ဘရာဂါ

ဝီကီပီးဒီးယား မှ

ဘရာဂါ (ပေါ်တူဂီ: Braga ) သည် ပေါ်တူဂီ အနောက်မြောက်ပိုင်းရှိ သမိုင်းဝင် မင်ဟိုပြည်နယ်၊ ဘရာဂါခရိုင်ရှိ မြို့တမြို့ ဖြစ်သည်။ ၂၀၂၁ စာရင်းအရ မြို့နေ ၁၉၃,၃၃၃ ယောက် ရှိ၏။ ပေါ်တူဂီရှိ မြူနီစပယ်များအနက် သတ္တမအများဆုံးနေသည့် မြို့တည်း။ ဧရိယာမှာ ၁၈၃.၄ ကီလိုမီတာ ရှိသည်။ မြို့ပြနေရာမှာအစ်ဆီမြစ် (Este River) နှင့် ကာဗါ့ဒိုမြစ်တို့အကြားတွင် ဖြစ်၏။ လစ်စဘွန်းနှင့် ပေါ်တိုမြို့များနောက် ပေါ်တူဂီတွင် တတိယအကြီးဆုံး မြို့ပြနေရာပင်။

ပေါ်တူဂီ၏ ရှေးအကျဆုံးဘုရားကျောင်းများ ရှိသည်။ ဘရာဂါ ဂိုဏ်းထောက်ဘုရားကျောင်း (Archdiocese of Braga) ရှိပြီး စပိန်ဂိုဏ်းချုပ်ဘုန်းကြီး ကျောင်းထိုင်၏။ (ထိုရာထူးကို အလယ်ခေတ်က အစ်ဘီရီယန်ကျွန်းဆွယ်ဒေသအတွက် ဘရာဂါသည် ကတ်သလစ်ဂိုဏ်းထောက်ဘုရားကျောင်း ဖြစ်စဉ်က ရခဲ့သော ရာထူးတည်း။ ယခုမူ ပေါ်တူဂီကသာ ထိုအမည်ဖြင့် ဆက်သုံးသည်)

ဘရာဂါသည် ရောမအင်ပါယာခေတ်ရောက်သော် ဘရာကာရာ ဩဂတ်စတာ အမည်ဖြင့် ဂယ်လယ်စီယာပြည်နယ်၏ မြို့တော်ဖြစ်လာသည်။ မြို့တွင်း၌ ထိုခေတ်က ရဲတိုက်မှ ယနေ့တိုင်ရှိသေးပြီး ခရီးသွားတို့ လည်ပတ်နိုင်၏။ မြောက်ပိုင်း ကုန်းတွင်းပိုင်းမြို့များအတွက် ဝင်ပေါက်မြို့ဖြစ်ပြီး ပေါ်တူဂီလမ်းကြောင်း (the Portuguese Way) ခေါ် စိန့်ဂျိမ်း ဘုရားဖူးခရီးစဉ်၏ တထောက်နားရာလည်း ဟူ၏။ ၂၀၁၂ ခုတွင် ဥရောပလူငယ့်မြို့တော်အဖြစ် သတ်မှတ်ခံရသည်။

ကိုးကား[ပြင်ဆင်ရန်]