ဗြဟ္မာစိုရ်အသင်းကြီး

ဝီကီပီးဒီးယား မှ

ဗြဟ္မာစိုရ်အသင်းကြီး(၁၉၉၈)[ပြင်ဆင်ရန်]

နာရေးကူညီမှု အသင်း (ရန်ကုန်)မတိုင်မီ စတင်ခဲ့သည့် စေတနာ့ဝန်ထမ်း လူထုကူညီရေး အသင်းဖြစ်သည်။ ရန်ကုန်နာရေး အသင်းထက် ၃၊ ၄ ၊၅နှစ်စောပြီး တည်ထောင်ခဲ့သည်။ ဆရာကြီး ဦးသုခက အဆိုပါ အသင်းကို နမူနာယူကာ ရန်ကုန်တွင် နာရေးကူညီမှု အသင်းကို တည်ထောင်ခဲ့ခြင်း ဖြစ်ကြောင်း သိရှိရသည်။

စတင်ပေါ်ပေါက်လာပုံ[ပြင်ဆင်ရန်]

ဗြဟ္မာစိုရ်အသင်းကြီးသည် မန္တလေးမြို့၏ နာရေးကူညီမှုအသင်းကြီး ဖြစ်သည်။ ၁၉၉၈ မေ ရ ရက်နေ့မှာ ဗြဟ္မစိုရ် လူမှု ကူညီရေး အသင်းကို မန္တလေးတွင် စတင် ဦးဆောင် ဖွဲ့စည်း ခဲ့သည်။ တောင်စလင်း ဆရာတော် ဦးတိက္ခက ကျောင်းဝင်း အတွင်း ပေ နှစ်ရာ ပတ်လည် မြေကွက်ကို အသုံးပြုခွင့် ပေးသဖြင့် အသင်း၏ နေရာဌာန ဖြစ်လာသည်။ ဆရာတော် ဦးတိက္ခသည် ၎င်းအသင်းတွင် နာယက အဖြစ် တာဝန် ယူသည်။ နဒီ မြန်မာ ဦးအောင်ခိုင်၊ ဒေါ်ညိုမီ မိသားစုမှ နာရေးယာဉ် တစ်စီး လှူဒါန်းပြီး၊ နာရေး ကူညီမှု အပိုင်းမှာ အသားကျ လာသည့် အခါ ကျန်းမာရေး ကူညီမှု များကို ၂ဝဝဝ ခုနှစ် ဧပြီလ ၄ ရက်နေ့မှစပြီး ကူညီပေးခဲ့သည်။

စတင်တည်ထောင်ရာတွင် လူထုဒေါ်အမာလည်း နာယက အဖြစ်နှင့် ကြည့်ရှုလမ်းညွှန်ပေးခဲ့သည်။ အခမဲ့ နာရေး ကူညီမှု အပြင် ငွေကြေးမတတ်နိုင်သည့် လူနာများအား ဆေးရုံစရိတ် ငွေကြေးထောက်ပံ့ခြင်း၊ ယခုအခါ အသင်းမှ ဆေးခန်းဖွင့်လှစ်ပြီး အခမဲ့ကုသမှု ပေးခြင်းများလုပ်ဆောင်လျက်ရှိသည်။ ယခုကဲ့သို့ ဆေးကုခန်းမဖွင့်မီက ဆေးရုံတွင် တက်ရောက်ကုသလျက်ရှိပြီး ငွေကြေးမတတ်နိုင်သည့် လူနာများအား တရက်လျင် ကျပ် ၂သိန်းနှုန်းဖြင့် ကူညီခဲ့သည်ဟု လူထုစိန်ဝင်းက ပြောသည်။

လွန်ခဲ့သည့် ၂နှစ်ကျော်က ဆေးရုံဆောက်ရန် မြေနေရာ ကိုအလှူရှင်တစ်ဦးက လှူဒါန်းခဲ့သော်လည်း အစိုးရက ဆောက်လုပ်ခွင့် မပြုသဖြင့် ဆောက်လုပ်နိုင်ခြင်းမရှိပဲ ဆေးကုခန်းသာ ဖွင့်လှစ်ပြီး ကုသပေးလျက် ရှိသည်။

အထက်မြန်မာပြည်တွင် အဆိုပါ အသင်း၏ လုပ်ဆောင်မှုများမှာ ထိရောက်မှု အတိုင်းအတာ တစုံတရာ အထိကြီးမားသည်။ အကျိုးခံစားခွင့် ရရှိနေသည့် လူဦးရေ အတိုင်းအတာ အတိအကျ မသိရှိရသေး။ ဗြဟ္မစိုရ် အသင်းကို လက်ရှိတာဝန်ယူလုပ်ကိုင်နေသူများမှာ ဥက္ကဋ္ဌ ဦးမြအောင်၊ စာရေးဆရာ ကျော်ရင်မြင့် နှင့် အခြားဆရာဝန်တဦးတို့ ဖြစ်သည်။

ဗြဟ္မစိုရ် လူမှုကူညီရေးအသင်း၏ ဩဝါဒါစရိယ[ပြင်ဆင်ရန်]

  • (၁) ဘဒ္ဒန္တအဂ္ဃိယ ၊ အဘိဓဇမဟာရဋ္ဌဂုရု ၊ အဘိဓဇအဂ္ဂမဟာသဒ္ဓမ္မဇောတိက ၊ အဂ္ဂမဟာ

ပဏ္ဍိတ၊ နိုင်ငံတော်ဩဝါဒါစရိယ၊ ရွှေကျင်နိကာယာဓိပတိဥက္ကဋ္ဌ၊ မဟာနာယက၊ ရွှေကျင်သာသနာပိုင်၊ မဟာဝိသုဒ္ဓါရုံတိုက်သစ်၊ ဝါဆိုကျောင်း၊ မန္တလေးမြို့။

  • (၂) ဘဒ္ဒန္တသာသနာဘိဝံသ၊ အဘိဓဇမဟာရဋ္ဌဂုရု၊ အဘိဓဇအဂ္ဂမဟာသဒ္ဓမ္မဇောတိက

နိုင်ငံတော်ဩဝါဒါစရိယ၊ မြတောင်ကျောင်းတိုက်၊ မန္တလေးမြို့။

  • (၃) ဘဒ္ဒန္တဒေါက်တာကုမာရာဘိဝံသ၊ အဘိဓဇမဟာရဋ္ဌဂုရု၊ နိုင်ငံတော်သံဃမဟာနာယက

အဖွဲ့ ဥက္ကဋ္ဌ၊ ဗန်းမော်ကျောင်းတိုက်၊ မန္တလေးမြို့။

  • (၄) ဘဒ္ဒန္တအရိယာဘိဝံသ၊ အဂ္ဂမဟာပဏ္ဍိတ၊ မဟာနန္ဒိသေနာရာမတိုက်၊ မန္တလေးမြို့။
  • (၅) ဘဒ္ဒန္တဝိစာရိန္ဒာဘိဝံသ၊ အဘိဓဇမဟာရဋ္ဌဂုရု၊ အဂ္ဂမဟာပဏ္ဍိတ၊ အဂ္ဂမဟာသဒ္ဓမ္မ

ဇောတိကဓဇ၊ နိုင်ငံတော်ဩဝါဒါစရိယ ၊ မဟာဝိဇိတာရုံကျောင်းတိုက်၊ မန္တလေးမြို့။

  • (၆) ဘဒ္ဒန္တရာဇဓမ္မာဘိဝံသ၊ အဂ္ဂမဟာပဏ္ဍိတ၊ အဂ္ဂမဟာသဒ္ဓမ္မဇောတိကဓဇ ၊ မဟာနာယက

ဆရာတော်၊ မစိုးရိမ်တိုက်သစ်၊ မန္တလေးမြို့။

  • (၇) ဘဒ္ဒန္တတိက္ခ၊ အဂ္ဂမဟာပဏ္ဍိတ၊ ကမ္မဋ္ဌာနာစရိယ၊ မဟာဓမ္မကထိက၊ ဗဟုဇနဟိတဓရ၊

ထေရဝါဒဝံသာလင်္ကာရ၊ မရမ္မရဋ္ဌသာသနဓဇ (သီရိလင်္ကာ) နိုင်ငံတော်ဝိနည်းဓိုရ်၊ နိုင်ငံတော်ဗဟိုသံဃာ့ဝန်ဆောင်၊ ပဓာန နာယက ဆရာတော်၊ တောင်စလင်းတိုက်သစ်၊ မန္တလေးမြို့။

  • (၈) ဘဒ္ဒန္တနေမိန္ဒ၊ အဂ္ဂမဟာဂန္ထဝါစကပဏ္ဍိတ၊ မန္တလေးတိုင်း ကျောင်းထိုင်ဘုန်းကြီး

သင်တန်းကျောင်း(ကထိက)တိုက်အုပ်ဆရာတော်၊ တောင်စလင်းတိုက်သစ်၊ မန္တလေးမြို့။

နာယကအဖွဲ့[ပြင်ဆင်ရန်]

ဗြဟ္မစိုရ်လူမှုကူညီရေးအသင်း၏ နာယကအဖွဲ့ဝင် (၁၀) ဦးရှိသည်။

  1. အရီးတောင်း ဦးကျော်သိန်း
  2. အငြိမ်းစားကောလိပ်ကျောင်းအုပ်ကြီး ဦးသန်းဗိုလ်
  3. ချယ်ရီ ဦးခင်မောင်သန်း
  4. အငြိမ်းစားပါမောက္ခ ဒေါက်တာဦးသိန်းထွန်း (မျက်စိအထူးကုဆရာဝန်ကြီး)
  5. SK ဦးကျော်ဌေး
  6. ငွေတာရီ ဦးထွန်းသိန်း
  7. ဦးမြအောင်
  8. အငြိမ်းစားပါမောက္ခ ဒေါ်လှမြတ်
  9. အငြိမ်းစားပါမောက္ခ ဒေါက်တာ ဒေါ်သန်းရင်မာ
  10. အငြိမ်းစားဆည်မြောင်းညွှန်ကြားရေးမှူး ဦးသက်တင်

အလုပ်အမှုဆောင်အဖွဲ့[ပြင်ဆင်ရန်]

၂၀၁၁ ခုနှစ် မေလ ၇ ရက်နေ့က အသင်းအစည်းအဝေးခန်းမတွင် ကျင်းပသော ၁၃ နှစ်ပြည့် နှစ်ပတ်လည်အခမ်းအနားကြီးတွင် အမှုဆောင်သစ်ကို ပြန်လည်ဖွဲ့စည်း တာဝန်ပေးအပ်ခဲ့သည်။ ၂၀၁၁-၂၀၁၂ ခုနှစ် အမှုဆောင်အဖွဲ့ဝင်များမှာ အောက်ပါအတိုင်းဖြစ်သည်။

  1. ဒေါက်တာဦးဝင်းမြင့် ဥက္ကဋ္ဌ
  2. အငြိမ်းစားရုံပိုင်ချုပ်ကြီးဦးဝင်းမြင့် ဒုတိယ ဥက္ကဋ္ဌ
  3. ဒေါက်တာဦးစိုးတင့် ဒုတိယ ဥက္ကဋ္ဌ
  4. ဦးတင်ကျော်ဝင်း အတွင်းရေးမှူး
  5. ဒေါက်တာဦးဌေးဝင်း တွဲဘက် အတွင်းရေးမှူး
  6. ဦးတင်ဝင်းနိုင် တွဲဘက် အတွင်းရေးမှူး
  7. ဦးမျိုးထွန်း စာရင်းစစ်အဖွဲ့ခေါင်းဆောင်
  8. ဦးဘရမ်း ဘဏ္ဍာရေးမှူး
  9. ဦးကျော်ရင်မြင့် ဘဏ္ဍာရှာဖွေရေးနှင့်ပြန်ကြားရေးအဖွဲ့ခေါင်းဆောင်
  10. ဦးဇော်ဦး အလုပ်အမှုဆောင်အဖွဲ့ဝင်
  11. ဒေါက်တာဦးမျိုးမြင့် အလုပ်အမှုဆောင်အဖွဲ့ဝင်
  12. ဒေါက်တာကိုကိုလေး အလုပ်အမှုဆောင်အဖွဲ့ဝင်
  13. ဦးဘဦး အလုပ်အမှုဆောင်အဖွဲ့ဝင်
  14. ကား-ဦးသိန်းထွန်း အလုပ်အမှုဆောင်အဖွဲ့ဝင်
  15. ဦးကြီးစိုး အလုပ်အမှုဆောင်အဖွဲ့ဝင်
  16. UD-ဦးခင်မောင်ဝင်း အလုပ်အမှုဆောင်အဖွဲ့ဝင်
  17. ဦးသိန်းထွန်း(ဆားတောင်) အလုပ်အမှုဆောင်အဖွဲ့ဝင်
  18. ဦးမန်းမောင် အလုပ်အမှုဆောင်အဖွဲ့ဝင်
  19. ဦးမျိုးတင့် အလုပ်အမှုဆောင်အဖွဲ့ဝင်
  20. ဦးသန်းထိုက် အလုပ်အမှုဆောင်အဖွဲ့ဝင်
  21. ဒေါက်တာ ဒေါ်မြင့်မြင့်သိန်း အလုပ်အမှုဆောင်အဖွဲ့ဝင်
  22. ဒေါက်တာ ဒေါ်သီသီ အလုပ်အမှုဆောင်အဖွဲ့ဝင်

လိပ်စာ[ပြင်ဆင်ရန်]