ဘော်ရယ်စိုးဝေ

ဝီကီပီးဒီးယား မှ
ဦးဘော်ရယ်စိုးဝေ
အမျိုးသားလွှတ်တော် ကိုယ်စားလှယ်
တာဝန်ထမ်းဆောင်ဆဲ
တာဝန် စတင်
၁ ဖေဖော်ဝါရီ ၂၀၁၆
မဲဆန္ဒနယ်ကယားပြည်နယ် မဲဆန္ဒနယ် ၃
အနိုင်ရမဲ အရေအတွက်၈၁၆၂ မဲ
ကိုယ်ရေး အချက်အလက်များ
မွေးဖွား (1963-05-11) ၁၁ မေ၊ ၁၉၆၃ (အသက် ၆၀)
ဒီးမော့ဆိုမြို့နယ်၊ ကယားပြည်နယ်
လူမျိုးမြန်မာ
နိုင်ငံရေးပါတီအမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်
ကြင်ဖော်(များ)ဒေါ်တာမယ်
မိဘဦးမောင်ကြီး (ဖခင်)
ဒေါ်စိုးမယ် (မိခင်)
အလုပ်အကိုင်နိုင်ငံရေးသမား၊ ကျောင်းဆရာ (ငြိမ်း)

ဦးဘော်ရယ်စိုးဝေ (၁၁ မေ ၁၉၆၃ မွေးဖွား) သည် မြန်မာနိုင်ငံသား နိုင်ငံရေးသမားတစ်ဦးဖြစ်ပြီး အမျိုးသားလွှတ်တော် ကိုယ်စားလှယ်အဖြစ် ကယားပြည်နယ် မဲဆန္ဒနယ်အမှတ် ၃ ကိုယ်စားပြု တာဝန်ထမ်းဆောင်လျက်ရှိသည်။[၁][၂]

အစောပိုင်းဘဝ[ပြင်ဆင်ရန်]

ဦးဘော်ရယ်စိုးဝေကို ၁၉၆၃ ခုနှစ် မေလ ၁၁ ရက်နေ့တွင် ကယားပြည်နယ်၊ ဒီးမော့ဆိုမြို့နယ်၊ ဒေါညေးခူကျေးရွာတွင် ဦးမောင်ကြီးနှင့် ဒေါ်စိုးမယ်တို့က မွေးဖွားခဲ့သည်။[၁][၂]

နိုင်ငံရေး လှုပ်ရှားမှု[ပြင်ဆင်ရန်]

သူသည် အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် ပါတီဝင်တစ်ဦး ဖြစ်သည်။ ၂၀၁၅ ခုနှစ် အထွေထွေ ရွေးကောက်ပွဲတွင် ကယားပြည်နယ် မဲဆန္ဒနယ်အမှတ် ၃ မှ ဝင်ရောက်ယှဉ်ပြိုင်ခဲ့ပြီး မဲအရေအတွက် ၈၁၆၂ ဖြင့် အမျိုးသားလွှတ်တော် ကိုယ်စားလှယ်အဖြစ် ရွေးကောက်ခံခဲ့ရသည်။ သူသည် အမျိုးသားလွှတ်တော် ပြည်သူတို့၏ တိုင်ကြားစာဆိုင်ရာ ကော်မတီဝင် အဖြစ်လည်း ဆောင်ရွက်လျက်ရှိသည်။[၃][၁][၄]

ကိုးကား[ပြင်ဆင်ရန်]

  1. ၁.၀ ၁.၁ ၁.၂ Mp Profile (in my)။ 22 September 2018 တွင် ပြန်စစ်ပြီး။
  2. ၂.၀ ၂.၁ Amyotha Hluttaw (in my)။ 23 February 2020 တွင် မူရင်းအား မော်ကွန်းတင်ပြီး။ 22 September 2018 တွင် ပြန်စစ်ပြီး။
  3. Elections Results – Global New Light Of Myanmar။ Myanmar1329.rssing.com။ 22 August 2018 တွင် ပြန်စစ်ပြီး။
  4. Amyotha Hluttaw Public Complaints Committee (in my)။ 18 February 2020 တွင် မူရင်းအား မော်ကွန်းတင်ပြီး။ 22 September 2018 တွင် ပြန်စစ်ပြီး။