မန္တလေး ရေကြီးခြင်း (၂၀၁၀)

ဝီကီပီးဒီးယား မှ

၂၀၁၀ အောက်တိုဘာလ ၆ ရက်နေ့မှ ၈ ရက်နေ့အထိ မန္တလေးမြို့နှင့် အနီးတစ်ဝိုက်တွင် မိုးသည်းထန်စွာ ရွာသွန်းခဲ့သည့်အတွက် ဆည်တော်ကြီးဆည်တော်လေး ဆည် များမှ ရေလျှံခြင်းနှင့် မြစ်များ ရေလျှံခြင်းတို့ကြောင့် မန္တလေး၊ ပုသိမ်ကြီးမြို့နယ်အတွင်း လူနေ အိမ်ခြေ ၃၀၀၀ ကျော် ရေမြုပ်သွားခဲ့သည်။ ရွာသွန်းခဲ့သည့် မိုးကြောင့် ဆည်တော်ကြီးဆည်မှ ရေများလွှတ်လိုက်သည့် အတွက် မန္တလေးမြို့တွင်းရှိ ပန်းရံတော်၊ ရွှေတချောင်း၊ ရေနီ စသည့် ရေစီးမြောင်း များသို့ ရေများဝင်လာသည့်အတွက် အနိမ့်ပိုင်းဒေသများ ရေမြုပ်ရခြင်း ဖြစ် သည်။ မန္တလေးမြို့တောင်ဘက်ရှိ ပြည်ကြီးတံခွန် မြို့သစ်၊ မဟာအောင်မြေ၊ ၆၂လမ်း အရှေ့ခြမ်းနှင့် အနောက်ခြမ်းတို့ရှိ လူနေအိမ်ခြေများ ရေနစ်မြုပ်သွားခဲ့သည်။

မန္တလေး မိုးရွာသွန်းမှုသည် မိုးရေချိန်မှာ ၁၁ လက်မ ကျော်ခဲ့ပြီး ၆၄ နှစ်တာ ကာလအတွင်း အမြင့်ဆုံးအဖြစ် စံချိန်သစ်တင်ခဲ့သည်။

ကိုးကား[ပြင်ဆင်ရန်]