မမ္မတ်ဆင်ကြီး

ဝီကီပီးဒီးယား မှ
အ​ညွှန်း​သို့ ခုန်ကူးရန် ရှာဖွေရန် ခုန်ကူးမည်
မမ္မတ်ဆင်ကြီး (Mammoth)
Temporal range: Early Pliocene to Late Holocene, 5–0.0037 Ma
Columbian mammoth.JPG
Columbian mammoth in the Page Museum in လော့စ်အိန်ဂျယ်လိစ်မြို့.
မျိုးရိုးခွဲခြားခြင်း ပြင်ဆင်
လောက: Animalia
မျိုးပေါင်းစု: Chordata
မျိုးပေါင်း: Mammalia
မျိုးစဉ်: Proboscidea
Superfamily: Elephantoidea
မျိုးဇာတ်: Elephantini
မျိုးစု: Mammuthus
Brookes, 1828
Type species
Elephas primigenius[၁][၂]
မျိုးစိတ်
Synonyms
  • Archidiskodon Pohling, 1888
  • Parelephas Osborn, 1924
  • Mammonteus

မမ္မတ်ဆင်ကြီးများ (Mammoths) သည် သမိုင်းမတင်မီ ရှေးနှစ်ပေါင်းများစွာက ရှိခဲ့ဘူးကြသော ဆင်အမျိုးဝင် တိရစ္ဆာန်ကြီးများဖြစ်ကြသည်။ ယင်းတို့၏ အရိုးများနှင့် အခြားရုပ်ကြွင်းများကို ကမ္ဘာအရပ်ရပ်တွင် တွေ့ရသည်။ မမ္မတ်ဆင်ကြီးတို့၏ ကိုယ်လုံးကိုယ်ထည်မှာ ယခုခေတ် အကြီးဆုံး အာရှတိုက်ဆင်၏ ကိုယ်အရွယ်လောက်ပင် ရှိသည်။ သို့သော်လည်း ယင်းတို့၏ အစွယ်မှာ ယခုခေတ် ဆင်အစွယ်များနှင့်မတူဘဲ အပေါ်သို့ ကော့လန်နေပေသည်။ တစ်ကိုယ်လုံးမှာလည်း ယခုခေတ် ဆင်များကဲ့သို့ အရေထူကြီး များဖြင့် ပြောင်ချော၍ မနေဘဲ ကိုယ်ထည် အနှံ့ ရှည်လျားသော အမွေးအမှင်များဖြင့် လွှမ်းအုပ်လျက်ရှိပေသည်။ တစ်ကြိမ်တစ်ခါမျှ မတွေ့မြင်ရဘူးသော ရှေးမမ္မတ်ဆင်ကြီးမျိုး၏ ပုံပန်းကို အရိုးတစ်ခု တည်း လေ့လာရုံဖြင့် မလုံလောက်ပေ။ အရိုးကို ကြည့်ရရုံနှင့် ထိုတိရစ္ဆာန် ပိန်သည် ၊ ဝသည်ကို တိတိကျကျ သိဖို့ ခဲယဉ်းပေ သည်။ ဆိုက်ဗီးရီးယားနယ်တွင် ရှေးပဝေဏီ ခေတ်ကတည်းက ရေခဲပြင်တွင် မြုပ်နေသော ယင်းဆင်ကြီးမျိုးကို အမှတ်မထင် တူးဖော်တွေ့ရှိရလေသည်။ ထိုဆင်ကြီးသေဆုံးခဲ့သည်မှာ ကြာပြီဖြစ်သော်လည်း မြေကြီးသည် ထူးဆန်းစွာ ရေခဲခန်းပမာ ထိုဆင်သေကို မပုပ်မသိုးရအောင် ကောင်းစွာသိုမှီး၍ ထားပေသည်။ ထိုကြောင့် မျက်လုံး၊ အမွေးအမှင်တို့နှင့်တစ်ကွ အရေစသည်တို့မှာ မည်သို့မျှ ပျက်စီးခြင်း မရှိသည်ကို တွေ့ရသည်။

ယင်းတို့၏ အထက်ဖက်သို့ ကော့တက်နေသော အစွယ်ကြီးမှာ အလေးချိန် ပေါင် ၂၅ဝ မျှ ရှိလျက် ၊ အလျား ၁၂ ပေ ကျော်မျှ ရှည်သည်ကိုပင် တွေ့ရသည်။ ဆင်စွယ်များတွင် ထိုအစွယ်ကြီးသည် များစွာကျော်စော ထင်ရှားပေသည်။ လွန်ခဲ့သောနှစ်ပေါင်း ၂ဝဝ ခန့်က ယနေ့တိုင် တစ်နှစ်လျှင် ဆိုက်ဗီးရီးယားနယ်မှ ရှာဖွေရရှိသော ထိုဆင်စွယ်မျိုးပေါင်း အစုံ တစ်ရာခန့်မျှကို မှန်မှန် တင်ပို့ရောင်းချခဲ့ရလေသည်။ ထိုသတ္တဝါကြီးများ၏ အဓိကအစာမှာ ရှေးခေတ် ထင်းရှူးပင်ပေါက်များနှင့် အသီးများဖြစ်သည်ဟု သိရ၏။ ဤရှေးဆင်ကြီးမျိုး သည် ရှေးနှစ်ပေါင်း ထောင်သောင်းမက ကြာသောအခါကတည်းက နွံအိုင်ကြီးများထဲတွင် နစ်မြုပ်ခြင်းဖြင့်သော်လည်းကောင်း၊ အခြားနည်းတစ်မျိုးမျိုးဖြင့်သော်လည်းကောင်း သေဆုံးခဲ့ကြရာတွင်၊ အေးမြလွန်းသော ရာသီဥတုကြောင့် ယခုတိုင် မပျက်မစီးဘဲကျန်ရှိနေကြခြင်း ဖြစ်သည်။ အချိန်ကာလ ဤမျှကြာမြင့်ခဲ့သော်လည်း အချို့ဆင်ကြီးများ၏ အသားမှာယခုတိုင် လတ်ဆတ်လျက် ်ရှိနေသေးရာ၊ ဟင်းပင်ချက်စားနိုင်သည်ဟု အဆိုရှိလေသည်။ ယင်းတို့ ကျက်စားခဲ့သော ဒေသများမှာ ဆိုက်ဗီးရီးယား နယ်သာလျှင် ဖြစ်သော်လည်း အင်္ဂလန်နိုင်ငံ၊ ဥရောပတိုက် အလယ်ပိုင်းနှင့် မြောက်အမေရိကတိုက်တို့တွင်လည်း အနှံ့အပြား ကျက်စားခဲ့ဘူးကြပေသည်။[၃]


ကိုးကား[ပြင်ဆင်ရန်]