မဟာပရိဝါရက
ပုံပန်းသွင်ပြင်
အရှင်မဟာပရိဝါရကထေရ် သည် မြတ်စွာဘုရား၏ သာသနာတော်ရှိ ရဟန်းတစ်ပါး ဖြစ်သည်။[၁]
ဘဝဇာတ်ကြောင်း
[ပြင်ဆင်ရန်]ဝိပဿီမြတ်စွာဘုရားလက်ထက်
[ပြင်ဆင်ရန်]ဝိပဿီမြတ်စွာဘုရား လက်ထက်တွင် ဖြစ်၏။ အရှင်မဟာပရိဝါရကထေရ် သည် ထိုအချိန်က ဘီလူးမင်းစစ်သူကြီး ဖြစ်၏။ ရှစ်သောင်းလေးထောင်သော ဘီလူးတို့သည် သူ၏ အထံပါးတွင် ခစားကြရ၏။
တစ်နေ့သောအခါ မြတ်စွာဘုရားသည် ဗန္ဓုမပြည်သို့ ဝင်လေ၏။ ထိုအခါ အရှင်မဟာပရိဝါရကထေရ် သည် အပေါ်ရုံပုဆိုးကို ယူကာ မြတ်စွာဘုရားထံ လှူဒါန်း၏။ ထိုအခါ မဟာပထဝီမြေကြီးသည် တုန်လှုပ်တော်မူ၏။ [၁]
အကျိုးခံစားရခြင်း
[ပြင်ဆင်ရန်]ထိုသို့ ဤဘဒ္ဒကမ္ဘာမှ ကိုးဆယ့်တစ်ကမ္ဘာထက်တွင် ပူဇော်မှုကို ပြုခဲ့သည့်အချိန်မှစကာ အပါယ်လေးဘုံသို့ မကျရောက်ခဲ့ရပေ။ ထို့ပြင် တစ်ဆယ့်ငါးကမ္ဘာထက်တွင် “သုဝါဟန” အမည်ဖြင့် စကြဝတေးမင်း တစ်ဆယ့်ခြောက်ကြိမ် ဖြစ်ခဲ့၏။[၁]
ဂေါတမမြတ်စွာဘုရားထက်ထက်
[ပြင်ဆင်ရန်]နောက်ဆုံးဘဝတွင် ဂေါတမမြတ်စွာဘုရား၏ သာသနာတော်တွင် အရှင်မဟာပရိဝါရကထေရ် အဖြစ်ဖြင့် အာသဝေါကုန်ခမ်း ရဟန္တာ ဖြစ်တော်မူ၏။[၁]