီး ဒေါ်မိမိမော် သည် ၁၉၈၅ ခုနှစ် ကစပြီး တရားရေးဝန်ထမ်းအဆင့်(၄)အဖြစ် တရားရေးဌာန သို့ ရောက်ရှိလာပြီး အဆင့်ဆင့်ရာထူးတိုးမြှင့်ခံရကာ မွန်ပြည်နယ်တရားလွှတ်တော်တွင် ပြည်နယ်တရားရေး ဦးစီးမှူး အဆင့်အထိ တရားရေးဝန်ထမ်းလုပ်သက် (၃၆) နှစ်တိတိတာဝန် ထမ်းဆောင်ခဲ့သည်။ထိုကာလများအတွင်း သူသည် ရွှေဘိုခရိုင်တရားရုံး၊ ဖျာပုံခရိုင်တရားရုံး၊ မော်လမြိုင်ခရိုင်တရားရုံးတို့တွင် ခရိုင်တရားသူကြီး အဖြစ်ပါ တာဝန်ထမ်းသည်။[၃]

တရားလွှတ်တော်တရားသူကြီးဘဝ[ပြင်ဆင်ရန်]

မကွေးတိုင်းဒေသကြီးတရားလွှတ်တော်၊ တိုင်းဒေသကြီး တရားလွှတ်တော်တရားသူကြီးအဖြစ် ၂၀၂၁ ခုနှစ်၊ နိုဝင်ဘာလ ၈ရက်တွင် ခန့်အပ်တာဝန်ပေးအပ်ခြင်းခံရကာ[၄] ၂၀၂၃ အောက်တိုဘာ ၁၀ ရက်တွင် တိုင်းတရားလွှတ်တော်၏ တတိယမြောက် တရားသူကြီးချုပ် ဖြစ်လာခဲ့သည်။[၅]

မိသားစုဘဝ[ပြင်ဆင်ရန်]

၎င်းသည် အိမ်ထောင်ရှိသူတစ်ဦးဖြစ်သည်။

ကိုးကား[ပြင်ဆင်ရန်]

  1. မကွေးတိုင်းဒေသကြီးတရားလွှတ်တော်တရားသူကြီးချုပ်နှင့်တရားလွှတ်တော်တရားသူကြီးများမကွေးတိုင်းတရားလွှတ်တော် ၂၀၂၂ခုနှစ်တရားရုံးနှစ်စဉ်အစီရင်ခံစာ (၂၀၂၂)။ ၁၀ အောက်တိုဘာ ၂၀၂၃ တွင် ပြန်စစ်ပြီး။
  2. တရားလွှတ်တော်တရားသူကြီးများ၏ကိုယ်ရေးအကျဉ်းမကွေးတိုင်းဒေသကြီးတရားလွှတ်တော်ရုံး။ ၁၀ အောက်တိုဘာ ၂၀၂၃ တွင် ပြန်စစ်ပြီး။
  3. အကျဉ်းထောင်တွင်း ညှဉ်းပန်းနှိပ်စက်မှု ရှိ မရှိ ဧရာဝတီတိုင်းတရားသူကြီး စစ်ဆေးDVB (၁၁ ဩဂုတ် ၂၀၂၀)။ ၁၀ အောက်တိုဘာ ၂၀၂၃ တွင် ပြန်စစ်ပြီး။
  4. ပြည်ထောင်စုတရားလွှတ်တော်ချုပ်ရုံးနှင့် တိုင်းဒေသကြီး/ပြည်နယ်တရားလွှတ်တော် တရားသူကြီးချုပ်များ တိုင်းဒေသကြီး/ပြည်နယ်တရားရေးဦးစီးမှူးများ၏ (၂၅) ကြိမ်မြောက် လုပ်ငန်းညှိနှိုင်းအစည်းအဝေး ထပ်ဆင့်ရှင်းလင်းပွဲအခမ်းအနားကျင်းပMOI Myanmar (၃ စက်တင်ဘာ ၂၀၂၃)။ ၁၀ အောက်တိုဘာ ၂၀၂၃ တွင် ပြန်စစ်ပြီး။
  5. ကွေးတိုင်းဒေသကြီးတရားလွှတ်တော် တရားသူကြီးချုပ် ခန့်အပ်တာဝန်ပေးခြင်း ၊ အမိန့်အမှတ် ၉၇ / ၂၀၂၃MWD Webportal (၁၀ အောက်တိုဘာ ၂၀၂၃)။ ၁၀ အောက်တိုဘာ ၂၀၂၃ တွင် ပြန်စစ်ပြီး။