မဟာဖောင်းပွမှု

ဝီကီပီးဒီးယား မှ
Jump to navigation Jump to search

ရုပ်ပိုင်းဆိုင်ရာ စကြာဝဠာဗေဒတွင် မဟာဖောင်းပွမှုသည် စကြာဝဠာအစောပိုင်းကာလ၌ အာကာသဖောင်းပွမှုကို ဖော်ညွန်းသော သီအိုရီဖြစ်သည်။ ဖောင်းပွမှုသည် မဟာပေါက်ကွဲမှုအပြီး ၁၀-၃၆ အထိ ကြာခဲ့သည်။ မဟာဖောင်းပွမှုအပြီးတွင် စကြာဝဠာသည် ဆက်တိုက်ဆိုသလို ကျယ်ပြန့်လာသော်လည်း အရှိန်နည်းပါးလာသည်။[၁]

မဟာဖောင်းပွမှု သီအိုရီသည် ၁၉၈၀ ခုနှစ်အစောပိုင်းကလများတွင် ဖွံ့ဖြိုးခဲ့သည်။ ယင်းသည် မဟာစကြာဝဠာ၏ ကြီးကျယ်ပုံအား ရှင်းပြပေးသည်။ အင်မတန်သေးငယ်သော နယ်မြေမှ ကွမ်တမ် အတက်အကျများသည် စကြာဝဠာ ကြီးထွားလာမှု၏ မျိုးစေ့ဖြစ်လာခဲ့သည်။[၂] စကြာဝဠာသည် အဘယ်ကြောင့် လားရာအတူတူ ဖြစ်ရသည်၊ ကော်စမစ် မိုက်ခရိုနောက်ခံလှိုင်းများသည် အညီအမျှ ဖြန့်ကျက်နေရသနည်း၊ စကြာဝဠာ အဘယ်ကြောင့် ပြားချပ်ရသနည်း၊ အဘယ်ကြောင့် အစွန်းတစ်ဖက်တည်း သံလိုက်အား မရှာတွေ့သနည်း စသည်တို့ကို မဟာဖောင်းပွမှုက ရှင်းပြပေးသည်ဟု ရူပဗေဒပညာရှင်များက ယုံကြည်ကြသည်။ မဟာဖောင်းပွမှုနှင့်သက်ဆိုင်သည့် အမှုန်ရူပဗေဒ ယန္တယားကိုမူ မသိရပေ။ ဖောင်းပွမှု အခြေခံယူဆချက်များကို သိပ္ပံပညာရှင် အများစုက လက်ခံကြသည်။ ယင်းတို့သည် ကြိုတင်ခန့်မှန်းချက်များဖြင့် အတည်ပြုပြီးသည်ဟု ယုံကြည်သည်။[၃] သို့သော်လည်း အနည်းစုကမူ သဘောမတူကြပေ။[၄][၅][၆] ဖောင်းပွမှု၏ စနက်တံသည် အင်ဖလင်တွန် (inflaton) ဖြစ်ရမည်ဟု ယူဆသည်။[၇]

၂၀၀၂ ခုနှစ်တွင် သီအိုရီ၏ ခရာကျသော ပညာရှင်များဖြစ်ကြသည့် မက်ဆာချူးဆက် နည်းပညာတက္ကသိုလ်မှ အလန် ဂုထ်၊ စတန်းဖို့ဒ်မှ Andrei Linde၊ ပရင်စတန် တက္ကသိုလ်မှ Paul Steinhardt တို့သည် သူတို့၏ ဆောင်ရွက်မှုများအတွက် စကြာဝဠာဗေဒတွင် Dirac ဆုကို ရရှိခဲ့ကြသည်။[၈]

မာတိကာ

ခြုံငုံသုံးသပ်ချက်[ပြင်ဆင်ရန်]

ပြန့်ကားနေသည့် စကြာဝဠာ၌ ကမ္ဘာမြေမျက်နှာပြင်ကြောင့် ဖြစ်လာသော မိုးကုတ်စက်ဝိုင်းကဲ့သို့ စကြာဝဠာဗေဒဆိုင်ရာ မိုးကုတ်စက်ဝိုင်းရှိသည်။ ယင်းသည် မိမိတို့မြင်နိုင်သည့် လေ့လာနိုင်သော စကြာဝဠာ၏ အစိတ်အပိုင်းဖြင့် နယ်နမိတ် ပိုင်းခြားထားသည်။ ယင်းမိုးကုတ်စက်ဝိုင်းအလွန်မှ အလင်း သို့မဟုတ် အခြားဖြာထွက်သည့်အရာများမှာမူ လေ့လာသူဆီသို့ ဘယ်တော့မှ ရောက်မလာခဲ့ပေ။ အဘယ်ကြောင့်ဆိုသော် လေ့လာသူနှင့် အရာဝတ္ထုကြား အာကာသသည် လျင်မြန်စွာ ရွေ့လျားနေသောကြောင့်ဖြစ်သည်။

စကြာဝဠာ၏ သမိုင်း - ဒြပ်ဆွဲအားလှိုင်းများသည် ကော့စမစ် ဖောင်းပွမှုမှ ဖြစ်လာသည်ဟု အဆိုပြုသည်၊ ယင်းသည် မဟာပေါက်ကွဲမှုအပြီး အလင်းအလျင်ထက် ပိုမိုမြန်ဆန်ကာ ဖောင်းပွလာခဲ့သည်။[၉][၁၀][၁၁]

လေ့လာနိုင်သော စကြာဝဠာသည် ပိုမိုကြီးမား မလေ့လာနိုင်သောစကြာဝဠာသို့ ခရီးလမ်းကြောင်းပင်ဖြစ်သည်။ အခြားစကြာဝဠာအစိတ်အပိုင်းကမူ ကမ္ဘာမြေနှင့် မဆက်သွယ်နိုင်သေးပေ။ ယင်းအပိုင်းများသည် ယခုလက်ရှိ စကြာဝဠာဗေဒဆိုင်ရာ မိုးကုတ်စက်ဝိုင်း၏ အပြင်ဘက်တွင် ရှိနေသည်။ မဟာဖောင်းပွမှု မရှိသည့် ယေဘုယျ ပူပြင်းသော မဟာပေါက်ကွဲမှု စံနမူနာ၌ စကြာဝဠာဗေဒဆိုင်ရာ မိုးကုတ်စက်ဝိုင်းသည် ရွေးလျားပြီး မြင်ကွင်းသစ်များကို ဖန်တီးပေးသည်။ ဒေသခံ လေ့လာသူအနည်ဖြင့် ပထမဆုံအကြီမ် မြင်လိုက်ရသော်လည်း အခြားမည်သည့် အာကာသနယ်မြေမှ ကြည့်လျင်လည်း ကွဲပြားခြင်းမရှိပေ။ နောက်ခံ ရောင်ခြည်ဖြာထွက်မှု၏ အပူချိန်သည် အတူတူပင်ဖြစ်သည်။[၁၂]

ယင်းအတွက် အဖြသည် ဖောင်းပွမှုက ဖြေရှင်းနိုင်ကောင်းသည်။ စကြာဝဠာဗေဒဆိုင်ရာ မိုးကုတ်စက်ဝိုင်းသည် အပြင်သို့ပြန့်ကားလာမည့်အစား တည်မြဲရှိနေသည်။ လေ့လာသူ မည်သူအတွက်မဆို လေ့လာနိုင်သော စကြာဝဠာသို့အကွာအဝေးသည် မပြောင်းလဲပေ။ အာကာသ ပြန့်ကားလာသည်နှင့်အမျှ အနီးအနား လေ့လာသူတို့သည် မြန်ဆန်စွာ ခွဲထုတ်သွားသည်။ စကြာဝဠာဗေဒဆိုင်ရာ မိုးကုတ်စက်ဝိုင်းအလွန်သို့ ထုထည်ကြီးမားစွာ ပြန့်ကားလာသည့်အခါ အရာအားလုံးသည် တစ်ပြေးညီဖြစ်လာသည်။

ဖောင်းပွမှု စက်ကွင်းသည် လေဟာနယ်သို့ နှေးကွေးလာသည်နှင့်အမျှ စကြာဝဠာဗေဒဆိုင်ရာ ပကတိတန်ဖိုးသည် သုညသို့ရောက်လာပြီး အာကာသသည် ပုံမှန်အတိုင်း ပြန့်ကားလာသည်။ ပုံမှန်ဖောင်းပွမှုကာလအတွင်း မြင်ကွင်းသို့ ရောက်ရှိလာသော နယ်မြေသစ်များသည် မိုးကုတ်စက်ဝိုင်းအလွန်မှ နယ်မြေများနှင့် အတူတူပင်ဖြစ်သည်။ ထို့ကြောင့် ယင်းတို့သည် တူညီသော အပူချိန်နှင့် အကွေးကိုယ်စီရှိကြသည်။ အဘယ်ကြောင့်ဆိုသော် သူတို့သည် သေးငယ်သော မူရင်း အာကာသလမ်းကြောင်းမှ လာသောကြောင့်ပေတည်း။

မဟာဖောင်းပွမှု သီအိုရီသည် မတူညီသောနယ်မြေအရပ်မှ အပူချိန်နှင့် အာကာသအကွေးတို့သည် ထပ်တူနီးပါးဖြစ်ရသည့်အကြောင်းကို ရှင်းပြပေးသည်။ ယင်းက စကြာဝဠာတွင်ရှိသော စုစုပေါင်းအရာဝတ္ထု (အနက်ရောင် အရာဝတ္ထု + လေဟာနယ်စွမ်းအင်) အား critical density ထပ်ပေါင်းပေးသည်။ ဤအတွက်လည်း သက်သေပြုချက်များ ရှိနေသည်။ ထို့ပြင် မဟာဖောင်းပွမှုသည် ရူပဗေဒပညာရှင်များအား ဖောင်းပွကာလအတွင်း မတူညီသောနယ်မြေမှ မတူညီသော အပူချိန် ကွာဟချက်များကို ကြိုတင်ခန့်မှန်းနိုင်စေခဲ့သည်။ ယင်းအတွက် အတည်ပြုချက် အတော်များများလည်း ရှိခဲ့သည်။[၁၃][၁၄]

အာကာသ ပြန့်ကားလာ[ပြင်ဆင်ရန်]

အာကာသ ပြန့်ကားလာသည်ဆိုလိုရင်းမှာ အင်နားရှား လေ့လာသူနှစ်ဦးသည် အရှိန်တင်နေသည့်အလျင်ဖြင့် ဝေးရာသို့ရွေးလျားနေသည်ဟု ဆိုလိုသည်။ တည်ငြိမ်နေသော လေ့လာသူတစ်ယောက်အတွက် ဖောင်းပွနေသောစကြာဝဠာ၌ အောက်ပါ ဝင်ရိုးစွန်း ကိုဩဒိနိတ် မက်ထရစ် ရှိသည်။[၁၅][၁၆]

ကြာမြင့်ချိန်[ပြင်ဆင်ရန်]

အဓိကလိုအပ်ချက်မှာ သေးငယ်သောထုထည် Hubble volume မှ ယခုလက်ရှိ လေ့လာနိုင်သောစကြာဝဠာအရွယ်ထိ ဆက်လက်ကြီးထွားရန်ဖြစ်သည်။ ယင်းသည် မဟာစကြာဝဠာအနေဖြင့် ပြင်ညီကဲ့သို့ပြားချပ်နေအောင် လိုအပ်ပေသည်။ ယင်းလိုအပ်ချက်သည် ဖောင်းပွမှုကာလအတွင်း ဖောင်းပွကိန်း အနည်းဆုံး ၁၀၂၆ ဖြင့် ပြန့်ကားရမည်ဟု ယေဘုယျ တွေးထားသည်။[၁၇]

တဖန်အပူပေးခြင်း[ပြင်ဆင်ရန်]

ဖောင်းပွမှုသည် မဟာအေးမြ ပြန့်ကားသည့်ကာလဖြစ်ပြီး အပူချိန် ၁၀၀၀၀၀၀ အစရှိသည်ဖြင့် ကျဆင်းချိန်တွင် ဖြစ်သည်။[၁၈]) နည်းပါးသည့် အပူချိန်သည် ဖောင်းပွဖြစ်စဉ်အတွင်း မပြောင်းလဲပေ။ ဖောင်းပွမှု ပြီးဆုံးချိန်၌ အပူချိန်သည် ဖောင်းပွမတိုင်မီအပူချိန်သို့ ပြန်ရောက်သွားပြီး အပူပြန်ပေးမှုဟု ခေါ်သည်။

မဟာဖောင်းပွမှု၏ သဘာဝကို မသိရသောကြောင့် ဤဖြစ်စဉ်ကို ကောင်းမွန်စွာ နားလည်ခြင်း မရှိပေ။[၁၉][၂၀]

အားထုတ်မှုများ[ပြင်ဆင်ရန်]

၁၉၇၀ ခုနှစ်တွင် ရှာဖွေတွေ့ရှိခဲ့သော မဟာပေါက်ကွဲမှုပြသနာအား မဟာဖောင်းပွမှုက ဖြေရှင်းပေးသည်။ [၂၁] ဝင်ရိုးစွန်းတစ်ခုတည်းရှိ သံလိုက်အား ယနေ့အချိန် အဘယ်ကြောင့် မမြင်ရသည့်ပြသနာကို ဖြေရှင်းနေစဉ်အတွင်း မဟာဖောင်းပွမှုအား အလန် ဂုထ်မှ ပထမဆုံး အဆိုပြုခဲ့သည်။

မိုးကုတ်စက်ဝိုင်း ပြသနာ[ပြင်ဆင်ရန်]

ပြားချပ်မှု ပြသနာ[ပြင်ဆင်ရန်]

သံလိုက် တစ်ဖက်တည်း ပြသနာ[ပြင်ဆင်ရန်]

သမိုင်းကြောင်း[ပြင်ဆင်ရန်]

Precursors[ပြင်ဆင်ရန်]

မှားယွင်း လေဟာနယ်[ပြင်ဆင်ရန်]

Starobinsky inflation[ပြင်ဆင်ရန်]

ဝင်ရိုးစွန်းတစ်ဖက်တည်း ပြသနာ[ပြင်ဆင်ရန်]

အစောပိုင်း ဖောင်းပွမှု စံနမူနာများ[ပြင်ဆင်ရန်]

Slow-roll inflation[ပြင်ဆင်ရန်]

Effects of asymmetries[ပြင်ဆင်ရန်]

လေ့လာမှုဆိုင်ရာ အခြေနေ[ပြင်ဆင်ရန်]

သီအိုရီဆိုင်ရာ အခြေနေ[ပြင်ဆင်ရန်]

Fine-tuning problem[ပြင်ဆင်ရန်]

Andrei Linde[ပြင်ဆင်ရန်]

Eternal inflation[ပြင်ဆင်ရန်]

အကျယ်တဝင့် ဖော်ပြထားသောဆောင်းပါး - Eternal inflation




ကနဦး အခြေနေများ[ပြင်ဆင်ရန်]

အချို့သော ရူပဗေဒပညာရှင်များက ကနဦးပြသနာကို ရှောင်လွဲလိုသဖြင့် မူလဇာတိမရှိသည့် ထာဝရပြန့်ကားစကြာဝဠာ စံနမူနာကို အဆိုပြုကြသည်။[၂၂][၂၃][၂၄][၂၅] ယင်းစံနှုန်းတွင် စကြာဝဠာသည် ကြီးမားသော စကေးဖြင့်ပြန့်ကားနေပြီး အမြဲတမ်း တည်ရှိနေမည်ဖြစ်သည်။



ပေါင်းစပ် ဖောင်းပွမှု[ပြင်ဆင်ရန်]

ဖောင်းပွမှုနှင့် ကြိုးမျှင်စကြာဝဠာဗေဒ[ပြင်ဆင်ရန်]

Inflation and loop quantum gravity[ပြင်ဆင်ရန်]

Alternatives/Adjuncts[ပြင်ဆင်ရန်]

မဟာထိတိုက်မှု[ပြင်ဆင်ရန်]

ကြိုးမျှင်သီအိုရီ[ပြင်ဆင်ရန်]

Ekpyrotic and cyclic models[ပြင်ဆင်ရန်]

ပြောင်းလဲနေသော C[ပြင်ဆင်ရန်]

ဝေဖန်မှုများ[ပြင်ဆင်ရန်]

အခြားကြည့်ရန်[ပြင်ဆင်ရန်]

မှတ်စု[ပြင်ဆင်ရန်]

  1. How the Universe Works#Season 3. 2014.  Unknown parameter |episode= ignored (help)
  2. Tyson, Neil deGrasse and Donald Goldsmith (2004), Origins: Fourteen Billion Years of Cosmic Evolution, W. W. Norton & Co., pp. 84–5.
  3. Tsujikawa, Shinji (28 Apr 2003). "Introductory review of cosmic inflation": arXiv:hep–ph/0304257. Bibcode2003hep.ph....4257T. “In fact temperature anisotropies observed by the COBE satellite in 1992 exhibit nearly scale-invariant spectra as predicted by the inflationary paradigm. Recent observations of WMAP also show strong evidence for inflation.” 
  4. ကိုးကား အမှား - Invalid <ref> tag; no text was provided for refs named Steinhardt2011
  5. ကိုးကား အမှား - Invalid <ref> tag; no text was provided for refs named Earman-Mosterín
  6. ကိုးကား အမှား - Invalid <ref> tag; no text was provided for refs named Hložek
  7. Guth, Alan H. (1997). The Inflationary Universe: The Quest for a New Theory of Cosmic Origins. Basic Books, 233–234. ISBN 0201328402 
  8. The Medallists: A list of past Dirac Medallistsictp.it
  9. ကိုးကား အမှား - Invalid <ref> tag; no text was provided for refs named BICEP2-2014
  10. ကိုးကား အမှား - Invalid <ref> tag; no text was provided for refs named NASA-20140317
  11. ကိုးကား အမှား - Invalid <ref> tag; no text was provided for refs named NYT-20140317
  12. Using Tiny Particles To Answer Giant Questions. Science Friday, 3 April 2009.
  13. Spergel, D.N. (2006). "Three-year Wilkinson Microwave Anisotropy Probe (WMAP) observations: Implications for cosmology". “WMAP... confirms the basic tenets of the inflationary paradigm...” 
  14. Our Baby Universe Likely Expanded Rapidly, Study SuggestsSpace.com
  15. "The Cosmic Horizon" (2007). Monthly Notices of the Royal Astronomical Society 382 (4): 1917–1921. doi:10.1111/j.1365-2966.2007.12499.x. Bibcode2007MNRAS.382.1917M. 
  16. "The Cosmological Spacetime" (2009). International Journal of Modern Physics D 18 (12): 1889–1901. doi:10.1142/s0218271809015746. Bibcode2009IJMPD..18.1889M. 
  17. This is usually quoted as 60 e-folds of expansion, where e60 ≈ 1026. It is equal to the amount of expansion since reheating, which is roughly Einflation/T0, where T0 = 2.7 K is the temperature of the cosmic microwave background today. See, e.g. Kolb and Turner (1998) or Liddle and Lyth (2000).
  18. Guth, Phase transitions in the very early universe, in The Very Early Universe, ISBN 0-521-31677-4 eds Hawking, Gibbon & Siklos
  19. See Kolb and Turner (1988) or Mukhanov (2005).
  20. Kofman, Lev (1994). "Reheating after inflation". Physical Review Letters 73 (5): 3195–3198. doi:10.1088/0264-9381/3/5/011. Bibcode1986CQGra...3..811K. 
  21. Much of the historical context is explained in chapters 15–17 of Peebles (1993).
  22. Carroll, Sean M. (2005). "Does inflation provide natural initial conditions for the universe?". Gen. Rel. Grav. 37 (10): 1671–4. doi:10.1007/s10714-005-0148-2. Bibcode2005GReGr..37.1671C. 
  23. Carroll, Sean M.; Jennifer Chen (2004). Spontaneous inflation and the origin of the arrow of time.  Unknown parameter |eprint= ignored (help)
  24. "Inflation without a beginning: A null boundary proposal" (2003). Physical Review D 67 (8). doi:10.1103/PhysRevD.67.083515. Bibcode2003PhRvD..67h3515A. 
  25. "Steady-State Eternal Inflation" (2002). Physical Review D 65 (8). doi:10.1103/PhysRevD.65.083507. Bibcode2002PhRvD..65h3507A. 

ကိုးကား[ပြင်ဆင်ရန်]

ပြင်ပလင့်[ပြင်ဆင်ရန်]