ဘားမားအတ်ကလပ်
ပုံပန်းသွင်ပြင်
မြန်မာနိုင်ငံ၏ ပထမဆုံးပန်းချီအသင်းဖြစ်သော ဘားမားအတ်ကလပ်ကို ၁၉၁၈ ခုနှစ်တွင် စတင်တည်ထောင်သည်။ [၁] တည်ထောင်သူများမှာ ပါမောက္ခ ကေအမ်ဝါဒ်၊ မီးရထားမင်းကြီး အေမာတင်ဂျုံး၊ ကင်းထောက်မင်းကြီး အီးဂျီကင့်ချ် စသည့် ပန်းချီပညာရှင်များနှင့် မြန်မာပန်းချီဆရာ ဦးဘဉာဏ်၊ ဦးဘဇော်၊ ဦးသက်ဝင်း၊ ဦးစံဝင်း၊ ဦးသာထွန်းတို့ဖြစ်သည်။ ဘားမားအပ်ကလပ်အသင်းသားများသည် တနင်္ဂနွေနေ့တိုင်း နံနက် ၈ နာရီမှ ၁၁ နာရီအထိ ကလပ်တွင် တွေ့ဆုံကြပြီး ပန်းချီရေးခြင်း၊ ပန်းချီသင်ပေးခြင်းတို့ကို ပြုလုပ်ကြသည်။
ကိုးကား
[ပြင်ဆင်ရန်]- သုတေသီ ရာမည ကိုကိုနိုင်၏ မြန်မာ့ပန်းချီသမိုင်း (စာ-၉၂)
- ↑ ဝင်းသဉ္ဇာမျိုး (၂၀၀၂)။ ပန်းချီဦးအုန်းလွင်။ ပထမအကြိမ်။ စာပေဗိမာန်။
![]() | ဤ မြန်မာနိုင်ငံနှင့် သက်ဆိုင်သော ဆောင်းပါးမှာ ဆောင်းပါးတိုတစ်ပုဒ် ဖြစ်သည်။ ဖြည့်စွက်ရေးသားခြင်းဖြင့် မြန်မာဝီကီပီးဒီးယားကို ကူညီပါ။ |