မာတိကာသို့ ခုန်သွားရန်

မဟာစေတီတော် (သီရိလင်္ကာ)

ဝီကီပီးဒီးယား မှ
မဟာစေတီတော်
රුවන්වැලිසෑය
မဟာစေတီတော်
အချက်အလက်များ
ကိုဩဒိနိတ်8°21′0″N 80°23′47″E / 8.35000°N 80.39639°E / 8.35000; 80.39639ကိုဩဒိနိတ်: 8°21′0″N 80°23′47″E / 8.35000°N 80.39639°E / 8.35000; 80.39639
ဘာသာရေး နှီးနွယ်မှုထေရဝါဒ ဗုဒ္ဓဘာသာ
နိုင်ငံသီရိလင်္ကာနိုင်ငံ
ဗိသုကာ
တည်ထောင်သူဒုဋ္ဌဂါမဏိမင်းကြီး
ပြီးစီးcirca 140 BC

မဟာစေတီတော် (အင်္ဂလိပ်: Ruwanwelisaya) သည် သီရိလင်္ကာနိုင်ငံတွင် တည်ရှိပြီး သူတော်စင်တို့၏ ဓာတ်တော်များ ဌာပနာကာ တည်ထားသည်။ ကမ္ဘာလုံး အခြမ်းပုံသဏ္ဌာန် ဖြစ်သည်။ ကမ္ဘာတစ်ဝန်းရှိ ဗုဒ္ဓဘာသာဝင်များ အလေးအမြတ်ထားကြသည့် စေတီဖြစ်သည်။[] ၁၄၀ ဘီစီတွင် စေတီတော်ကို ဒုဋ္ဌဂါမဏိမင်းကြီး က တည်ခဲ့သည်။ မင်းကြီးသည် သာသနာ၏ ရန်သူ ဧဠာရကျေးလူမျိုးတို့ကို သုတ်သင်ချမှုန်းသည့် စစ်ပွဲကြီး ပြီးဆုံးပြီးနောက် သီရိလင်္ကာရှိ နိုင်ငံသူ/သား အပေါင်းတို့၏ အရှင်သခင် ဖြစ်လာခဲ့သည်။ စေတီတော်အား Mahathup, "Swarnamali Chaitya", "Suvarnamali Mahaceti" (ပါဠိ) "Rathnamali Dagaba" ဟူ၍လည်း လူအများ သိကြသည်။

စေတီတော်သည် အရိုသေပေး အလေးမြတ်ထားသည့် နေရာ ၁၆ ခုတွင် ပါဝင်သည်။ ထို့ပြင် ရှေးဟောင်းအနုရာဓမြို့၏ အဓိကနေရာ ၈ နေရာထဲမှ တစ်ခုလည်း ဖြစ်သည်။ စေတီတော်သည် ကမ္ဘာ့အရှည်ဆုံး အဆောက်အအုံ များထဲမှ တစ်ခုလည်း ဖြစ်၏။ ၁၀၃ မီတာ (၃၃၈ ပေ) မြင့်သည်။ အဝန်းသည် ၂၉၀ မီတာ (၅၉၁ ပေ) ရှိသည်။[] မြန်မာနိုင်ငံ၊ စစ်ကိုင်းမြို့ရှိ ကောင်းမှုတော်စေတီသည် ဤမဟာစေတီကို ပုံစံတုကာ တည်ထားသည်။[]

စေတီတော်သည် ၁၉ ရာစုတွင် ထိခိုက်ပျက်စီးမှုတို့ ဖြစ်ခဲ့သည်။ Sinhalesebhikkhu က အလှူရန်ပုံငွေ ရှာပြီးနောက် စေတီတော်ကို ၂၀ ရာစု အစောပိုင်းတွင် ပြုပြင်မွမ်းမံခဲ့သည်။[] စေတီတော် ပြုပြင်ထိန်းသိမ်းရေး အဖွဲ့ကို ၁၉၀၂ ခုနှစ်တွင် ဖွဲ့စည်းခဲ့သည်။ စေတီတော်၏ နောက်ဆုံး သရဖူကို ၁၉၄၀ ခုနှစ်၊ ဇွန်လ ၁၇ ရက်နေ့တွင် ကပ်လှူပူဇော်ခဲ့သည်။[]

ဗုဒ္ဓဓာတ်တော်

[ပြင်ဆင်ရန်]

ရုပ်ပုံများ

[ပြင်ဆင်ရန်]

ကိုးကား

[ပြင်ဆင်ရန်]
  1. Ruwanweliseya Sri Lanka Heritages. com။ 4 March 2016 တွင် မူရင်းအား မော်ကွန်းတင်ပြီး။ 25 September 2015 တွင် ပြန်စစ်ပြီး။
  2. Ruwanweliseya Stupa (144 BC), Anuradhapura Riolta Sri Lankan Holidays 24 February 2013 တွင် ပြန်စစ်ပြီး။
  3. Myo Aung and H. Kraft’။ Upper Myanmar Mandalay Pyin Oo Lwin Sagaing Monywa Mingun Mogok Shwebo။ Books on Asia။
  4. 1 2 Swarnamali Maha Seya and the forgotten monk, July 13, 2012 24 September 2017 တွင် မူရင်းအား မော်ကွန်းတင်ပြီး။ 2 November 2017 တွင် ပြန်စစ်ပြီး။