မာလင်း ဒိုင်းထရစ်ချ်
| မာလင်း ဒိုင်းထရစ်ချ် | |
|---|---|
မာလင်း ဒိုင်းထရစ်ချ် (၁၉၅၁) | |
| မွေးဖွား | Marie Magdalene Dietrich ၂၇ ဒီဇင်ဘာ၊ ၁၉၀၁ Schöneberg၊ Province of Brandenburg၊ ဂျာမန်အင်ပါယာ |
| ကွယ်လွန် | ၆ မေ၊ ၁၉၉၂ (အသက် ၉၀) ပါရီမြို့၊ ပြင်သစ်နိုင်ငံ |
| ထာဝရ နားခိုရာနေရာ | Städtischer Friedhof III, Berlin-Schöneberg |
| အလုပ်အကိုင် | သရုပ်ဆောင်/အဆိုတော် |
| တက်ကြွလှုပ်ရှားနှစ်များ | ၁၉၁၉-၁၉၈၄ |
| အိမ်ထောင်ဖက်(များ) | Rudolf Sieber (လက်ထပ်၊ ၁၉၂၃-၁၉၇၆၊ သူသေဆုံးသည်အထိ) |
| သားသမီး | Maria Riva, မွေးဖွား ၁၃ ဒီဇင်ဘာ၊ ၁၉၂၄ |
| ဆွေမျိုးသားချင်း | John Michael Riva (မြေး)၊ (၁၉၄၈-၂၀၁၂)[၁] Peter Riva (မြေး) |
| ဝက်ဘ်ဆိုဒ် | marlene.com |
မာလင်း ဒိုင်းထရစ်ချ် (အင်္ဂလိပ်: Marie Magdalene "Marlene" Dietrich; /mɑːrˈleɪnəˈdiːtrɪk/, ဂျာမန် အသံထွက်: [maɐˈleːnə ˈdiːtʁɪç]; ဒီဇင်ဘာ ၂၇ ၁၉၀၁ - မေလ ၆ ရက် ၁၉၉၂) သည် ဂျာမန် အမေရိကန် သရုပ်ဆောင်နှင့် အဆိုတော် တစ်ဦး ဖြစ်သည်။
ဒိုင်းထရစ်ချ်သည် နှစ်ကာလ ရှည်ကြာသော အနုပညာသက်တမ်း တလျှောက်လုံးတွင် သူမဘာသာ အလုပ်အကိုင် အားဖြင့် လည်းကောင်း၊ စရိုက်လက္ခဏာ အားဖြင့် လည်းကောင်း အမြဲတစေ ဆန်းသစ်နေခြင်းကြောင့် ထင်ရှားကျော်ကြားခဲ့သည်။ ဒါရိုက်တာ ဂျိုးဆက် ဗွန် စတန်းဘတ် ရိုက်ကူးသော အပြာရောင် နတ်သမီး (The Blue Angel) ဇာတ်ကားတွင် လိုလာ-လိုလာ အဖြစ် သရုပ်ဆောင်ခဲ့ခြင်းမှ စ၍ နိုင်ငံတကာတွင် အောင်မြင်ကျော်ကြားမှု ရရှိခဲ့ပြီး အမေရိကန် ပါရာမောင့် ရုပ်ရှင် ကုမ္ပဏီ နှင့် စာချုပ်ချုပ်ဆို နိုင်ခဲ့သည် အထိပင် ဖြစ်သည်။ ရှန်ဟိုင်း အိတ်စပရက်စ် ဇာတ်ကား နှင့် သူမ၏ ညှို့ယူနိုင်စွမ်းနှင့် ထူးခြားသော အကြည့်တို့ကို အသားပေး ရိုက်ကူးထားသော ဆန္ဒ (Desire) ဟူသော ဇာတ်ကားတို့မှ တဆင့် အောင်မြင်ကျော်ကြားသော သရုပ်ဆောင် တစ်ဦးဘဝသို့ တွန်းပို့ပေးခဲ့ပြီး ထိုအချိန်ကာလက သရုပ်ဆောင်ကြေး အများဆုံး မင်းသမီး တစ်ဦး အဖြစ် စံချိန် တင်နိုင်ခဲ့သည်။ ဒိုင်းထရစ်ချ်သည် ၁၉၃၉ ခုနှစ်တွင် အမေရိကန် နိုင်ငံသား အဖြစ် ခံယူခဲ့ပြီး ဒုတိယကမ္ဘာစစ် တစ်လျှောက်လုံးတွင် ရှေ့တန်း ဖျော်ဖြေသူ တစ်ဦး ဖြစ်ခဲ့သည်။ စစ်ပြီးခေတ်တွင် ရုပ်ရှင်များကို တစ်ခါတစ်လေ ရိုက်ကူးခဲ့သော်လည်း ၁၉၅၀ ပြည့်နှစ်များမှ ၁၉၇၀ ပြည့်နှစ်များအထိ ကမ္ဘာလှည့်၍ အောင်မြင်သော ဖျော်ဖြေသူ အချိန် ကုန်ခဲ့သည်။
၁၉၉၉ ခုနှစ်တွင် အမေရိကန် ရုပ်ရှင် အင်စတီကျုမှ ဒိုင်းထရစ်ချ်အား အချိန်တိုင်းတွင် နဝမမြောက် အကောင်းဆုံး သရုပ်ဆောင် အဖြစ် သတ်မှတ်ခဲ့သည်။
ကိုးကား
[ပြင်ဆင်ရန်]- ↑ ‘DJANGO UNCHAINED’ PRODUCTION DESIGNER J. MICHAEL RIVA DEAD AT 63။ ScreenCrush.com (8 June 2012)။ 10 June 2012 တွင် မူရင်းအား မော်ကွန်းတင်ပြီး။ 22 August 2015 တွင် ပြန်စစ်ပြီး။
ပြင်ပလင့်ခ်များ
[ပြင်ဆင်ရန်]
Wikimedia Commons ရှိ မာလင်း ဒိုင်းထရစ်ချ် နှင့်ပတ်သက်သော မီဒီယာများ- မာလင်း ဒိုင်းထရစ်ချ် စုစည်းမှုများ၊ ဘာလင် (MDCB) 12 February 2006 ၌ မော်ကွန်းပြန်ကြည့်စက်တွင် မော်ကွန်းတင်ပြီး .
- အမေရိကန် အမျိုးသမီး ရုပ်ရှင်သရုပ်ဆောင်များ
- အမေရိကန် အမျိုးသမီး အဆိုတော်များ
- ဂျာမန် အသံတိတ် ရုပ်ရှင်သရုပ်ဆောင်များ
- ၁၉၀၁ မွေးဖွားသူများ
- ၁၉၉၂ ကွယ်လွန်သူများ
- ဂျာမန် အမျိုးသမီး အဆိုတော်များ
- ဂျာမန် အမျိုးသမီး ရုပ်ရှင်သရုပ်ဆောင်များ
- ဂျာမန် ပြဇာတ်မင်းသမီးများ
- ဂျာမန်ဘာသာစကား အဆိုတော်များ
- ဒုတိယကမ္ဘာစစ်ကာလ အမျိုးသမီးများ
- ၂၀ ရာစု အမေရိကန် အမျိုးသမီး သရုပ်ဆောင်များ
- ၂၀ ရာစု ဂျာမန် အမျိုးသမီး သရုပ်ဆောင်များ
- ၂၀ ရာစု အမေရိကန် အမျိုးသမီး အဆိုတော်များ
- ၂၀ ရာစု အမေရိကန် အမျိုးသမီး စာရေးဆရာများ