မာတိကာသို့ ခုန်သွားရန်

ဗုဒ္ဓသညက၊ မဟာပရိဝါရဝဂ်

ဝီကီပီးဒီးယား မှ

အရှင်ဗုဒ္ဓသညကထေရ် သည် မြတ်စွာဘုရား၏ သာသနာတော်ရှိ ရဟန်းတစ်ပါး ဖြစ်သည်။[၁]

ဘဝဇာတ်ကြောင်း[ပြင်ဆင်ရန်]

ဝိပဿီမြတ်စွာဘုရားလက်ထက်[ပြင်ဆင်ရန်]

ဝိပဿီမြတ်စွာဘုရား လက်ထက်တွင် ဖြစ်၏။ အရှင်ဗုဒ္ဓသညကထေရ် သည် ဘုမ္မစိုးနတ် ဖြစ်နေ၏။ မြတ်စွာဘုရားသည် အာယုသင်္ခါရကို လွှတ်တော်မူသဖြင့် မြေကြီးသည် တုန်လှုပ်၏။ ထိုအခါ ဘုမ္မစိုးနတ်၏ ဘုံဗိမာန်သည်လည်း တုန်လှုပ်၏။

ထိုအခါ ဘုမ္မစိုးနတ်သည် ဗိမာန်တုန်လှုပ်သဖြင့် ထိတ်လန့်၏။ ဝေဿဝဏ်နတ်မင်းက တုန်လှုပ်ရခြင်း အကြောင်းကို ပြောပြ၍ ထိတ်လန့်မှု ငြိမ်းအေး၏။ ထို့နောက် ဘုမ္မစိုးနတ်မင်းသည် မြတ်စွာဘုရား၏ အာနုဘော်တော်ကို ချီးကျူးပြောကြားခဲ့၏။ [၁]

အကျိုးခံစားရခြင်း[ပြင်ဆင်ရန်]

ဤဘဒ္ဒကမ္ဘာမှ ကိုးဆယ့်တစ်ကမ္ဘာထက်တွင် ဘုရားဟူသော အမှတ်သညာကို ရခဲ့သည့် အချိန်မှစကာ အပါယ်လေးဘုံသို့ မကျရောက်ခဲ့ရပေ။ ထို့ပြင် ဤဘဒ္ဒကမ္ဘာမှ တစ်ဆယ့်လေးကမ္ဘာထက်၌ “သမိတ” အမည်ဖြင့် စကြဝတေးမင်း ဖြစ်ခဲ့၏။[၁]

ဂေါတမမြတ်စွာဘုရားထက်ထက်[ပြင်ဆင်ရန်]

နောက်ဆုံးဘဝတွင် ဂေါတမမြတ်စွာဘုရား၏ သာသနာတော်တွင် အရှင်ဗုဒ္ဓသညကထေရ် အဖြစ်ဖြင့် အာသဝေါကုန်ခမ်း ရဟန္တာ ဖြစ်တော်မူ၏။[၁]

ကိုးကား[ပြင်ဆင်ရန်]

  1. ၁.၀ ၁.၁ ၁.၂ ၁.၃ ထေရာပဒါန်ပါဠိတော်၊ မဟာပရိဝါရဝဂ်