မင်းကြီးချစ်မြေး

ဝီကီပီးဒီးယား မှ

မင်းကြီးချစ်မြေး ကဗျာကို မောင်းထောင်းဦးကျော်လှ ရေးသားခဲ့သည်။ သံချို ကဗျာအမျိုးအစားဖြစ်သည်။

အကြောင်းအရာ[ပြင်ဆင်ရန်]

ဦးကျော်လှက ဆေးဆရာ ကန်ကြီးတကာ ဦးရာပေါ်သို့ ပေးသည် သံချိုကဗျာ ဖြစ်သည်။

မင်းကြီးချစ်မြေး[ပြင်ဆင်ရန်]

အစိန္တေ သဗ္ဗညု၏၊ ဝေဠုဝန်ဆောက်တည်ဘိသည့်၊ မြေကြီးရှင် ဗိမ္မသာ၏၊ မြေးနေတ္တာဖြစ်ပါလျက်ကယ်နှင့်၊ ခွာထွက်ရှောင်ရာဇဂြိုဟ်က၊ တက္ကသိုလ်ဝေးနယ်သို့ သွားပလို့၊ ဆေးစာသင်ကာပြန်ကဲ့၊ တွင်နာမံဇီဝကတဲ့၊ သောနဝါ ရောဂါရသူတို့၊ လျှောခွာကြပျောက်ပါစေ။

အာဇာနည်၊ ဆရာဇီဝကကဲ့သို့၊ မိဘအစုံအဆွေမျိုးနှင့်၊ အဘိုးပါကိုယ့်ရွာပြည်ငဲ့ပြင်၊ နာမည်ကိုဖော်မပြောဘု၊ ဗိန္ဓောပါဓာတ်ဓာတုနှင့်၊ အနာအထွေထွေရှာဖွေလို့ ကုနိုင်တဲ့၊ အာနုဘော်ဆရာကြီးတွေတို့၊ ရှာမှီးကာ နည်းနာမှတ်မိအောင် ဆည်းကပ်ပေ။

ဘီးလင်းမြေကျိုက်ထိုတလျှောက်ကဲ့ပြင်၊ ဟိုအောက်ခွင်ရာမဉ်သုံက၊ ရွှေဂုဏ်မြေရွှေညာဆန်တဲ့၊ ရေကန်စေနံ ပွားသော်ကြောင့်၊ လူငှားပါ ကိုယ်တိုင်လုပ်လို့၊ အားထုတ်ချက်မပြတ်နေ၊ နတ်ပြည်ထိဂုဏ်ပြန့်မွှေး။

ဇီဝကပမာဆွယ်လောက်ကဲ့၊ နာမည်တောင်ရွာနယ်ကမသိကြဘု၊ ဘမိခင်အေးယဉ်ကျူးစက၊ အထူးရယ်သညာခေါ်တဲ့၊ ဦးရာပေါ်ဒူးတော်ရ အမျိုးပေမို့၊ အဘိုးအေဂုဏ်တေဇော်နှင့်၊ သတိုးခေါ်စည်သူဘွဲ့ပ၊ ပြည်ထီးရှင်အာဏာချုံလို့၊ ရတနာပုံအောင်လံလွှင့်လိုက်ယင်၊ နောင်နှင့်ညီနေနှစ်စင်းကဲ့သို့၊ ခြွေအရံ ရေနံတွင်းရယ်က၊ စစ်ဘုရင်ဖြစ်စဉ်နှင့်ပေးတဲ့၊ မင်းကြီးချစ်မြေး။

ခက်ဆစ်[ပြင်ဆင်ရန်]

၁။ အစိန္တေ = မနှိုင်းယှဉ်အပ်သော ဘုရား။

၂။ သဗ္ဗညု = တရားအပေါင်းတို့ကိုသိသော ဘုရား။

၃။ နေတ္တာ = နေတ္တ၊ မျက်စိ (ဤမျက်စိနှင့် တူသောသူဟု ဆိုလိုသည်)။

၄။ သောနဝါ = ၉၆ ပါး ရောဂါ။

၅။ စေနံ = စေတနာ၊ ကာရန်ဝဲ၍ စပ်ဆိုခြင်း။

၆။ ဒူးတော်ရ = ဘုရင့်ရှေ့တော်တွင် ဒူးနေရာက ခစားခွင့်ရသည်။

မှတ်ချက်[ပြင်ဆင်ရန်]

ဤကဗျာခေါင်းစဉ်သည် မောင်းထောင်းဦးကျော်လှ ကိုယ်တိုင် ပေးခဲ့ခြင်း မဟုတ်ပါ။ သင့်တော်မည်ထင်သော ခေါင်းစဉ်ကို ပေးထားခြင်း ဖြစ်သည်။

ကိုးကား[ပြင်ဆင်ရန်]

  1. မောင်းထောင်းဦးကျော်လှ၏ သံချိုကဗျာပေါင်းချုပ်။ ယဉ်ကျေးမှုဝန်ကြီးဌာန၊ ယဉ်ကျေးမှုဗိမာန်ဌာန။ နိုဝင်ဘာ ၁၉၈၃။