ဘီးဂီးစ်

ဝီကီပီးဒီးယား မှ
ဘီးဂီးစ်
၁၉၇၇၌တွေ့မြင်ရသော ဘီးဂီးစ်အဖွဲ့ : (အထက်မှ အောက်) ဘယ်ရီ၊ ရော်ဘင် နှင့် မောရစ်(စ်) ဂစ်ဘ်
ကိုယ်ရေး အချက်အလက်များ
အခြားအမည်များBGs
ဂီတဟန်
တက်ကြွသည့်နှစ်များ
  • ၁၉၅၈ – ၂၀၀၃
  • ၂၀၀၉ – ၂၀၁၂
တေးသံသွင်း ကုမ္ပဏီ
  • Leedon
  • Spin
  • Festival
  • Polydor
  • Atlantic
  • RSO
  • Capitol
  • Warner Bros.
ဝက်ဘ်ဆိုက်beegees.com
အဖွဲ့ဝင်ဟောင်းများBarry Gibb
Robin Gibb
Maurice Gibb
Vince Melouney
Colin Petersen[၂][၃]
Geoff Bridgford

ဘီးဂီးစ် (အင်္ဂလိပ်: The Bee Gees) သည် ၁၉၅၈တွင် ဖွဲ့စည်းသော ပေါ့ပ်ဂီတအဖွဲ့ တစ်ခုဖြစ်သည်။ ညီအကိုသုံးယောက်ဖစ်သည့် ဘယ်ရီ ဂစ်ဘ်ရော်ဘင် ဂစ်ဘ် နှင့် မောရစ်စ် ဂစ်ဘ် တို့ဖြင့်ဖွဲ့စည်းခဲ့ကြသည်။ ဤသုံးယောက်တွဲဝိုင်းသည် ၁၉၆၀နှောင်း နှင့် ၁၉၇၀ အစောပိုင်းတို့၌ ခေတ်ပေါ်လူကြိုက်များသောဂီတနယ်ပယ် (popular music) ဖျော်ဖြေတင်ဆက်မှုအနေဖြင့် အောင်မြင်ကျော်ကြားခဲ့သည်။ နောက်ပိုင်းတွင် ဒစ်(စ်)ကိုဂီတခေတ်၏ ထင်ရှားသောဖျော်ဖြေတင်ဆက်သူများအဖြစ်လည်း အောင်မြင်ခဲ့သည်။ ဤအုပ်စုသည် သိသိသာသာအားဖြင့် tight harmonies သုံးပိုင်းကို သီဆိုကြရာ၌ ရော်ဘင်၏ ရှင်းလင်းသည့် တုန်ယင်သံ (vibrato) ဗစ်ဘရားတိုး ဦးဆောင်အသံသည် ၎င်းတို့၏ အစောပိုင်း အောင်မြင်သည့်သီချင်းများ၌ အမှတ်လက္ခဏာတစ်ခုဖြစ်ကာ ဘယ်ရီ၏ အာအန်ဘီ ဖောဆက်တိုး" (falsetto) (အမြင့်သံနယ်ပယ်တစ်ခု၊ whistleအသံထက်နိမ့်၍ modal အသံထက်မြင့်သော) အသံသီဆိုမှုသည်လည်း ၁၉၇၀ အလယ်၊ နှောင်း မှ ၁၉၈၀နှစ်များအထိ ဝိသေသလက္ခဏာဖြစ်ခဲ့သည်။ ဘီးဂီးစ်တို့သည် ၎င်းတို့၏ အောင်မြင်သောသီချင်းများအားလုံးကို ကိုယ်တိုင်ရေးသားသည့်အပြင် အခြားအနုပညာရှင်များအတွက် တချို့သောအောင်မြင်သည့် သီချင်းများကိုလည်း ရေးသားထုတ်လုပ်ခဲ့သည်။

မဲန်းကျွန်းငယ်လေးတစ်ခုတွင် (Isle of Man) အင်္ဂလိပ်မိဘများမှ မွေးဖွားလာကာ ဂစ်ဘ်ညီအကိုများသည် အင်္ဂလန်နိုင်ငံမန်ချက်စတာမြို့၊ ချာလ်တန် (ချော်လ်တန်)(Chorlton) ဆင်ခြေဖုံးတွင် ၁၉၅၀နှစ်များအထိ နေထိုင်ကြသည်။ ယင်းနေရာတွင် ၁၉၅၅၌ စကစ်ဖာလ်/ရော့ခ်အန်ရိုးလ် တီးဝိုင်း the Rattlesnakes ကိုဖွဲ့စည်းခဲ့ကြသည်။ မိသားစုသည် ထို့နောက် ဩစတေးလျနိုင်ငံကွင်းစလန်ပြည်နယ်၊ မောတန် ပင်လယ်အော်ဒေသရှိ ရက်ဒ်ခလစ်ဖ်မြို့ (Redcliffe) သို့ပြောင်းရွှေ့ခဲ့သည်။ ထို့နောက် ကွင်းစလန်ရှိ ခရစ်ဘ်ကျွန်း (Cribb Island)သို့ ထပ်မံရွှေ့ပြောင်းခဲ့သည်။ ဩစတေးလျဂီတဇယား၌ ၎င်းတို့၏ (၁၂)ပုဒ်မြောက်သီချင်း Spicks and Specks ဖြင့် ပထမဆုံးအောင်မြင်မှုရရှိခဲ့ပြီးနောက် ၁၉၆၇တွင် ထုတ်လုပ်သူ ရောဘတ် စတစ်ဂ်ဝုဒ် (Robert Stigwood) က စတင်ပြီးဘီးဂီးစ်ကို ကမ္ဘာ့ပရိသတ်သိစေရန်ချပြသောအခါ ယူကေသို့ပြန်လည်ပြောင်းရွှေ့ခဲ့သည်။

ဘီးဂီးစ်အဖွဲ့သည် ကမ္ဘာအနှံ့ရောင်းအား သန်း(၁၂၀)ကျော် ရောင်းချခဲ့ရသဖြင့်[၄] တေးသီချင်း/အခွေရောင်းအား အကောင်းဆုံးသောအနုပညာရှင်များထဲတွင် ပါဝင်သည်။ ရော့ခ်အန်ရိုးလ် ဂုဏ်ပြုချီးမြှောက်မှု (Rock and Roll Hall of Fame) ကို ၁၉၉၇တွင်ရရှိ၍[၅] ထိုစဉ်ကဆုပေးသူမှာ ဘရိုင်ယန် ဝီလ်ဆန်ဖြစ်၍ ဝီလ်ဆန်သည် the Beach Boys အဖွဲ့၏ ဦးဆောင်ပုဂ္ဂိုလ်ဖြစ်သည်။ ဗြိတိန်နိုင်ငံ၏ ပထမဆုံး ဟာမိုနီ(ဂီတ) မိသားစု ကို ချီးမြှင့်ခြင်းဖြစ်သည်။ [၆] ရော့ခ်အန်ရိုးလ် ဂုဏ်ပြုချီးမြှောက်မှု ဖော်ပြချက်တွင် "အဲလ်ဗစ် ပရက်ဇ်လီဘီးတဲလ်အဖွဲ့မိုက်ကယ်ဂျက်ဆင်၊ ဂါးသ် ဘရူးခ်စ် နှင့် ပေါလ် မကားနီ တို့သာလျှင် ဘီးဂီးစ်ထက် ပို၍ရောင်းအားများကြသည်။"[၇] ဘီးဂီးစ်အဖွဲ့သည် သမိုင်း၌ ဘီးတဲလ်အဖွဲ့ နှင့် The Supremes အဖွဲ့ပြီးလျှင် တတိယမြောက် အအောင်မြင်ဆုံး ဂီတဝိုင်းလည်းဖြစ်သည်။ [၈]

၂၀၀၃ ဇန်နဝါရီတွင် မောရစ်(စ်) ဂစ်ဘ် သေဆုံးပြီးနောက် ဘယ်ရီနှင့် ရော်ဘင်တို့သည် နှစ်ပေါင်း (၄၅)လှုပ်ရှားလုပ်ကိုင်ခဲ့သော အဖွဲ့အမည်ကို ရုပ်သိမ်းလိုက်သည်။ ၂၀၀၉တွင် ရော်ဘင်သည် ၎င်းနှင့် ဘယ်ရီတို့ ဘီးဂီးစ် ကိုပြန်လည်ဖွဲ့စည်း၍ ဖျော်ဖြေမည်ဖြစ်ကြောင်း ကြေညာခဲ့၏။[၉] ရော်ဘင်သည် ၂၀၁၂ မေတွင် ကွယ်လွန်သဖြင့် ဤအဖွဲ့၌ ဘယ်ရီတစ်ဦးတည်းသာလျှင် ကျန်ရှိတော့သည်။[၁၀]

ထွက်ရှိပြီးသော တေးအယ်လ်ဘမ်များ[ပြင်ဆင်ရန်]

ထွက်ရှိပြီးသော စတူဒီယိုတေးအခွေများမှာ

  • The Bee Gees Sing and Play 14 Barry Gibb Songs (1965)
  • Spicks and Specks (1966)
  • Bee Gees' 1st (1967)
  • Horizontal (1968)
  • Idea (1968)
  • Odessa (1969)
  • Cucumber Castle (1970)
  • 2 Years On (1970)
  • Trafalgar (1971)
  • To Whom It May Concern (1972)
  • Life in a Tin Can (1973)
  • Mr. Natural (1974)
  • Main Course (1975)
  • Children of the World (1976)
  • Spirits Having Flown (1979)
  • Living Eyes (1981)
  • E.S.P. (1987)
  • One (1989)
  • High Civilization (1991)
  • Size Isn't Everything (1993)
  • Still Waters (1997)
  • This Is Where I Came In (2001)

ကိုးကား[ပြင်ဆင်ရန်]

  1. Soft Rock Music Artists။ 21 April 2017 တွင် ပြန်စစ်ပြီး။
  2. Bee Gees - Biography & History - AllMusic
  3. Colin Peterson - Biography & History - AllMusic
  4. McKay၊ Hollie။ "Barry Gibb honors brothers at sold out show, reveals Bee Gees' best song"၊ Fox News Channel၊ June 5, 2014။ February 22, 2017 တွင် ပြန်စစ်ပြီး 
  5. The Bee Gees biography (1997)။ 28 June 2011 တွင် မူရင်းအား မော်ကွန်းတင်ပြီး။ 28 May 2012 တွင် ပြန်စစ်ပြီး။
  6. The Beach Boys။ 25 October 2010 တွင် ပြန်စစ်ပြီး။
  7. Inductees: Bee Gees (1997)။ 16 June 2005 တွင် မူရင်းအား မော်ကွန်းတင်ပြီး။ 27 September 2013 တွင် ပြန်စစ်ပြီး။
  8. Caulfield၊ Keith (21 May 2012)။ Bee Gees Rank Third Among Groups for Most Hot 100 No. 1s in History။ Billboard။ 9 November 2019 တွင် ပြန်စစ်ပြီး။
  9. Michaels၊ Sean။ "Bee Gees to re-form for live comeback"၊ 8 September 2009။ 26 September 2009 တွင် ပြန်စစ်ပြီး 
  10. "Robin Gibb, Bee Gees Co-Founder, Dead at 62"၊ Rolling Stone၊ 20 May 2012။ 26 March 2020 တွင် ပြန်စစ်ပြီး။ Archived from the original on 17 September 2017။