ဖြူကောင်

ဝီကီပီးဒီးယား မှ
ဖြူကောင်
North American porcupine
မြောက်အမေရိက ဖြူကောင်
သိပ္ပံနည်းကျ အမျိုးစားခွဲခြားခြင်းဤအမျိုးအစားခွဲခြားခြင်းကို ပြင်ဆင်ရန်
လောက: Animalia
မျိုးပေါင်းစု: Chordata
မျိုးပေါင်း: Mammalia
မျိုးစဉ်: Rodentia
မျိုးစဉ်သေး: Hystricomorpha
Infraorder: Hystricognathi
အုပ်စုများ ပါဝင်သည်
  • Hystricidae (ခေတ်ဟောင်း ဖြူကောင်များ)
  • Erethizontidae (ခေတ်သစ် ဖြူကောင်များ)
Cladistically included but traditionally excluded taxa

ဖြူကောင် (အင်္ဂလိပ်: Porcupine) သည် မြေတွင်းအောင်းသတ္တဝါတစ်မျိုးဖြစ်သည်။ ၎င်းသည် အန္တရာယ်နှင့်ကြုံတွေ့ပါက ခန္ဓာကိုယ်ကို လှုပ်ရမ်းခြင်းအားဖြင့် ဆူးတောင်များကို ပစ်လွှတ်ကာကွယ်လေ့ရှိသည်။ ဖြူ၏ ဆူးသည် ချွန်ထက်၍ အလွန်မာကျောပြီး ခန္ဓာကိုယ်တခုလုံးကို ဖုံးလွှမ်းထားသည့် အမွေးအမင်သဖွယ်ဖြစ်သည်။ ကိုယ်ပေါ်ရှိ ဆူးများသည် ၂-လက်မမှ ၇-လက်မအထိ အရှည်ရှိတတ်သည်။ တစ်ကိုယ်လုံးတွင် အကြီးအငယ်ဆူးပေါင်း ၁၄၀၀ မှ ၂၀၀၀ ကျော်အထိ ရှိသည်။

ဖြူ မျိုးစိတ်များစွာအနက် အာဖရိက ဖြူကောင်များသည် ၅၀ စင်တီမီတာ (၁ ပေခွဲခန့်) အကွာအဝေးသို့ ရောက်သည်အထိ ဆူးများကို ပစ်လွှတ်နိုင်သည်။ ဖြူဆူး အစူးခံရသူတို့အဖို့ အလွန်နာကျင်သော ဝေဒနာကို ခံစားရသည်။[၁]


ကိုးကား[ပြင်ဆင်ရန်]

  1. The Best Ever Book of Questions & Answers.