ဘီတာပါကာတိုက်ပွဲ

ဝီကီပီးဒီးယား မှ
Battle of Bita Paka
Troops marching through a city street lined with a crowd of people. In the foreground is a soldier and beside him is an older women.
An Australian soldier of the AN&MEF and his mother in Sydney, 1914, prior to departing for Rabaul
ရက်စွဲ11 September 1914
နေရာBita Paka, south of Kabakaul on New Pomerania, German New Guinea
ရလဒ် Australian victory
စစ်ရင်ဆိုင်သည့် နိုင်ငံများ
 ဩစတြေးလျ

 ဂျာမန်အင်ပါယာ

  • German New Guinea လက်နက်ချ
တပ်မှူးများနှင့် ခေါင်းဆောင်များ
ဩစတြေးလျနိုင်ငံ Charles Elwell  Hans Wuchert လက်နက်ချ
စစ်အင်အား
500
1 light cruiser
several destroyers
61 Germans
240 Melanesian police
အသေအပျောက်
၇ ယောက်သေ
၅ ယောက် ဒဏ်ရာရ
၃၁ သေဆုံး
(1 German, 30 Melanese police)
၁၁ ဒဏ်ရာရ
(1 German, 10 Melanese police)
၇၅ အဖမ်းခံရ

ဘီတာပါကာတိုက်ပွဲ (၁၉၁၄ စက်တင်ဘာ ၁၁) သည် နယူးဗြိတိန် (ယခု ပါပွါနယူးဂီနိ၏ တစိတ်တပိုင်း) ၏ ကျွန်းတခုဖြစ်သော ခါဘာကူးတောင်ပိုင်းတွင် ဖြစ်ပွားသော တိုက်ပွဲဖြစ်ပြီး ပထမကမ္ဘာစစ်စသည်နောက် ဩစတေးလျ ရေကြောင်းနှင့်စစ်ချီတပ်မှ ဂျာမန်နယူးဂီနိ (ယခု ပါပွါနယူးဂီနိ၏ တစိတ်တပိုင်း) ကို ဝင်ရောက်သည့် ဖြစ်စဉ်၏ တစိတ်တပိုင်းတည်း။ ဩဂုတ်လ၌ နယူးဇီလန်တို့က ဂျာမန်ဆမိုအာ (ယခု ဆမိုအာ) ကို ဝင်တိုက်သည်နည်းတူ ဩစတေးလျတို့ ရည်မှန်းချက်မှာလည်း ယင်းကျွန်းရှိ ဂျမန်အရှေ့အာရှဆိုင်ရာတပ်ဖွဲ့၏ ဝိုင်ယာလက်စခန်းတို့ကို ဖျက်ဆီးရန် ဖြစ်သည်။ ဤသို့ပြုက ဗြိတိသျှတို့၏အကျိုးစီးပွားကို နှောင့်ယှက်နေသော အားကောင်းသည့် ဂျာမန်ရေတပ်ကို ခြိမ်းခြောက်နိုင်မည်ဟု ဗြိတိန်ရော ဩစတေးလျကပါ ယုံကြည်သည်။

အဆီးအတားမရှိ ကျွန်းပေါ်တက်နိုင်သော်လည်း ကုန်းပေါ်အရောက်၌ ဂျာမန်အစောင့်တပ်များနှင့် မယ်လနီရှန်ရဲတို့ ခုခံသည်ကို ကြုံရ၏။ တနေ့ကြာတိုက်ပွဲတွင် နှစ်ဘက်အထိအခိုက်များသည်။ သို့သော် ဩစတေးလျတို့က ဘီတာပါကာရှိ ဝိုင်ယာလက်စခန်းကို သိမ်းနိုင်လိုက်၏။ ဤတိုက်ပွဲသည် ဩစတေးလျအတွက် ပထမဆုံး စစ်ဆိုင်ခြင်းဖြစ်ပြီး တခုတည်းသော အအောင်မြင်ဆုံးစစ်ဆင်ရေးလည်း ဖြစ်ခဲ့သည်။ တိုက်ပွဲပြီးနောက် လက်ကျန်ဂျာမန်တပ်သည် တိုမာ (ကျွန်းရှိ အခြားတမြို့) သို့ ဆုတ်သွားသည်။ လိုက်စစ်ဆင်သည်နောက် ဂျာမန်ခံတပ်ကို သိမ်းနိုင်လိုက်ပြီး ဩစတေးလျတို့၏ ကျွန်းသိမ်းမှုကို အခုအခံ မရှိတော့ပြီ။

ကိုးကား[ပြင်ဆင်ရန်]