ဘုရင်ကို ဘုရားသခင် စောင့်ရှောက်ပါစေ
"ဘုရားသခင် ဘုရင်အား ကွယ်ကာစောင်မတော်မူ" (God Save the King) [ တစ်နည်း ဘုရားသခင် ဘုရင်မအား ကွယ်ကာစောင်မတော်မူ (God Save the Queen) - ဗြိတိသျှပြည့်ရှင်သည် ဘုရင်မဖြစ်လျှင် ] သည် မဟာဗြိတိန်နှင့် မြောက်ပိုင်းအိုင်ယာလန်ပြည်ထောင်စု၊ဓနသဟာယနိုင်ငံများနှင့် သရဖူ၏ အချုပ်အချာအာဏာသက်ရောက်သော နယ်နိမိတ်များအတွင်း သီဆိုတီးမှုတ်ရန် တရားဝင်သတ်မှတ်ထားသော နိုင်ငံတော်သီချင်း (တော်ဝင်သီချင်း)ဖြစ်သည်။
ဤသီချင်း၏ သံစဥ်ကို အသုံးပြု၍ စာသားအား ပြုပြင်ပြောင်းလဲကာ နိုင်ငံတော်သီချင်းများအဖြစ် ကမ္ဘာ့အနှံ့ သတ်မှတ်အသုံးပြုခဲ့ကြ၊ အသုံးပြုကြဆဲဖြစ်သည်။ ထို့ပြင် မြန်မာပြည်၌ ဗြိတိသျှတို့ အုပ်စိုးစဥ်ကာလတစ်လျှောက် ၁၈၂၄ မှ ၁၈၃၇ အထိ၊ တစ်ဖန် ၁၉၀၁ မှ ၁၉၄၈ အထိ "ဘုရားသခင် ဘုရင်အား ကွယ်ကာစောင်မတော်မူ" ကိုလည်းကောင်း၊ ၁၈၃၇ မှ ၁၉၀၁ အထိ "ဘုရားသခင် ဘုရင်မအား ကွယ်ကာစောင်မတော်မူ" ကိုလည်းကောင်း နိုင်ငံတော်သီချင်းအဖြစ် သီဆိုရန် ဗြိတိသျှအစိုးရက တရားဝင်ပြဌာန်းခဲ့လေသည်။
စာသား
[ပြင်ဆင်ရန်]
ဘုရားသခင် ကြင်နာတတ်သောဘုရင်အား ကွယ်ကာစောင်မတော်မူ
(God save our gracious King!)
မြင့်မြတ်လှသော ဘုရင်ကြီး သက်တော်ရှည်ပါစေ
(Long live our noble King!)
ဘုရားသခင် ဘုရင်အား ကွယ်ကာစောင်မတော်မူ
(God save the King!)
အောင်နိုင်ခြင်းအခွင့် ပေးသနားတော်မူ
(Send him victorious,)
ပျော်ရွှင်ခြင်းနှင့်ဘုန်းအသရေတော်လည်း ပေးသနားတော်မူ
(Happy and glorious,)
အကျွန်ုပ်တို့အား ကြာမြဲစွာ အုပ်ချုပ်နိုင်စေခြင်းဌာ
(Long to reign over us,)
ဘုရားသခင် ဘုရင်အား ကွယ်ကာစောင်မတော်မူ
(God save the King!)
*စာကြွင်း - အုပ်ချုပ်သူပြည့်ရှင်သည် ဘုရင်မဖြစ်လျှင် "ဘုရင်"စာလုံးအား "ဘုရင်မ"အဖြစ် ပြောင်းဆိုရသည်။