ကျော်ရင်မြင့်

ဝီကီပီးဒီးယား မှ
ကျော်ရင်မြင့်
မွေးဖွားကျော်ဆန်းမြင့်
မန္တလေးတိုင်း၊ မတ္တရာမြို့နယ်၊ သုံးဆယ်ပေးရွာ
ပညာရေး
  • ရူပဗေဒ (မန္တလေးတက္ကသိုလ်)
  • သတင်းစာပညာ ဒီပလိုမာ (ကားဒစ်တက္ကသိုလ်)
မိဘ(များ)
  • ဦးဘရှိန် (ဖခင်)
  • ဒေါ်သိန်းရင် (မိခင်)

ကျော်ရင်မြင့် သည် မြန်မာစာရေးဆရာတစ်ဦး ဖြစ်သည်။

ငယ်ဘဝ[ပြင်ဆင်ရန်]

ကျောင်းဆရာ ဦးဘရှိန်နှင့် ဒေါ်သိန်းရင် တို့မှ မန္တလေးတိုင်းဒေသကြီးမတ္တရာမြို့နယ်၊ သုံးဆယ်ပေးရွာတွင် မွေးဖွားခဲ့သည်။ အမည်ရင်းမှာ ဦးကျော်ဆန်းမြင့် ဖြစ်သည်။ မန္တလေးတက္ကသိုလ်မှ ရူပဗေဒ ဘာသာရပ်အဓိကဖြင့် ၁၉၇၂-ခုနှစ်တွင် ဘွဲ့ရသည်။ အင်္ဂလန်နိုင်ငံ ကားဒစ်တက္ကသိုလ်ရှိ သွန်မဆင် ဖောင်ဒေးရှင်း (Thomson Foundation) က ပေးသော သတင်းစာပညာဒီပလိုမာကို ၁၉၉၈ တွင် ရသည်။

စာပေလှုပ်ရှားမှု[ပြင်ဆင်ရန်]

၁၉၆၈ ခု၊ ဇန်နဝါရီလထုတ် ဒို့ကျောင်းသား စာစောင်တွင် ပထမဆုံး ပုံနှိပ်ကဗျာစာမူ ဖော်ပြခံရသည်။ ၁၉၉၁-ခုနှစ်မှ စတင်၍ ဓနစီးပွားရေး မဂ္ဂဇင်း မျက်နှာဖုံး ဆောင်းပါးများ ရေးသားခဲ့ပြီး ကုမုဒြာနှင့် မော်ဒန်သတင်းဂျာနယ်၊ စံတော်ချိန်သတင်းစာ၊ မန္တလေးအလင်း သတင်းစာများတွင် ဘဝဇာတ်ခုံ လူမှုဘဝရှုခင်းခေတ်သစ်ပုံပြင် စသည့် ပင်တိုင်ကဏ္ဍများ ရေးသားလျက် ရှိသည်။

"ဘဝဇာတ်ခုံ" စာအုပ်ဖြင့် ၂၀၀၈-ခုနှစ်တွင် ထွန်းဖောင်ဒေးရှင်း၊ စာပေဆု ချီးမြှင့်ခံရသည်။ "ဖေလင်းသစ်" ကလောင်အမည်ဖြင့်လည်း စာများရေးသည်။ ၁၉၉၈ ခုနှစ်တွင် စာရေးဆရာမကြီး လူထုဒေါ်အမာ ဦးဆောင်ဖွဲ့စည်းသည့် ဗြဟ္မစိုရ် လူမှုကူညီရေးအသင်း ဖွဲ့စည်းရာတွင် ပါဝင်ပြီး ၂၀၁၂ အထိ အတွင်းရေးမှူး တာဝန်ကို ထမ်းဆောင်ခဲ့သည်။ ရန်ကုန် သတင်းစာပညာသင်တန်းကျောင်း၊ မန္တလေး သတင်းစာပညာသင်တန်းကျောင်းတို့၏ ဒါရိုက်တာ အဖွဲ့ဝင်လည်း ဖြစ်သည်။ လက်ရှိတွင် စာအုပ်ပေါင်း ၂၆-အုပ် ရေးသား ထုတ်ဝေပြီး ဖြစ်သည်။ [၁]

ကိုးကား[ပြင်ဆင်ရန်]

  1. စနေဝတ္ထုတိုများ စာအုပ်၊ ၂၀၁၈.ဒီဇင်ဘာ. ၂၅၊ စာ-၂