မန်ဒါရင်ဘဲ

ဝီကီပီးဒီးယား မှ
Jump to navigation Jump to search

မန်ဒါရင်ဘဲသည် အာရှတိုက်အရှေ့ပိုင်းတွင် တွေ့ရှိရပြီး ကြွကြွရွရွနှင့် အရောင်အသွေးအလွန်လှပသည်။ မြန်မာနိုင်ငံတွင် ရံဖန်ရံခါ တွေ့ရှိရသည်။ အမများမှာ သာမန်ဘဲမကဲ့သို့ အရောင်အသွေးလှပမှုမရှိသော်လည်း အဖို များမှာမူ ဘဲမျိုးများတွင် အရောင်အသွေးအလှပဆုံးအမျိုး ဖြစ်သည်။ နှစ်စဉ် မေလတွင် အမွေးအတောင်လဲလေ့ ရှိကာ အမွေးလဲသည့်အချိန်တွင် အဖိုများမှာ အမများ၏အရောင်အသွေးကဲ့သို့ ပြောင်းလဲသွားလေ့ရှိသည်။ [၁]

ကိုးကား[ပြင်ဆင်ရန်]

  1. ရန်ကုန်တိရစ္ဆာန်ဥယျာဉ်လမ်းညွှန် ၁၉၈၉ခုနှစ်ထုတ်