မယ်လိုဒီ
ပုံပန်းသွင်ပြင်
မယ်လိုဒီ | |
---|---|
မွေးဖွား | ခင်မျိုးအိ ၆ စက်တင်ဘာ ၁၉၈၂ (အသက် ၄၂) တွံတေး |
အလုပ်အကိုင် | သရုပ်ဆောင်၊ အဆိုတော် |
အိမ်ထောင်ဖက်(များ) | သာကောင်း |
မယ်လိုဒီ (အင်္ဂလိပ်: Melody; ၁၉၈၂ မွေးဖွား) သည် မြန်မာလူမျိုး သရုပ်ဆောင်နှင့် အဆိုတော် ဖြစ်သည်။[၁]
ငယ်ဘဝ
[ပြင်ဆင်ရန်]၁၉၈၂ ခု၊ စက်တင်ဘာလ ၆ ရက်တွင် တွံတေး၌ မွေးသည်။ အမည်ရင်းမှာ ခင်မျိုးအိ ဖြစ်သည်။
အနုပညာ လှုပ်ရှားမှု
[ပြင်ဆင်ရန်]၂၀၁၁ ခု၊ မြန်မာ့ရုပ်ရှင် ထူးချွန်ဆုပေးပွဲတွင် ထာဝရအလင်းတန်းများ ဇာတ်ကားဖြင့် အမျိုးသမီးဇာတ်ဆောင်ဆု ရသည်။
စီးပွားရေး လှုပ်ရှားမှု
[ပြင်ဆင်ရန်]သားဦး မွေးပြီးနောက် အနုပညာအလုပ် နားနေသည့် မယ်လိုဒီသည် "ရွှေ နေကြာစေ့" အမည်ဖြင့် နေကြာစေ့ ရောင်းချလျက် ရှိသည်။ [၂]
မိသားစုဘဝ
[ပြင်ဆင်ရန်]သာကောင်းနှင့် ၂၀၁၄ ခု၊ ဖေဖော်ဝါရီလ၌ လက်ထပ်ရာ သားဦး သိဒ္ဓိစစ် ကို ၂၀၁၅ ခု၊ ဧပြီလ ၄ ရက်တွင် မွေးသည်။
ကိုးကား
[ပြင်ဆင်ရန်]- ↑ သရုပ်ဆောင်တွေ ဆိုတာ သဏ္ဍန်လုပ် သရုပ်တူရမယ် ဆိုတဲ့ မယ်လိုဒီ | Yatanarpon (in Burmese) (2011-09-23)။ 10 September 2018 တွင် မူရင်းအား မော်ကွန်းတင်ပြီး။ 30 March 2019 တွင် ပြန်စစ်ပြီး။
- ↑ ယုဖြူဟန် (၁ နိုဝင်ဘာ ၂၀၁၈) "ကားရိုက် နားထားတာ မဟုတ်ဘူး။ ခေါ်မရိုက်တာ"