မယ်တော်ဆေးခန်း
မယ်တော်ဆေးခန်းသည် ထိုင်းမြန်မာနယ်စပ် မဲဆောက်မြို့သို့ ထွက်ပြေးတိမ်းရှောင်နေရသည့် ကရင်တိုင်းရင်းသား ဒေါက်တာ စင်သီယာမောင်က ၁၉၈၉ ခုနှစ်တွင် ဦးစီးဦးဆောင်ပြု တည်ထောင်ထားသည့် ဆေးခန်းဖြစ်သည်။ မဲဆောက်နှင့် အနီးတဝိုက်ဒေသသို့ ရောက်ရှိနေသည့် မြန်မာဒုက္ခသည်များ အဓီက အားထားရာ ဆေးခန်းလည်းဖြစ်သည်။ [၁]
သမိုင်း
[ပြင်ဆင်ရန်]၁၉၈၈ ခုနှစ် မြန်မာစစ်အစိုးရက ၈၈၈၈ အရေးအခင်းအား အင်အားသုံး ဖိနှိပ်ခြေမှုန်းခဲ့ပြီးနောက် ဒေါက်တာ စင်သီယာမောင်သည် အခြား နိုင်ငံရေး လှုပ်ရှားသူများနှင့်အတူ ထိုင်းနိုင်ငံသို့ ထွက်ပြေးခဲ့ရသည်။ ဒေါက်တာ စင်သီယာမောင် မဲဆောက်မြို့သို့ ရောက်ရှိပြီးနောက် ထိုဒေသရှိ နာမကျန်းသူများအား စောင့်ရှောက်ကုသပေးရန် ဆေးပေးခန်း တစ်ခုကို ထူထောင်ခဲ့သည်။ ထိုနှစ်တွင် လူနာပေါင်း ၂၀၀၀ ကျော်ကို ကုသပေးခဲ့သည်။ [၂] ထိုအချိန်မှစ၍ ကြီးထွားလာသည့် မယ်တော်ဆေးခန်းသည် ဆေးဝါးကုသရေးအပြင် လူမှုရေး အကျိုးဆောင်မှုများ၊ လေ့ကျင့်ရေးများ၊ ကျန်းမာရေးပညာပေး လုပ်ငန်းများကို ဆောင်ရွက်လျက်ရှိသည်။ ၂၀၀၆ ခုနှစ်တွင် မယ်တော်ဆေးခန်းမှ ကူညီပေးခဲ့သူ ၈ သောင်းထက် မနည်း ရှိကြောင်း သိရသည်။ [၃].
ယနေ့တွင် မယ်တော်ဆေးခန်းမှ ကုသပေးနေရသည့် လူနာအများစုမှာ မြန်မာအစိုးရ၏ အဓမ္မမှုကြောင့် မိမိဌာနေကို ကျောခိုင်းခဲ့ရသည့် ကရင်လူမျိုး ဒုက္ခသည်များ ဖြစ်သည်။ [၄][၅].
၂၀၀၈ ခုနှစ် ဩဂုတ်လတွင် အမေရိကန်သမ္မတ ဂျော့ရှ် ဒဗလျူ ဘုရှ် တို့ ဇနီးမောင်နှံ ထိုင်းနိုင်ငံသို့ သွားရောက်ချိန်တွင် လော်ရာဘုရှ် သည် မယ်တော်ဆေးခန်းသို့ သွားရောက် ကြည့်ရှုကာ ဒေါက်တာ စင်သီယာမောင်နှင့် သူမ၏ အကျိုးပြု ဆောင်ရွက်ချက်များကို အားပေးထောက်ခံကြောင်း ပြောကြားခဲ့သည်။[၆] လော်ရာဘုရှ် က မယ်တော်ဆေးခန်းအား ဤကဲ့သို့ မီဒီယာရှေ့ မီးမောင်းထိုးခြင်းသည် နိုင်ငံရေး ရည်မှန်းချက် ရှိနေသည်၊ [၇] မြန်မာအာဏာပိုင်များအပေါ် အမေရိကန်တို့၏ ရပ်တည်ချက်ကို ဗွင်းဗွင်းလင်းလင်း ဖော်ပြလိုက်ခြင်း ဖြစ်သည်ဟု အချို့က ထင်ကြေးပေးကြသည်။
မယ်တော်ဆေးခန်း၏ ရည်မှန်းချက်
[ပြင်ဆင်ရန်]- ထိုင်းမြန်မာနယ်စပ် တလျှောက် အပြောင်းအရွှေ့ခံရသည့် မြန်မာနိုင်ငံသားများအား ကျန်းမာရေး စောင့်ရှောက်မှုပေးရေး၊
- ကျန်းမာရေး ဝန်ထမ်းများအား ကနဦးလေ့ကျင့်မှုနှင့် နောက်ဆက်တွဲ ဆေးပညာ ပို့ချပေးရေး၊
- နယ်စပ်ဒေသအတွင်း ကျန်းမာရေးစနစ် ဆိုင်ရာ အချက်အလက်များကို အားဖြည့်ပေးရေး၊
- ဒေသတွင်းရှိ မြန်မာလူထုအကြား ကျန်းမာရေး ဗဟုသုတ တိုးပွားလာစေရေး၊
- ဌာနေရှိ ကျန်းမာရေး အဖွဲ့အစည်းများအကြား ပူးပေါင်းဆောင်ရွက်နိုင်ရန် ညှိနှိုင်းပေးရေး၊
- နိုင်ငံတကာ ကျန်းမာရေးဌာနများ ကျွမ်းကျင်သူများနှင့် ပူးတွဲဆောင်ရွက်ခြင်းကို အားဖြည့်လုပ်ဆောင်ရေး တို့ဖြစ်သည်။[၁]
အကျိုးဆောင်မှု
[ပြင်ဆင်ရန်]- အပြင်လူနာ
- အတွင်းလူနာ
- ခွဲစိတ်ကုသမှု
- သားဖွားမီးယပ်
- ကလေးသူငယ် ကျန်းမာရေး
- ကျန်းမာရေး ပညာပေး
- ဓာတ်ခွဲခန်းနှင့် သွေးဘဏ်
- မျက်လုံးနှင့် မျက်လုံးခွဲစိတ်ကုသမှု
- ခြေတု၊ လက်တုများ တပ်ဆင်ခြင်း
- ငှက်ဖျားရောဂါ ကုသရေး
- HIV/AIDS ရောဂါ ကြိုတင်ကာကွယ်ရေး
- တီဘီရောဂါ ရှာဖွေခြင်း
- မဲဆောက်ဆေးရုံသို့ လမ်းညွှန်ပေးခြင်း
လက်ရှိဝန်ထမ်း
[ပြင်ဆင်ရန်]- ဆရာဝန် ၅
- ကျန်းမာရေး ဝန်ထမ်း ၁၂၀
- ရိုးရိုးဝန်ထမ်း ၄၀
ပြင်ပလင့်ခ်များ
[ပြင်ဆင်ရန်]မယ်တော်ဆေးခန်းနှင့် ဒေါက်တာ စင်သီယာမောင်တို့နှင့် စပ်လျဉ်း၍
ဗီဒီယို
- CNN, October 10 2007 'Desperate for Help in Myanmar': http://edition.cnn.com/video/#/video/world/2007/10/10/chance.thailand.refugee.doctor.cnn
- You Tube, May 2006: http://www.youtube.com/watch?v=glnQr5lc_Uk
သတင်း
- Voice of America, 25 June 2008: https://web.archive.org/web/20080628191855/http://www.voanews.com/english/Making-a-Difference-Cynthia-Maung.cfm
- Time (Asia): https://web.archive.org/web/20030422124141/http://www.time.com/time/asia/2003/heroes/cynthia_maung.html
- Ramon Magasaysay Award for Community Leadership: http://www.rmaf.org.ph/Awardees/Citation/CitationMaungCyn.htm Archived 29 April 2011 at the Wayback Machine.
Facebook:
ဘလော့ဂ်
- http://student.bmj.com/back_issues/1101/life/426.html
- http://burmasitmone.wordpress.com/2008/01/13/another-towering-lady-of-burma-dr-cynthia-maung/[လင့်ခ်သေ]
အထွေထွေ
- Asian Human Rights Commission: http://www.ahrchk.net/index.php Archived 5 November 2009 at the Wayback Machine.
- Back Packer Health Worker Team: https://web.archive.org/web/20070704102041/http://www.geocities.com/maesothtml/bphwt/
- Burma Campaign UK: http://www.burmacampaign.org.uk/
- Ramon Magasaysay Award Foundation: http://www.rmaf.org.ph/ Archived 20 February 2009 at the Wayback Machine.
ကိုးကား
[ပြင်ဆင်ရန်]- ↑ ၁.၀ ၁.၁ မော်ကွန်းတင်ပြီးမိတ္တူ။ 31 October 2007 တွင် မူရင်းအား မော်ကွန်းတင်ပြီး။ 10 November 2009 တွင် ပြန်စစ်ပြီး။
- ↑ BBC NEWS | Asia-Pacific | Saving lives on the Burmese border
- ↑ http://news.bbc.co.uk/2/hi/asia-pacific/6418645.stm</[လင့်ခ်သေ]
- ↑ မော်ကွန်းတင်ပြီးမိတ္တူ။ 21 August 2008 တွင် မူရင်းအား မော်ကွန်းတင်ပြီး။ 10 November 2009 တွင် ပြန်စစ်ပြီး။
- ↑ Ingenitex Media။ 10 March 2010 တွင် မူရင်းအား မော်ကွန်းတင်ပြီး။ 10 November 2009 တွင် ပြန်စစ်ပြီး။
- ↑ Statement by Mrs. Laura Bush After a Visit to Mae Tao Clinic
- ↑ မော်ကွန်းတင်ပြီးမိတ္တူ။ 12 August 2010 တွင် မူရင်းအား မော်ကွန်းတင်ပြီး။ 10 November 2009 တွင် ပြန်စစ်ပြီး။