ဘုတ်နှံငှက်

ဝီကီပီးဒီးယား မှ
Centropus bengalensis
မျိုးရိုးခွဲခြားခြင်း ပြင်ဆင်
လောက: Animalia
မျိုးပေါင်းစု: Chordata
မျိုးပေါင်း: Aves
မျိုးစဉ်: Cuculiformes
မျိုးရင်း: Cuculidae
မျိုးစု: Centropus
မျိုးစိတ်:
C. bengalensis
ဒွိနာမ
Centropus bengalensis
(Gmelin, 1788)
Subspecies
  • C. b. bengalensis (Gmelin, 1788)
  • C. b. javanensis (Dumont, 1818)
  • C. b. medius Bonaparte, 1850
  • C. b. lignator Swinhoe, 1861
  • C. b. sarasinorum Stresemann, 1912

ဘုတ်နှံငှက် (အင်္ဂလိပ်: Lesser coucal) သည် ဘုတ်ငှက်အငယ်စားပင် ဖြစ်သည်။ ဘုတ်ငှက်ကဲ့သို့ ကျူကျူလီဒီးမျိုးရင်းတွင် ပါဝင်၍၊ ပါဏဗေဒအလိုအားဖြင့် စင်ထရိုပတ် ဗင်ဂါလင်ဆစ် (Centropus bengalensis) ဟု ခေါ်သည်။ အလျား ၁၅ လက်မရှိသည်။ အတောင်များ မှာ အုန်းခွံရောင် နီကျင့်ကျင့် ရှိသော်လည်း ဘုတ်ငှက်ထက် အရောင်ဖျော့သည်။ ကိုယ်ထည်မှာ မည်းနက်၍ အဝါ ရောင်ဖျော့ဖျော့ အစင်းများပါရှိသည်။ ဆောင်းတွင်းအခါတွင် ကိုယ်မွေးများမှာ အညိုရောင် ဖြစ်လာသည်။ အော် သံမှာ ကျယ်လောင်၍ ပြတ်သားသည်။ ကိုင်းတောနှင့် သက်ငယ်တောများတွင် ကျက်စား၍ တစ်ခါတစ်ရံမှသာ အခြားအရပ်များ၌ တွေ့ရတတ်သည်။

ဘုတ်နှံသည် မိုးတွင်းအခါတွင် သားပေါက်သည်။ အသိုက်ကို ကိုင်းတောထဲတွင် သစ်ရွက်ခြောက်များနှင့် ပြုလုပ်လေ့ရှိသည်။ ဥများမှာ ဘုတ်ဥထက် အနည်းငယ် ငယ်သည်။ ဘုတ်နှံကို အရှေ့နိုင်ငံများတွင် အနှံ့အပြားတွေ့ရ၍ မြန်မာနိုင်ငံ အနှံ့အပြား ကွင်းပြင်နှင့် မြစ်ဝှမ်းများတွင် တွေ့နိုင်လေသည်။[၂]

ကိုးကား[ပြင်ဆင်ရန်]

  1. BirdLife International (2016). "Centropus bengalensis". IUCN Red List of Threatened Species 2016. IUCN. 
  2. မြန်မာ့စွယ်စုံကျမ်း၊ အတွဲ(၈)