မနှင်းဆီရထား

ဝီကီပီးဒီးယား မှ


မနှင်းဆီ ရထား ဆိုသည်မှာ ကိုလိုနီခေတ်တွင် မန္တလေးမြို့၌ ထင်ရှားခဲ့သော ပုဂ္ဂလိက မီးရထားတစ်စီးအမည် ဖြစ်သည်။ [၁] မန္တလေးမြို့ ၂၅ လမ်းနှင့် ၂၆ လမ်းကြား ရွှေတစ်ချောင်းမြောင်း၏ အရှေ့ဘက်တွင် ယခု မန်းသီရီဈေးတည်ရှိသည်။ အဆိုပါနေရာသည် ယခင်က မန္တလေး၏ အထင်ကရနေရာ ဖြစ်ခဲ့ဖူးသည်။ ယခင်က ထိုနေရာသည် ဘူတာရုံတစ်ခု ရှိခဲ့သည်။ ဈေးချိုနှင့် မတ္တရာကို ပြေးဆွဲသော မီးရထားလမ်း၏ လမ်းစလမ်းဆုံး ဘူတာဖြစ်သည်။ မတ္တရာရထားသည် ပုဂ္ဂလိကပိုင်ဖြစ်ပြီး လူမျိုးခြားသူဌေး အိန္ဒိယအမျိုးသား မနန့်ဂျီ (Mr. Manetji)ပိုင်ဆိုင်ခဲ့သည်။ မနန့်ဂျီ ကို မြန်မာအသံထွက်ဖြင့် လွယ်လွယ်ကူကူ မနှင်းဆီရထားဟု ခေါ်ဝေါ်ခဲ့ကြသည်။

အရေးပါပုံ[ပြင်ဆင်ရန်]

မနှင်းဆီရထားသည် ရထား(၂)စင်းရှိခဲ့ပြီး ဈေးချိုဘူတာမှ နံနက် ၇ နာရီတွင်တစ်ကြိမ်၊ ညနေ ၃ နာရီတွင် တစ်ကြိမ် မတ္တရာသို့ ပြေးဆွဲခဲ့သည်။ မတ္တရာနယ်သည် ကွမ်းရွက်အပါအဝင် သစ်သီးဝလံများ၊ သစ်ဥသစ်ဖုများထွက်ရှိရာ နေရာဖြစ်သည့်အတွက် ဈေးချို လက္ကားဈေးကွက်ကြီးသို့ မတ္တရာကုန်များ လွယ်လင့်တကူ ရောက်ရှိရေးတွင် မနှင်းဆီရထားသည် အရေးပါခဲ့သည်။

ဘူတာကြီး၊ ဘူတာလေး[ပြင်ဆင်ရန်]

ထိုစဉ်က မန္တလေးတွင်း မန္တလေး-ရန်ကုန်၊ မန္တလေး-မြစ်ကြီးနား၊ မန္တလေး-ပြင်ဦးလွင်-လာရှိုး၊ မန္တလေး-မုံရွာ-ရေဦး မီးရထားလမ်းအတွက် ရ၈ နှင့် ၇၉ လမ်းကြား၊ ၂၇ နှင့် ၃၄ လမ်းကြားတွင် ဘူတာရုံတစ်ရုံ ရှိသည်။ ထိုဘူတာရုံကို ဘူတာကြီး၊ မနှင်းဆီရထားဘူတာရုံကို ဘူတာလေးဟု သုံးစွဲခေါ်ဝေါ်ခဲ့ကြသည်။ ဒုတိယကမ္ဘာစစ်ဖြစ်မီ ၁၄-၁၅ နှစ်အလို၌ ဘူတာလေးသို့ သွားလာသော ရထာလမ်းများကို ဖြိုဖျက်ခဲ့ကြ၍ ဘူတာလေးဟုခေါ်ဆိုသော ဘူတာရုံလည်း မရှိတော့ပေ။[၂] ထို့ကြောင့်ပင် မန္တလေးဘူတာကို မန္တလေးသားတို့က ဘူတာကြီးဟု အစဉ်အဆက် လက်ဆင့်ကမ်းခေါ်ဝေါ်ခဲ့ကြခြင်းဖြစ်သည်။[၃]

အကိုးအကား[ပြင်ဆင်ရန်]

  1. နေထွတ်၏ မန္တလေး အဘိဓာန်
  2. Hsue Hgnet (translated by Yay Chan (Mandalay)) (January 2003)။ The Straight Lines of Mandalay။ Mandalay: Kyipwarye Books House။ pp. 156–157။ OCLC 54372317 Unknown parameter |langue= ignored (|language= suggested) (အကူအညီ)
  3. ဆရာဆူးငှက်၏ သင်္ဘောတန်းနှင့် ဘူတာကြီး ဆောင်းပါမှ ကောက်နှုတ်သည်။ The Irrawaddy, vol 1, No 27, july 6, 2014, page 39