ဘဝသံသရာ (ရုပ်ရှင်)

ဝီကီပီးဒီးယား မှ

ဘဝသံသရာ သည် ဒါရိုက်တာ ဦးသုခ ရိုက်ကူးသည့် အသံထွက် မြန်မာဇာတ်ကားတစ်ခု ဖြစ်သည်။ မြန်မာ့ရုပ်ရှင်သမိုင်းတွင် ထင်ရှားသည့်ဇာတ်ကားများအနက် တစ်ကားအပါအဝင်ဖြစ်ပြီး နှစ်ကုန်ပိုင်းရောက်မှသာ ရုံတင်သော်လည်း ၁၉၅၆ ခုနှစ်အတွက် ဝင်ငွေအကောင်းဆုံးဇာတ်ကား ဖြစ်ခဲ့သည်။

ရိုက်ကူး ရုံတင်ခြင်း[ပြင်ဆင်ရန်]

မန္တလေးရုပ်ရှင် ကုမ္ပဏီ၏ ပွဲဦးထွက်ဇာတ်ကားဖြစ်ပြီး ဦးသုခ က ၁၉၅၅ ခုနှစ်တွင် စတင်ရိုက်ကူးရာ တစ်နှစ်ခန့် ကြာခဲ့သည်။

ရုံတင် ပြသခြင်း[ပြင်ဆင်ရန်]

၁၉၅၆ ခုနှစ်၊ ဒီဇင်ဘာ ၁၄ ရက်တွင် ရန်ကုန်မြို့ ရွှေဂုန်၊ ဂလုပ်နှင့် ကာလတန် ရုပ်ရှင်ရုံများတွင် တစ်ပြိုင်တည်း ပြသရာ အသံထွက်ဇာတ်ကားများအနက် ဝင်ငွေအကောင်းဆုံးစံချိန် ချိုးခဲ့သည်။ ဝင်ငွေ ၅၀၂၅၆၇ ကျပ် ရရှိပြီး အသံထွက်ရုပ်ရှင်များအနက် ဝင်ငွေအကောင်းဆုံး ဖြစ်သည်။ တရုတ်နိုင်ငံသို့ တင်ပို့ပြသစေရာ စတာလင်ပေါင် (၃၀၀၀) ရရှိကြောင်း သိရသည်။ [၁]

အဓိကဇာတ်ဆောင်များ[ပြင်ဆင်ရန်]

အောက်ပါသရုပ်ဆောင်များက အဓိက ပါဝင်ခဲ့သည် -

ဆုတံဆိပ်များ[ပြင်ဆင်ရန်]

အောက်ပါဆုတံဆိပ်များ ရယူနိုင်ခဲ့သည် -

  • ၁၉၅၆ မြန်မာ့ရုပ်ရှင် ထူးချွန်ဆု (ဒါရိုက်တာ)
  • ၁၉၅၆ မြန်မာ့ရုပ်ရှင် ထူးချွန်ဆု (ဇာတ်ကား)
  • ၁၉၅၆ မြန့်မာရုပ်ရှင် ထူးချွန်ဆု (အမျိုးသားပညာသည်)

ဇာတ်ဝင်တေး[ပြင်ဆင်ရန်]

ဦးသုခရေး၍ မန္တလေးရုပ်ရှင်မှ ဦးဘသိန်းသံစဉ်ထည့်ကာ ဦးသုခသီဆိုသည့် ဘဝသံသရာ ဇာတ်ဝင်တေးမှာ ယနေ့တိုင် လူကြိုက်များဆဲ ဖြစ်သည်။

ဘဝသံသရာ တံတား[ပြင်ဆင်ရန်]

ဘဝသံသရာ မီးရထားလမ်းတံတား

ရုပ်ရှင်တွင် ပါဝင်ခဲ့သည့် သာစည်နှင့် ရွှေညောင်အကြား မိုင်တိုင် (၃၇၉/၇-၈) တံတားသည်လည်း ဘဝသံသရာတံတား ဟု အမည်တွင်သွားသည်။ ၁၉၂၇ ခုနှစ်ကတည်းက တည်ဆောက်ခဲ့သော်လည်း ၁၉၅၆ ခုနှစ်ရောက်မှသာ အမည်ရသွားသည့် တံတားလည်း ဖြစ်သည်။

ကိုးကား[ပြင်ဆင်ရန်]

  1. တင်နိုင်တိုး။ ခေတ်ဟောင်းသတင်းစာများကပြောသော ၁၂ လရာသီ အဖြစ်အပျက်များ။ သူရိယစာပေ၊ ရန်ကုန်။ ၂၀၀၉ မတ်လ။