မက်ဒေါနား

ဝီကီပီးဒီးယား မှ
မက်ဒေါနား
၂၀၁၅ နိုဝင်ဘာတွင် စတော့ဟုမ်းမြို့ Rebel Heart ဖျော်ဖြေရေးခရီးစဉ်၌ ဖျော်ဖြေနေသော မက်ဒေါနား
မွေးဖွားMadonna Louise Ciccone[၁]
(1958-08-16) ဩဂုတ် ၁၆၊ ၁၉၅၈ (အသက် ၆၅)
အမေရိကန်ပြည်ထောင်စုမီရှိဂန်ပြည်နယ်၊ ဘေးမြို့
အခြား အမည်များဗရားန်နကာ - Veronica (အင်္ဂလိပ်အသံ - ဗရောန်နစ်ကာ) (ကတ်သလစ်ဘာသာရေးရိုးရာအရ ပေးထားသောအမည်)[၂]
အလုပ်အကိုင်
  • အဆိုတော်
  • တေးရေးဆရာ
  • ရုပ်ရှင်သရုပ်ဆောင်
  • စီးပွားရေးသမား
  • တေးထုတ်လုပ်သူ
  • ကသူ
  • ရုပ်ရှင် ဒါရိုက်တာ
  • စာရေးဆရာ
တက်ကြွလှုပ်ရှားနှစ်များ၁၉၇၉ – လက်ရှိ
ဇာတိအမေရိကန်ပြည်ထောင်စုမီရှိဂန်ပြည်နယ်၊ ရာချက်စတာဟစ်လ်ဇ်မြို့
ကြွယ်ဝမှုအမေရိကန် ဒေါ်လာသန်း (၅၇၀-၈၀၀) [၃][၄]
အိမ်ထောင်ဖက်(များ)
  • Sean Penn (လက်ထပ် 1985; ကွာရှင်း 1989)
  • Guy Ritchie (လက်ထပ် 2000; ကွာရှင်း 2008)
လက်တွဲဖော်(များ)Carlos Leon (1995–1997)
သားသမီး၆ဦး
ဝက်ဘ်ဆိုဒ်madonna.com
ဂီတခရီးလမ်း
မူလတိုင်းပြည်အမေရိကန်ပြည်ထောင်စုနယူးယောက်မြို့
ဂီတဟန်
  • Pop
  • electronica
  • dance
တူရိယာ
  • သီဆို
  • ဂစ်တာ
တေးသံသွင်း ကုမ္ပဏီ
  • Sire
  • Warner Bros.
  • Maverick
  • Interscope
ပူးတွဲ ပါဝင်မှု
  • Breakfast Club
  • Emmy

မက်ဒေါနား လူးဝီးဇ် ချစ်ကိုးန်နီ (အင်္ဂလိပ်: Madonna Louise Ciccone) (မွေးဖွား : ၁၉၅၈-ဩဂုတ်-၁၆ ) သည် အမေရိကန် အဆိုတော်၊ တေးရေးသူ၊ ရုပ်ရှင်သရုပ်ဆောင် တစ်ဦးဖြစ်သည်။ ၁၉၈၀နှစ်များမှစတင်၍ ပေါ့ပ်ဂီတဘုရင်မ အဖြစ်တင်စားခေါ်ဝေါ်ခြင်းခံရ၍ မက်ဒေါနားသည် ပေါ့ပ်ဂီတ သီချင်းရေးသားခြင်းနယ်ပယ်ကို ချဲ့ထွင်နိုင်ခဲ့သဖြင့် လူသိများခဲ့သည်။ စင်မြင့်ထက်၌ မြင်ကွင်းပိုင်းဆိုင်ရာဖျော်ဖြေမှု၊ ဂီတရုပ်သံဗွီဒီယိုများ တင်ဆက်ခဲ့သဖြင့်လည်း ကျော်ကြားသည်။ မကြာခဏဆိုသလို သူမ၏ဂီတနှင့် ပုံရိပ်ကို ပြန်လည်ဆန်းသစ်တီထွင်ခြင်းများရှိသလို တစ်ဖက်တွင်လည်း သူမ၏လုပ်ငန်းပိုင်းဆိုင်ရာနယ်ပယ်တိုင်းအား ပြည့်ပြည့်စုံစုံ စီမံကြီးကြပ်ခဲ့သည်။ သူမ၏ အမျိုးမျိုးသော လက်ရာများတွင် လူမှုရေး၊ နိုင်ငံရေး၊ ဘာသာရေး၊ လိင်ကိစ္စများပါဝင်ကာ အကောင်းဘက်ဆန်သောအမြင်များ၊ ဝိဝါဒကွဲပြားသည့် ဝေဖန်မှုများ စသဖြင့်အမျိုးမျိုးအထွေထွေရရှိခဲ့သည်။ မက်ဒေါနားကို များစွာသောအနုပညာရှင်များက လွှမ်းမိုးနိုင်စွမ်းရှိသော အနုပညာရှင်ဟု ဖော်ပြကြသည်။

မစ်ရှီဂန်ပြည်နယ်တွင် မွေးဖွားကြီးပြင်းခဲ့ကာ ၁၉၇၈တွင် ခေတ်ပေါ်အက၌ သက်မွေးမှုပြုရန် နယူးယောက်မြို့ သို့ပြောင်းရွှေ့ခဲ့သည်။ Breakfast Club ရော့ခ်ဂီတဝိုင်းနင့် Emmy ဝိုင်းတွင် အဆိုတော်၊ ဂစ်တာတီးသူ၊ ဒရမ်တီးသူအဖြစ် လုပ်ကိုင်ခဲ့ပြီးနောက် မက်ဒေါနားသည် ၁၉၈၂ ၌ Sire Records တေးသံသွင်းနှင့် စာချုပ်ချုပ်ဆိုကာ မက်ဒေါနားအမည်ဖြင့်ပင် တေးအယ်လ်ဘမ်ကို နောက်တစ်နှစ်၌ ဖြန့်ချိခဲ့သည်။ ထို့နောက်ပိုင်းတွင် အောင်မြင်သော တေးအယ်လ်ဘမ်များကို ထုတ်ဝေခဲ့ရာ ၁၉၈၄၌ Like a Virgin ၊ ၁၉၈၆၌ True Blue ၊ ၁၉၉၈တွင် Ray of Light (ဂရမ်မီရ)၊ ၂၀၀၅တွင် Confessions on a Dance Floor (ဂရမ်မီရ) တို့ဖြစ်၍ ရောင်းအားကောင်းသောအခွေများဖြစ်ကြသည်။ သက်တမ်းတစ်လျှောက် အဆင့်(၁)ရသောသီချင်းများစွာ သီဆိုခဲ့၍ ထိုသီချင်းများ၌ Like a Virgin ၊ La Isla Bonita ၊ Like a Prayer ၊ Vogue ၊ Take a Bow ၊ Frozen ၊ Music ၊ Hung Up ၊ 4 Minutes တို့လည်းပါဝင်သည်။

မက်ဒေါနား၏ လူကြိုက်များမှုကို သူမ၏ရုပ်ရှင်များစွာက ပိုမိုမြှင့်တင်ပေးနိုင်ခဲ့လေရာ ထိုရုပ်ရှင်များ၌ Desperately Seeking Susan (၁၉၈၅)၊ Dick Tracy (၁၉၉၀)၊ A League of Their Own (၁၉၉၂)၊ Evita (၁၉၉၆)တို့ဖြစ်ကြသည်။ Evita ရုပ်ရှင်၌ ရွှေကမ္ဘာလုံးဆု ကို အကောင်းဆုံးဇာတ်ဆောင်မင်းသမီး အဖြစ်ရရှိခဲ့သည်။ သူမ၏ အခြားများစွာသော ရုပ်ရှင်ဇာတ်ကားများ၌ ရလဒ်မကောင်းသောဝေဖန်တုံ့ပြန်မှုများရခဲ့သည်။ စီးပွားရေးသမားတစ်ဦးအနေဖြင့် Maverick ကုမ္ပဏီ (Maverick Records တေးသံသွင်းအပါအဝင်) ကို ၁၉၉၂တွင် တည်ထောင်ခဲ့သည်။ အခြားသော စွန့်စားလုပ်ကိုင်ခြင်းများ၌ ဖက်ရှင်ဒီဇိုင်းများ၊ ကလေးစာအုပ်များ (ရေးသားခြင်း) ၊ ကျန်းမာရေးစင်တာ၊ ရုပ်ရှင်ရိုက်ကူးထုတ်လုပ်ခြင်းတို့ပါဝင်လေသည်။ ရန်ပုံငွေပွဲများစွာအတွက် အကျိုးပြုဆောင်ရွက်၍ ၁၉၉၈တွင် Ray of Light Foundation နှင့် ၂၀၀၆တွင် Raising Malawi တို့ကိုလည်းတည်ထောင်ခဲ့သည်။

ကမ္ဘာအနှံ့ တေးအချပ်ရေ သန်း(၃၀၀)ကျော်ရောင်းချခဲ့ရသည်။ ထို့ကြောင့် ဂင်းနစ်ကမ္ဘာ့စံချိန် မှတ်တမ်းက သူမအား ရောင်းအားအကောင်းဆုံးသော အမျိုးသမီးအနုပညာရှင်ဟု ဖော်ပြခဲ့သည်။။ အမေရိကတေးသံသွင်းလုပ်ငန်းအဖွဲ့က တေးအခွေပေါင်း ၆၄.၅ သန်းနှင့်အတူ သူမအား အမေရိကတွင် တတိယမြောက်ရောင်းအားအမြင့်ဆုံး အမျိုးသမီးဟု ဖော်ပြကြသည်။ ဘီလ်ဘော့ဒ် (မဂ္ဂဇင်း)က ဘီလ်ဘော့ဒ်ဇယား ထိပ်တန်းသီချင်း (၁၀၀)သမိုင်းတွင် အအောင်မြင်ဆုံး တစ်ကိုယ်တော် အနုပညာရှင်ဟု သတ်မှတ်သည်။ သမိုင်းတစ်လျှောက်၌ စုစုပေါင်းဝင်ငွေအများဆုံးရသော တစ်ကိုယ်တော်အနုပညာရှင်လည်းဖြစ်၍ အမေရိကန်ဒေါ်လာ (၁.၄)ဘီလီယံကို ဂီတပွဲလက်မှတ်များရောင်းချခြင်းဖြင့် ရရှိခဲ့သည်။ ၂၀၀၈ခုနှစ်တွင် ရော့ခ်အန်ရိုးလ် ဂုဏ်ပြုချီးမြှင့်မှုခံခဲ့ရပြီး VH1ရုပ်သံကုမ္ပဏီက ဂီတနယ်ပယ် အကြီးကျယ်ဆုံးအမျိုးသမီး (၁၀၀)၌ သတ်မှတ်၍ ရိုးလင်းစတုန်းမဂ္ဂဇင်းကလည်း သမိုင်းတစ်လျှောက်အကြီးကျယ်ဆုံးသော အနုပညာရှင် (၁၀၀)၌လည်းကောင်း သမိုင်းတစ်လျှောက်အကြီးကျယ်ဆုံးသော တေးရေးဆရာ၌လည်းကောင်း မက်ဒေါနားကို ထည့်သွင်းသတ်မှတ်ခဲ့သည်။

တေးအယ်လ်ဘမ်များ[ပြင်ဆင်ရန်]

  • Madonna (1983)
  • Like a Virgin (1984)
  • True Blue (1986)
  • Like a Prayer (1989)
  • Erotica (1992)
  • Bedtime Stories (1994)
  • Ray of Light (1998)
  • Music (2000)
  • American Life (2003)
  • Confessions on a Dance Floor (2005)
  • Hard Candy (2008)
  • MDNA (2012)
  • Rebel Heart (2015)
  • Madame X (2019)

ရုပ်ရှင်ဇာတ်ကားများ[ပြင်ဆင်ရန်]

သရုပ်ဆောင်ခဲ့သော ရုပ်ရှင်များ

  • A Certain Sacrifice (1979)
  • Desperately Seeking Susan (1985)
  • Shanghai Surprise (1986)
  • Who's That Girl (1987)
  • Bloodhounds of Broadway (1989)
  • Dick Tracy (1990)
  • Madonna: Truth or Dare (1991)
  • Shadows and Fog (1991)
  • A League of Their Own (1992)
  • Body of Evidence (1993)
  • Dangerous Game (1993)
  • Four Rooms (1995)
  • Evita (1996)
  • The Next Best Thing (2000)
  • Swept Away (2002)
  • I'm Going to Tell You a Secret (2005)
  • Arthur and the Invisibles (2006)

ရိုက်ကူးခဲ့သော ရုပ်ရှင်များ

  • Filth and Wisdom (2008)
  • W.E. (2011)

ဖျော်ဖြေရေးခရီးစဉ်ပွဲများ[ပြင်ဆင်ရန်]

  • The Virgin Tour (1985)
  • Who's That Girl World Tour (1987)
  • Blond Ambition World Tour (1990)
  • The Girlie Show World Tour (1993)
  • Drowned World Tour (2001)
  • Re-Invention World Tour (2004)
  • Confessions Tour (2006)
  • Sticky & Sweet Tour (2008–2009)
  • The MDNA Tour (2012)
  • Rebel Heart Tour (2015–2016)
  • Madame X Tour (2019–2020)


ကိုးကား[ပြင်ဆင်ရန်]

  1. George J. Leonard; Pellegrino D'Acierno (1998)။ The Italian American Heritage: A Companion to Literature and Arts။ Taylor & Francis။ p. 492။ ISBN 978-0-8153-0380-0
  2. Libraries Australia Authorities – MadonnaNational Library of Australia။ June 29, 2016 တွင် ပြန်စစ်ပြီး။
  3. "2018 America's Self-Made Women Net Worth"Forbes။ July 10, 2018July 12, 2018 တွင် ပြန်စစ်ပြီး
  4. Vasel၊ Kathryn။ "The world's 10 richest recording artists"၊ CNNMoney၊ December 2, 2014။ December 10, 2017 တွင် ပြန်စစ်ပြီး