အိုင်ဖုန်း

ဝီကီပီးဒီးယား မှ

iPhone
အိုင်ဖုန်း ၇ ၏ အရှေ့မျက်နှာပြင်ပုံစံ
ဖန်တီးသူအက်ပဲ
ထုတ်လုပ်သူFoxconn, Pegatron
ပစ္စည်းအမျိုးအစားမိုဘိုင်းဖုန်း
ဖြန့်ချီသည့်နေ့
  • 1st gen: ဇွန် ၂၉၊ ၂၀၀၇ (၂၀၀၇-၀၆-၂၉)
  • 3G: ဇူလိုင် ၁၁၊ ၂၀၀၈ (၂၀၀၈-၀၇-၁၁)
  • 3GS: ဇွန် ၁၉၊ ၂၀၀၉ (၂၀၀၉-၀၆-၁၉)
  • 4: ဇွန် ၂၄၊ ၂၀၁၀ (၂၀၁၀-၀၆-၂၄)
  • 4S: အောက်တိုဘာ ၁၄၊ ၂၀၁၁ (၂၀၁၁-၁၀-၁၄)
  • 5: စက်တင်ဘာ ၂၁၊ ၂၀၁၂ (၂၀၁၂-၀၉-၂၁)
  • 5C5S: စက်တင်ဘာ ၂၀၊ ၂၀၁၃ (၂၀၁၃-၀၉-၂၀)
  • 6 / 6 Plus: စက်တင်ဘာ ၁၉၊ ၂၀၁၄ (၂၀၁၄-၀၉-၁၉)
  • 6S / 6S Plus: စက်တင်ဘာ ၂၅၊ ၂၀၁၅ (၂၀၁၅-၀၉-၂၅)
  • SE: မတ် ၃၁၊ ၂၀၁၆ (၂၀၁၆-၀၃-၃၁)
  • 7 / 7 Plus: စက်တင်ဘာ ၁၆၊ ၂၀၁၆ (၂၀၁၆-၀၉-၁၆)
ရောင်းရသောအရေအတွက်၁ ၀၀၀ ၀၀၀ ၀၀၀+ [၁]
စက်မောင်းစနစ်iOS
ပါဝါ
တစ်ပူးတွဲပါရှိ၍ ထပ်မံအားသွင်းနိုင်သော လီ-ပို(လီသီယမ် ပိုလီမာ)ဘတ္ထရီ
  • 1st gen: 1400 mA·h
  • 3G: 1150 mA·h
  • 3GS 1219 mA·h
  • 4: 1420 mA·h
  • 4S: 1432 mA·h
  • 5: 1440 mA·h
  • 5C: 1510 mA·h
  • 5S: 1560 mA·h
  • 6: 1810 mA·h
  • 6 Plus: 2915 mA·h
  • 6S: 1715 mA·h
  • 6S Plus: 2750 mA·h
  • SE: 1624 mA·h
  • 7: 1960 mA·h
  • 7 Plus: 2900 mA·h
အသုံးပြုသည့်ချပ်စ်အမျိုးအစား
စီပီယူ
  • 1st gen and 3G: Samsung 32-bit RISC ARM 1176JZ(F)-S v1.0[၂]
  • 3GS: 600 MHz ARM Cortex-A8[၃]
  • 4: 800 MHz ARM Cortex-A8[၄]
  • 4S: 800 MHz dual-core ARM Cortex-A9 [၅]
  • 5 / 5C: 1.3 GHz dual-core Apple A6
  • 5S: 1.3 GHz 64-bit dual-core Apple A7
  • 6 / 6 Plus: 1.4 GHz 64-bit dual-core Apple A8
  • 6S / 6S Plus: 1.85 GHz 64-bit dual-core Apple A9
မှတ်ဉာဏ်
  • 1st gen and 3G: 128 MB DDR (137 MHz)
  • 3GS: 256 MB DDR (200 MHz)
  • 4: 512 MB DDR2 (200 MHz)
  • 4S: 512 MB DDR2
  • 5 / 5C: 1 GB DDR2
  • 5S / 6 / 6 Plus: 1 GB DDR3
  • 6S / 6S Plus / SE 7: 2 GB DDR4
  • 7Plus: 3 GB DDR4 RAM
သိုလှောင်နိုင်မှုစွမ်းအား4, 8, 16, 32, 64, 128 or 256 GB [၆]
ပြသပေးနိုင်မှု
  • 1st gen and 3G: ၃.၅ in (၈၉ mm)3:2 display aspect ratio, scratch-resistant[၇] glossy glass covered screen, 262,144-color (18-bit) TN LCD, 480 × 320 px (HVGA) at 163 ppi, 200:1 contrast ratio
  • 3GS: In addition to prior, features a fingerprint-resistant oleophobic coating,[၈] and 262,144-color (18-bit) TN LCD with hardware spatial dithering[၉]
  • 4 and 4S: ၃.၅ in (၈၉ mm), 3:2 aspect ratio, aluminosilicate glass covered 16,777,216-color (24-bit) IPS LCD screen, 960 × 640 px at 326 ppi, 800:1 contrast ratio, 500 cd max brightness
  • 5 / 5C / 5S: ၄.၀ in (၁၀၀ mm); 16:9 aspect ratio; 1136 × 640 px screen resolution at 326 ppi
  • 6 / 6S: ၄.၇ in (၁၂၀ mm); 16:9 aspect ratio; 1334 × 750 px screen resolution at 326 ppi
  • 6 Plus / 6S Plus: ၅.၅ in (၁၄၀ mm); 16:9 aspect ratio; 1920 × 1080 px screen resolution at 401 ppi
ဂရပ်ဖစ်အမျိုးအစား
  • 1st gen and 3G: PowerVR MBX Lite 3D GPU[၁၀] (103 MHz)
  • 3GS: PowerVR SGX535 GPU (150 MHz)[၁၁][၁၂]
  • 4: PowerVR SGX535 GPU (200 MHz)[၁၁][၁၂]
  • 4S: PowerVR SGX543MP2 (2-core) GPU
  • 5 / 5C: PowerVR SGX543MP3 (3-core) GPU
  • 5S: PowerVR G6430 (4-core) GPU
  • 6 / 6 Plus: PowerVR GX6450 (4-core) GPU
  • 6S / 6S Plus: PowerVR GT7600 (6-core) GPU[၁၃]
ဆက်သွယ်နိုင်မှု1st gen, 3G, and 3Gs:

Wi-Fi (802.11 b/g)
4, and 4S: Wi-Fi (802.11 b/g/n
5, 5C, and 5S: Wi-Fi (802.11 a/b/g/n)
6 / 6 Plus, and 6S / 6S Plus: Wi-Fi (802.11 a/b/g/n/ac)

1st gen, 3G, 3GS, and 4: Bluetooth 2.1 + EDR
4S, 5, 5C, 5S, and 6 / 6 Plus: Bluetooth 4.0
6S / 6S Plus and 7 / 7 Plus: Bluetooth 4.2

GSM models also include
UMTS / HSDPA
850, 1900, 2100 MHz
GSM / EDGE
850, 900, 1800, 1900 MHz
CDMA model also includes
CDMA/EV-DO Rev. A
800, 1900 MHz

5:

GSM models also include
LTE
700, 2100 MHz
UMTS / HSDPA / HSPA+ / DC-HSDPA
850, 900, 1900, 2100 MHz
GSM / EDGE
850, 900, 1800, 1900 MHz
CDMA model also includes
LTE
700 MHz
CDMA / EV-DO Rev. A
800, 1900 MHz
UMTS / HSDPA / HSPA+ / DC-HSDPA
850, 900, 1900, 2100 MHz
GSM / EDGE
850, 900, 1800, 1900 MHz
အရွယ်အစား
  • 1st gen:
  • ၁၁၅ mm (၄.၅ in) H
  • ၆၁ mm (၂.၄ in) W
  • ၁၁.၆ mm (၀.၄၆ in) D
  • 3G and 3GS:
  • ၁၁၅.၅ mm (၄.၅၅ in) H
  • ၆၂.၁ mm (၂.၄၄ in) W
  • ၁၂.၃ mm (၀.၄၈ in) D
  • 4 and 4S:
  • ၁၁၅.၂ mm (၄.၅၄ in) H
  • ၅၈.၆ mm (၂.၃၁ in) W
  • ၉.၃ mm (၀.၃၇ in) D
  • 5 and 5S:
  • ၁၂၃.၈ mm (၄.၈၇ in) H
  • ၅၈.၆ mm (၂.၃၁ in) W
  • ၇.၆ mm (၀.၃၀ in) D
  • 5C:
  • ၁၂၄.၄ mm (၄.၉၀ in) H
  • ၅၉.၂ mm (၂.၃၃ in) W
  • ၈.၉၇ mm (၀.၃၅၃ in) D
  • 6:
  • ၁၃၈.၁ mm (၅.၄၄ in) H
  • ၆၇ mm (၂.၆ in) W
  • ၆.၉ mm (၀.၂၇ in) D
  • 6 Plus:
  • ၁၅၈.၁ mm (၆.၂၂ in) H
  • ၇၇.၈ mm (၃.၀၆ in) W
  • ၇.၁ mm (၀.၂၈ in) D
  • 6S:
  • ၁၃၈.၃ mm (၅.၄၄ in) H
  • ၆၇.၁ mm (၂.၆၄ in) W
  • ၇.၁ mm (၀.၂၈ in) D
  • 6S Plus:
  • ၁၅၈.၂ mm (၆.၂၃ in) H
  • ၇၇.၉ mm (၃.၀၇ in) W
  • ၇.၃ mm (၀.၂၉ in) D
အလေးချိန်
  • 1st gen and 3GS:
  • ၁၃၅ g (၄.၈ oz)
  • 3G: ၁၃၃ g (၄.၇ oz)
  • 4: ၁၃၇ g (၄.၈ oz)
  • 4S: ၁၄၀ g (၄.၉ oz)
  • 5 and 5S:
  • ၁၁၂ g (၄.၀ oz)
  • 5C: ၁၃၂ g (၄.၇ oz)
  • 6: ၁၂၉ g (၄.၆ oz)
  • 6 Plus: ၁၇၂ g (၆.၁ oz)
  • 6S: ၁၄၃ g (၅.၀ oz)
  • 6S Plus: ၁၉၂ g (၆.၈ oz)
ဝက်ဘ်ဆိုဒ်www.apple.com/iphone

အိုင်ဖုန်း (အင်္ဂလိပ်: iPhone) သည် အက်ပဲကုမ္ပဏီမှ ထုတ်လုပ်သော စမတ်ဖုန်း အမျိုးအစား ဖြစ်သည်။ အိုင်ဖုန်းတွင် သူတို့ ကိုယ်ပိုင်ဖန်တီးထားသော လည်ပတ်မှုစနစ် အိုင်အိုအက်စ် (iOS ) ကို ထည့်သွင်းလည်ပတ်စေသည်။ အိုင်ဖုန်း ပထမမျိုးဆက် ကို ၂၀၀၇ ခုနှစ် ဇွန်လ ၂၉ ရက်နေ့တွင် စတင် ထုတ်ဝေခဲ့သည်။ အခုနောက်ဆုံးထွက်ရှိထားသော အိုင်ဖုန်းများမှာ အိုင်ဖုန်း ၁၄ ပရိုနှင့် အိုင်ဖုန်း ၁၄ ပရို မက်စ်တို့ဖြစ်သည်။ အဆိုပါ အိုင်ဖုန်း ၁၄ ပရို မက်စ်ကို ၂၀၂၂ခုနှစ် စက်တင်ဘာလမှာ မိတ်ဆက်ပြသခဲ့သည်။ [၁၄]

စာရိုက်ခုံ အတုအယောင်ပါဝင်သော ထိတွေ့မှု ဖန်သားပြင်စနစ်ဖြင့် တည်ဆောက်ထားသည်။ အိုင်ဖုန်းသည် ဝိုင်ဖိုင် (သို့) မိုဘိုင်းအင်တာနက် တို့ဖြင့် အင်တာနက် ဆက်သွယ်ချိတ်ဆက်နိုင်သည်။ ဓာတ်ပုံ ရိုက်နိုင်သည်၊ သီချင်းနားထောင်နိုင်သည်၊ အီးမေးလ် လက်ခံပြီး ပြန်လည်ပေးပို့နိုင်သည်၊ အင်တာနက် ကြည့်ရှုနိုင်သည်၊ စာတိုပေးပို့နိုင်သည်၊ မှတ်စု မှတ်သားနိုင်သည်၊ သင်္ချာတွက်ချက်နိုင်သည်၊ အသံပေးပို့နိုင်သည်။ အိုင်ဖုန်း ၃ဂျီအက်စ် မှ စတင်၍ ဗီဒီယိုပါ ရိုက်ကူးနိုင်သည်။ တခြားကုမ္ပဏီများမှ ထုတ်လုပ်ထားသော အက်ပလီကေးရှင်းများကို အလွယ်တကူ အက်ပလီကေးရှင်းစတိုးမှတဆင့် အသုံးပြုနိုင်သည်။ ၂၀၁၃ ခုနှစ် အောက်တိုဘာမှ စတင်၍ အက်ပလီကေးရှင်းစတိုးတွင် အက်ပလီကေးရှင်းစုစုပေါင်း ၁ သန်း ရှိကြောင်း ကြေညာခဲ့သည်။

လက်ရှိတွင် အိုင်ဖုန်း မျိုးဆက် ၉ ဆက်ရှိပြီးဖြစ်ပြီး အိုင်ဖုန်း မျိုးဆက်တစ်ခုခြင်းဆီတွင် အိုင်ဖုန်းလည်ပတ်မှုစနစ် အိုင်အိုအက် တစ်ခုစီဖြင့် ထွက်ရှိသည်။ ပထမ မျိုးဆက် အိုင်ဖုန်းမှာ ဂျီအက်စ်အမ် ဖုန်းဖြစ်သည်။ ပထမ မျိုးဆက် ဒီဇိုင်းကို စံ ဒီဇိုင်းအဖြစ် ထားရှိပြီး မျက်နှာပြင်အကျယ်သာ ပြောင်းလဲသွားသည်။ မျက်နှာပြင်အကျယ် ကွဲပြားမှု (၄) ခု ရှိသည်။ အိုင်ဖုန်း ၃ဂျီ နှင့် အိုင်ဖုန်း ၃ဂျီအက်စ် တို့မှာ ၃ဂျီ ဆယ်လူလာ နက်ဝက် နှင့် တည်နေရာပြ ဂျီပီအက်စ် ကို အသုံးပြုနိုင်စွမ်းရှိသည်။ အိုင်ဖိုင်း ၃ဂျီအက်စ် တွင် ပိုမိုမြန်ဆန်သော ပရောဆက်ဆာ နှင့် ပိုမိုကောင်းမွန်သော ကင်မရာတို့ကို ပြောင်းလဲခဲ့သည်။ အိုင်ဖုန်း ၄ တွင် ရုပ်ထွက်ပိုမိုကောင်းမွန်သော မျက်နှာပြင်ကို ပြောင်းလဲခဲ့သည်။ ကင်မရာကိုလည်း 5MP ရှိ ကင်မရာကို တပ်ဆင်ခဲ့သည်။ အိုင်ဖုန်း ၄အက်စ်တွင် 8MP ကင်မရာကို ပြောင်းလဲခဲ့ပြီး ပရောဆက်ဆာကို နှစ်လုံးပြိုင်သုံးနိုင်သော Dual Processor A5 ကို ပြောင်းလဲခဲ့သည်။ ထို့နောက် အသံဖြင့် အမိန့်ပေးခိုင်းစေနိုင်တဲ့ Siri (စီရီ) ကိုလည်း မိတ်ဆက်ခဲ့သည်။ အိုင်ဖုန်း ၅ တွင် ပိုမိုမြန်ဆန်သော A6 ပရောဆက်ဆာ ကို အသုံးပြုခဲ့ပြီး မျက်နှာပြင်အကျယ်ကိုလည်း ၃.၅ လက်မ မှ ၄ လက်မ သို့ပြောင်းလဲခဲ့သည်။ 3G ထက် ပိုမိုကောင်းမွန်သော LTE ကွန်ရက်ကိုပါ ချိတ်ဆက်နိုင်စွမ်း ရှိသည်။ ပိုမိုကျစ်လျစ်ကောင်းမွန်သော အားသွင်းကြိုးအသစ်ကိုလည်း မိတ်ဆက်ခဲ့သည်။ အိုင်ဖုန်း ၅စီ သည် အိုင်ဖုန်း ၅ နှင့် အတူတူပင် ဖြစ်သော်လည်း သတ္တုကိုယ်ထည်အစား ပလတ်စတစ် (ပိုလီကာဘွန်နိတ်) ကိုယ်ထည်ဖြင့် ဖြစ်သည်။ အိုင်ဖုန်း ၅အက်စ်သည် ပရော်ဆက်ဆာအသစ် A7 ပြောင်းလဲခဲ့ပြီး ပိုမိုကောင်းမွန်သော ကင်မရာကို ပြောင်းလဲခဲ့သည်။ သို့သော် MP ပြောင်းလဲခြင်း မရှိပေ။ အဓိက အသစ်အနေနဲ့ လက်ဗွေလုံခြုံရေးကို ထည့်သွင်းပေးခဲ့သည်။ အိုင်ဖုန်း ၆ နှင့် အိုင်ဖုန်း ၆ပလက်စ် တို့ကို ပိုမိုကြီးမားသော မျက်နှာပြင် များဖြင့် ထုတ်လုပ်ခဲ့သည်။ ၄.၇ လက်မ နှင့် ၅.၅ လက်မ အသီးသီးရှိကြသည်။ အိုင်ဖုန်း ၆အက်စ် နှင့် အိုင်ဖုန်း ၆အက်ပလက်စ် တွင် 12MP ရှိသော ကင်မရာများ ပါဝင်လာခဲ့သည်။ ထုတ်လုပ်ခဲ့သမျှ အိုင်ဖုန်းများတွင် အိုင်ဖုန်း ၃ဂျီအက်စ် မှာ ၁,၁၈၁ ရက်ဖြင့် အကြာဆုံး ရောင်းချခဲ့ပြီး သူ့နောက်မှာတော့ အိုင်ဖုန်း ၄ က ၁,၁၇၄ ရက်ဖြင့် ဒုတိယ အကြာဆုံး ရောင်းချခဲ့သည်။

အက်ပဲကုမ္ပဏီကို ၂၀၁၁ ခုနှစ်အတွက် တန်ဖိုးအရှိဆုံးကုမ္ပဏီအဖြစ် ရပ်တည်နိုင်ရန်အတွက် အိုင်ဖုန်း၏ ရောင်းအားသည် များစွာအထောက်အပံ့ဖြစ်စေခဲ့သည်။ [၁၅] တခြားသော စမတ်ဖုန်းများသည်လည်း အိုင်ဖုန်း၏ ဒီဇိုင်းအတိုင်း ကီးဘုတ်များ မပါဝင်ဘဲ ထိတွေ့မှု မျက်နှာပြင်များအတိုင်း ဖြစ်လာခဲ့သည်။

၂၀၁၄ ခုနှစ်တွင် တစ်ကမ္ဘာလုံး အိုင်ဖုန်းအသုံးပြုမှုသည် ၁၅ ရာခိုင်နှုန်းခန့် ရှိသည်ဟု ဂျေပီ မော်ဂန်က ခန့်မှန်းခဲ့သည်။ ၂၀၁၄ ခုနှစ် မတ်လတွင် အိုင်ဖုန်းစုစုပေါင်း ရောင်းချရမှုသည် သန်း ၅၀၀ ရှိခဲ့သည်။ ၂၀၁၅ မတ်လ တွင် အိုင်ဖုန်း သန်း ၇၀၀ အထိ ရောင်းချခဲ့ပြီး ဖြစ်ကြောင်း အက်ပဲကုမ္ပဏီ၏ အမှုဆောင်အရာရှိ ဖြစ်သူ တင်ကွတ်က ကြေညာခဲ့သည်။ [၁၆]

သမိုင်း[ပြင်ဆင်ရန်]

အိုင်ဖုန်းသည် ၂၀၀၇ ခုနှစ်မှရောင်းချခဲ့သော်လည်း၂၀၀၄ ခုနှစ်ကတည်းက အစပြုခဲ့သည်။ အက်ပဲကုမ္ပဏီ၏ ဖခင် စတိဗ်ဂျော့စ် သည် အဓိကဒီဇိုင်နာ ဂျွန်နတန် အိုင်ဗီ အပါအဝင် ဝန်ထမ်းအယောက် (၁၀၀၀) အားလျှို့ဝှက်စွာ စုစည်း၍ "ခရမ်းရောင် စီမံကိန်း" ကိုပြုလုပ်ရန် ဆို၍ စုစည်းခဲ့သည်။ အက်ပဲသည် အိုင်ဖုန်းအတွက် အမေရိကန် ဆက်သွယ်ရေး ကုမ္ပဏီကြီးဖြစ်တဲ့ AT&T နှင့် လျှို့ဝှက်စွာ ပူးပေါင်းခဲ့သည်။ အိုင်ဖုန်းထုတ်လုပ်ရန်အတွက် လပေါင်း (၃၀) အတွက် အမေရိကန် ဒေါ်လာ သန်း ၁၅၀ ကုန်ကျခဲ့သည်။

၂၀၀၇ ခုနှစ် ဇန်နဝါရိလ ၉ ရက်နေ့၊ မော့စ်ကွန်စင်တာ တွင် စတိဗ်ဂျော့စ် သည် အိုင်ဖုန်းကို မက်ခ်ဝေါ ၂၀၀၇ တွင် စတင်မိတ်ဆက်ခဲ့သည်။ အမျိုးအစား (၂) မျိုးထွက်ရှိလားပြီး 4GB အမျိုးအစားအတွက် ၄၉၉ ဒေါ်လာ၊ 8GB အမျိုးအစားအတွက်၅၉၉ ဒေါ်လာ ကုန်ကျခဲ့သည်။ ကုန်ကျစရိတ်အကုန်လုံးမှာ ၂ နှစ် စာချုပ်ဖြင့် ဖြစ်သည်။ ဇွန်လ ၂၉ ရက်နေ့တွင် ညနေ ၆ နာရီတွင် အမေရိကန်ပြည်ထောင်စုတွင် စတင်ရောင်းချခဲ့သည်။ နိုင်ငံတဝန်း ဝယ်ယူလိုသူ ရာနဲ့ ချီပြီး စတိုးဆိုင်အပြင်ဘက်မှာ တန်းစီစောင့်ဆိုင်းခဲ့ပါတယ်။ အိုင်ဖုန်းစတင်ရောင်းချခြင်းအပေါ် မီဒီယာများက "ဘုရားသခင်၏ဖုန်း" ဟု တုံ့ပြန်မှုပေးခဲ့ကြသည်။ အမေရိကန်တွင် စတင်ရောင်းချမှု အောင်မြင်ပြီးနောက်ပိုင်း ဗြိတိန်၊ ပြင်သစ်နိုင်ငံ၊ ဂျာမဏီနိုင်ငံ တို့တွင် ၂၀၀၇ နိုဝင်ဘာလ တွင် ဆက်လက်ရောင်းချခဲ့သည်။ အိုင်ယာလန်နိုင်ငံ နှင့် ဩစတေးလျနိုင်ငံတွင်တွင် ၂၀၀၈ နွေဦးရာသီတွင် ရောင်းချခဲ့သည်။

၂၀၀၈ ခုနှစ် ဇွန်လိုင်လ ၁၁ ရက်နေ့မှာတော့ အိုင်ဖုန်း၏ ဒုတိယမျိုးဆက် အိုင်ဖုန်း ၃ဂျီ ကို ၂၂ နိုင်ငံတွင် စတင်မိတ်ဆက်ခဲ့သည်။ အိုင်ဖုန်း ၃ဂျီကို နိုင်ငံပေါင်း ၈၀ ကျော်အထိ တရားဝင်ရောင်းချနိုင်ခဲ့သည်။

၂၀၀၉ ခုနှစ် ဇွန်လ ၈ ရက်နေ့မှာတော့ တတိယမျိုးဆက် အိုင်ဖုန်း ၃ဂျီအက်စ်ကို မိတ်ဆက်ခဲ့သည်။ ဇွန်လ ၁၉ ရက်နေ့တွင် အမေရိကန်ပြည်ထောင်စု နှင့် ကနေဒါနိုင်ငံတို့အပြင် တခြား ဥရောပနိုင်ငံများတွင် စတင်ရောင်းချခဲ့သည်။ အိုင်ဖုန်း အသုံးပြုသူများ၏ ၄၀ ရာခိုင်နှုန်းသည် တစ်နှစ်ဝင်ငွေ ဒေါ်လာ ၁ သိန်း ရှိသူများ ဖြစ်ကြသည်။

ပထမမျိုးဆက် အိုင်ဖုန်း၏ နောက်ကျောအခွံကို အလူမီနီယံ နှင့် ပလတ်စတစ်ဖြင့်ပြုလုပ်ခဲ့သော်လည်း အိုင်ဖုန်း ၃ဂျီ နှင့် အိုင်ဖုန်း ၃ဂျီအက်စ် တို့ကို လိုင်းဆွဲအားပိုမိုကောင်းမွန်စေရန် ရည်ရွယ်ပြီး ပလတ်စတစ်သီးသန့်ဖြင့်ပြုလုပ်ခဲ့သည်။ အိုင်ဖုန်း ၃ဂျီ 8GB အမျိုးအစားကို အမည်းရောင်၊ 16GB အမျိုးအစားကို အဖြူ၊ အမည်း (၂) မျိုးဖြင့် ရောင်းချခဲ့သည်။ အိုင်ဖုန်း ၃ဂျီအက်စ်ကိုတော့ အဖြူ၊ အမည်း (၂) မျိုးလုံး ရရှိနိုင်သည်။

အိုင်ဖုန်း ၄ ကို မျက်နှာပြင်ကိုရော အနောက်ကျောကိုပါ မှန်ဖြင့်ပြုလုပ်ထားသည်။ စတိန်းလက်စတီး ဘောင်ဖြင့် ပြုလုပ်ထားပြီး အင်တာနာကို အဆိုပါစတီး ထဲတွင်တပ်ဆင်ထားသည်။ စစရောင်းခြင်းတွင် အမည်းရောင်ဖြင့် ထွက်ရှိလာခဲ့သည်။ အဖြူရောင်ကိုတော့ အမည်းရောင် ထွက်ရှိပြီး (၁၀) လအကြာ တွင် ထွက်ရှိလာခဲ့သည်။ အိုင်ဖုန်းသည် အသုံးပြုသူများထံမှ ကောင်းမွန်သော အသံများ ပြန်လည်ရရှိခဲ့သည်။ လူကြီး လူငယ်မရွေး အိုင်ဖုန်းကို နှစ်သက်ကြသည်။ သာမန်အသုံးပြုသူများမက စီးပွားရေးအရ အသုံးပြုသူများကိုပါ ဆွဲဆောင်နိုင်ခဲ့သည်။

၂၀၁၁ ခုနှစ် ဇန်နဝါရီလ ၁၁ ရက်နေ့တွင် ဗာရီဇုန်ဆက်သွယ်ရေး ကုမ္ပဏီက အက်ပဲကုမ္ပဏီ နှင့် ပူးပေါင်း၍ CDMA အမျိုးအစား အိုင်ဖုန်း ၄ ကို စတင်ရောင်းချရန် စီစဉ်ခဲ့သည်။ ဖေဖော်ဝါရီ ၃ ရက်နေ့တွင် ကြိုတင်အမှာစာများ လက်ခံပြီး ဖေဖော်ဝါရီ ၁၀ ရက်နေ့တွင် စတင် ရောင်းချခဲ့သည်။ အိုင်ဖုန်း စတင်ရောင်းချခဲ့ချိန် ၂၀၀၇ ခုနှစ်မှ ၂၀၁၁ ခုနှစ်အထိ အိုင်ဖုန်း ကြေညာတွက် ဒေါ်လာ ၆၄၇ သန်း ကို အမေရိကန် နိုင်ငံတွင် သုံးစွဲခဲ့သည်။

၂၀၁၁ ခုနှစ် အောက်တိုဘာ ၄ ရက်နေ့တွင် အက်ပဲကုမ္ပဏီရုံးချုပ်တွင် အိုင်ဖုန်း၏ နောက်မျိုးဆက် ဖြစ်လာမည့် အိုင်ဖုန်း ၄အက်စ် ကို မိတ်ဆက်ခဲ့သည်။ စတင်ရောင်းချသည့် ၂၄ နာရီအတွင်း အလုံးရေ ၁ သန်း ရောင်းချသည်အထိ အိုင်ဖုန်း ၄အက်စ် အောင်မြင်ခဲ့သည်။ အဆိုပါ ၂၀၁၁ ခုနှစ်တွင် အက်ပဲကုမ္ပဏီ သည် နိုကီယာကုမ္ပဏီကို ကျော်ဖြတ်၍ ကမ္ဘာ့အကြီးဆုံး မိုဘိုင်းဟန်းဆက် ထုတ်လုပ်သည့်ကုမ္ပဏီ ဖြစ်လာခဲ့သည်။

၂၀၁၂ ခုနှစ် ဇန်နဝါရီလတွင် ကုမ္ပဏီ၏ ဝင်ငွေစုစုပေါင်း၏ ၅၃ ရာခိုင်နှုန်းသည် အိုင်ဖုန်းရောင်းချခဲ့ခြင်းမှ ရရှိခဲ့ပြီး ဝင်ငွေစုစုပေါင်း ဒေါ်လာ ၃၇ သန်း ရှိခဲ့သည်။ အိုင်ဖုန်း တစ်လုံးရောင်းရငွေမှာ ပျမ်းမျှ ဒေါ်လာ ၆၂၂ နှင့် ဒေါ်လာ ၆၆၀၀ အတွင်း ရှိခဲ့သည်။ အိုင်ဖုန်း ၄ အက်စ် ၏ ထုတ်လုပ်မှုစရိတ် ခန့်မှန်းတန်ဖိုးမှာ ၁၆ဂစ် အတွက် ၁၈၈ ဒေါ်လာ၊ ၃၂ဂစ် အတွက် ၂၀၇ ဒေါ်လာ နှင့် ၆၄ဂစ် အတွက် ၂၄၅ ဒေါ်လာ အသီးသီးဖြစ်သည်ဟု ခန့်မှန်းခဲ့သည်။ ၂၀၁၂ ခုနှစ် ဖေဖော်ဝါရီလတွင် အမေရိကန်နိုင်ငံ မိုဘိုင်းသုံးစွဲသူ၏ ၁၂.၄ ရာခိုင်နှုန်းသည် အိုင်ဖုန်းများ အသုံးပြုနေကြသည်ဟု ConScore ၏ အစီရင်ခံစာမှ သိရသည်။ ခန့်မှန်း အိုင်ဖုန်းအလုံးရေ ၆.၄ သန်းမှာ အသုံးပြုနေကြသည်ဟု ခန့်မှန်းရရှိသည်။

၂၀၁၂ ခုနှစ် စက်တင်ဘာလတွင် အက်ပဲလ်ကုမ္ပဏီသည် အိုင်ဖုန်း၏ ပဉ္စမမြောက်မျိုးဆက် အိုင်ဖုန်း ၅ ကို မိတ်ဆက်ခဲ့သည်။ မျက်နှာပြင် အကျယ် ၄ လက်မ တခြားထွက်ရှိပြီးသား အိုင်ဖုန်းများထက် .၅ လက်မ ပိုမိုကျယ်ဝန်းသည်။ အက်ပဲမှ သူတို့၏ မူပိုင်A6 Processor ကို အသုံးပြုထားပြီး အဆိုပါ Processor မှာ အိုင်ဖုန်း ၄ အက်စ် ထက် ၂၂ ရာခိုင်နှုန်း ပိုမိုသေးငယ်ပြီး အလုပ်လုပ်နိုင်စွမ်းမှာ ၂ ဆ ပိုမိုမြန်ဆန်သည်။ အိုင်ဖုန်း ၅ မှာ အိုင်ဖုန်း ၄ အက်စ်ထက် ၂၀ ရာခိုင်နှုန်း ပိုမိုပေါ့ပါးပြီး ၁၁၂ ဂရမ်သာလေးသည်။ အထူမှာလည်း ၁၈ ရာခိုင်နှုန်းအထိ ပိုမိုပါးလွှာပြီး အတိုင်းအတာ အနေဖြင့် ၇.၆ မီလီမီတာ သာ ရှိသည်။ ကမ္ဘာ့အပါးလွှာဆုံးဖုန်းအဖြစ် စာရင်းဝင်ခဲ့သည်။

၂၀၁၃ ခုနှစ် ဇွန်လိုင် ၂၂ ရက်နေ့မှာတော့ အက်ပဲလ်ကုမ္ပဏီရဲ့ ပစ္စည်းထောက်ပံ့သူများက မျက်နှာပြင်ပိုမိုကြီးမားသော အိုင်ဖုန်း နှင့် အိုင်ပတ် များကို ထုတ်လုပ်နေပြီဖြစ်ကြောင်း ပြောခဲ့သည်။ ပစ္စည်းထောက်ပံ့သူများကို အက်ပဲလ်ကုမ္ပဏီက မျက်နှာပြင်အကျယ် ၄ လက်မထက် ပိုမိုကြီးမားသော် အိုင်ဖုန်း နမူနာပုံစံ နှင့် ၁၃ လက်မထက် သေးငယ်သော အိုင်ပတ် နမူနာပုံစံများကို တောင်းခံခဲ့သည်။

၂၀၁၃ ခုနှစ် စက်တင်ဘာလ ၁၀ ရက်နေ့မှာတော့ အက်ပဲလ် ကုမ္ပဏီဟာ အိုင်ဖုန်း အမျိုးအစားသစ် (၂) မျိုးကို မိတ်ဆက်ခဲ့သည်။ အလယ်အလတ် တန်းစားဖုန်း အိုင်ဖုန်း ၅ စီ နှင့် မျိုးဆက်သစ် အိုင်ဖုန်း အိုင်ဖုန်း၅အက်စ် တို့ဖြစ်သည်။ အိုင်ဖုန်း၅စီ ကို ပလတ်စတစ် ကိုယ်ထည်နဲ့ ပြုလုပ်ထားပြီး အစိမ်း၊ အပြာ၊ အဝါ၊ ပန်းရောင် နှင့် အဖြူရောင်များ ရရှိနိုင်သည်။ အိုင်ဖုန်း၅အက်စ်ကိုတော့ အမဲ၊ ငွေရောင်နှင့် ရွှေရောင် ၃ မျိုးဖြင့် ထုတ်လုပ်ထားသည်။ လက်ဗွေလုံခြုံရေးစနစ် ကို အိုင်ဖုန်း၅အက်စ်တွင် စတင်မိတ်ဆက်ခဲ့ပြီး အမျိုးအစား (၂) မျိုးလုံးကို စက်တင်ဘာ ၂၀ ရက်နေ့တွင် စတင်ရောင်းချခဲ့သည်။

၂၀၁၄ ခုနှစ် စက်တင်ဘာလ ၉ ရက်နေ့မှာတော့ အိုင်ဖုန်းရဲ့ နောက်မျိုးဆက် အိုင်ဖုန်း၆ နှင့် အိုင်ဖုန်း၆ပလပ် တို့ကို မိတ်ဆက်ခဲ့သည်။ ယခင် မျက်နှာပြင်ထက် ပိုမိုကျယ်ဝန်းပြီး ၄.၇ လက်မ နှင့် ၅.၅. လက်မ အသီးသီးရှိခဲ့သည်။

ရောင်းအား နှင့် အမြတ်ငွေရရှိမှု[ပြင်ဆင်ရန်]

ပထမဆုံး အိုင်ဖုန်း မျိုးဆက်ကို (၁၅) လအတွင်း အလုံးရေ (၆.၁) သန်း ရောင်းချနိုင်ခဲ့သည်။ [၁၇]၂၀၀၈ ခုနှစ် နောက်ဆုံး (၃) လတပတ်မှာပင် BlackBerry ၏ ရောင်းအား ၅.၂ သန်းကို ကျော်ခဲ့သည်။ [၁၈]ထိုရောင်းအားသည် အက်ပဲလ်ကို နိုကီယာ နှင့် ဆမ်ဆောင်းတို့နောက်တွင် ရောင်းရငွေအားဖြင့် တတိယ အကြီးဆုံး ဖုန်းထုတ်လုပ်သူ ဖြစ်စေလာခဲ့သည်။ ရောင်းချရမှုမှာ ပိုမိုတိုးတက်လာခဲ့ပြီး ၂၀၁၀ အကုန်မှာတော့ အိုင်ဖုန်းစုစုပေါင်း အလုံးရေ ၇၃.၅ သန်း ရောင်းချခဲ့သည်။ ၂၀၀၇ ခုနှစ်က အမှုဆောက်အရာရှိချုပ် စတိဗ်ဂျော့စ် ဦးဆောင်ပြီး အက်ပဲလ်အဖွဲ့သားများ မိတ်ဆက်ခဲ့တဲ့ အိုင်ဖုန်းဟာ ၂၀၁၅ ခုနှစ်အရောက်မှာတော့ လူကြိုက်အများဆုံး စမတ်ဖုန်း တစ်လုံး ဖြစ်လာခဲ့ပါတယ်။ နောက်ဆုံး အိုင်ဖုန်းမျိုးဆက်ဖြစ်တဲ့ အိုင်ဖုန်း ၆အက်စ် ဟာ ဆိုရင် စွမ်းဆောင်ရည်အမြင့်များဆုံး ဖုန်းတစ်လုံး ဖြစ်နေပါတယ်။ ၂၀၁၅ ခုနှစ်အထိ အိုင်ဖုန်းရောင်းရငွေ မှာ သန်းပေါင်း ၆.၇ ထောင် ကျော် ရှိပြီ ဖြစ်သည်။ ပထမမျိုးဆက်တစ်ခုကိုပင် အမေရိကန် ဒေါ်လာ ၅ သန်းဖိုး ပထမ ၁ နှစ်အတွင်း ရောင်းချနိုင်ခဲ့သည်။ သုံးစွဲသူများထံမှ ကောင်းမွန်သော တုံ့ပြန်မှုများရရှိပြီး အိုင်ဖုန်းဟာ ၁ နှစ်ကို ဒေါ်လာ ၁၀ သန်းခန့် ဝင်ငွေရှိခဲ့သည်။

၂၀၁၀ ခုနှစ်မှာတော့ အိုင်ဖုန်းရဲ့ ဈေးကွက်ဝေစု ရရှိမှုသည် မိုဘိုင်းဖုန်းဈေးကွက်အားလုံး၏ ၄ ရာခိုင်နှုန်းခန့်ထိသာ ရှိခဲ့သည်။ သို့သော် အက်ပဲလ်ကုမ္ပဏီသည် တစ်ကမ္ဘာလုံး မိုဘိုင်းဖုန်းရောင်းချမှု အမြတ်စုစုပေါင်းထက် ၅၀ ရာခိုင်နှုန်း သာလွန်ခဲ့သည်။ [၁၉] အက်ပဲလ်ကုမ္ပဏီဟာ ၂၀၁၀ တတိယ ၃ လပတ်မှာ အလုံးရေ ၁၄.၁ သန်း ရောင်းချနိုင်ခဲ့သည်။ အဆိုပါ ရောင်းအားသည် ပြီးခဲ့တဲ့ နှစ်ကထက် ၉၁ ရာခိုင်နှုန်း ပိုမိုခဲ့သည်။ အမေရိကန်ပြည်ထောင်စု ဈေးကွက်တစ်ခုထဲမှာပင် ၂၀၁၀ ခုနှစ် တတိယ ၃ လပတ် မှာ အန်းဒရွိတ် စနစ်သုံး စမတ်ဖုန်း ၉.၁ သန်း တင်ပို့ ရောင်းချနိုင်ခဲ့ပြီး ဈေးကွက်၏ ၄၃.၆ ရာခိုင်နှုန်း ရှိခဲ့သည်။ အက်ပဲလ်ရဲ့ အိုင်အိုအက်စ် စနစ်မှာတော့ ဈေးကွက်၏ ၂၆.၂ ရာခိုင်နှုန်း ရရှိခဲ့သည်။ သို့သော် အိုင်ဖုန်း အလုံးရေ ၅.၅ သန်း ရောင်းချနိုင်ခဲ့ပြီး လူကြိုက်အများဆုံး မိုဘိုင်းဖုန်း တစ်လုံး ဖြစ်ခဲ့တယ်။ [၂၀]

၂၀၁၁ ခုနှစ် မတ်လ ၂ ရက်နေ့မှာ ပြုလုပ်တဲ့ အိုင်ပတ် ၂ မိတ်ဆက်တဲ့ပွဲမှာ အက်ပဲလ်ကုမ္ပဏီဟာ တစ်ကမ္ဘာလုံးကို အိုင်ဖုန်း အလုံးရေ သန်း ၁၀၀ ရောင်းချပြီးပြီ ဖြစ်ကြောင်း ကြော်ငြာခဲ့သည်။ [၂၁] ၂၀၁၁ ခုနှစ်မှာတော့ အိုင်ဖုန်းဟာ နိုကီယာကို ကျော်လွန်ပြီး ရောင်းချငွေအားဖြင့် ကမ္ဘာ့အကြီးဆုံး မိုဘိုင်းထုတ်လုပ်သည့် ကုမ္ပဏီ ဖြစ်လာခဲ့သည်။ ထိုအချိန်တွင် ဆမ်ဆောင်း၏ ဂလတ်ဆီ အက်စ် ၂ မှာ ဥရောပ နိုင်ငံမှာ အိုင်ဖုန်း ထက် ပိုမို လူကြိုက်များခဲ့ပြီး အမေရိကန်မှာတော့ အိုင်ဖုန်းကသာ လွှမ်းမိုးထားဆဲ ဖြစ်သည်။ [၂၂]

၂၀၁၂ ခုနှစ် ဇန်နဝါရီတွင် အက်ပဲလ်ကုမ္ပဏီ သည် သူတို့၏ ရောင်းအားအကောင်းဆုံးကာလ ဖြစ်သည်ဟု ပြောခဲ့သည်။ ကုမ္ပဏီ တစ်ခုလုံး၏ ဝင်ငွေ ၅၃ ရာခိုင်နှုန်းသည် အိုင်ဖုန်း အလုံးရေ ၃၇ သန်း ရောင်းရငွေမှာ ရရှိခဲ့သည်။ အိုင်ဖုန်း တစ်လုံး ပျမ်းမျှ ရောင်းရငွေ ဒေါ်လာ ၆၀၀ ခန့် ရှိခဲ့သည်။

၂၀၁၂ ခုနှစ် ပထမ ၃ လပတ်တွင် အက်ပဲလ်ကုမ္ပဏီ နှင့် ဆမ်ဆောင်း ကုမ္ပဏီ တို့ ၂ ခုပေါင်းသည် ၉၉ ရာခိုင်နှုန်းအထိ ဈေးကွက်ဝေစု ရယူထားသည်။ တခြား ၁ ရာခိုင်နှုန်းကို အက်ချ်တီစီ ကုမ္ပဏီ မှ ရရှိသည်။ တခြား မိုဘိုင်း ကုမ္ပဏီများဖြစ်သော ဘလက်ဘယ်ရီ၊ အဲလ်ဂျီ၊ ဆိုနီ၊ မိုတိုရိုလာ နှင့် နိုကီယာတို့သည် အရှုံးများ ပေါ်နေသည်။ မိုဘိုင်းလုပ်ငန်းတစ်ခုလုံးမှာ တိုးတက်လျက်ရှိပြီး ၂၀၁၀ ခုနှစ်တွင် သန်း ၅၃၀၀ ရှိရာမှ ၂၀၁၂ ခုနှစ်တွင် သန်း ၁၄၄၀၀ အထိ တိုးတက်ခဲ့သည်။ ၂၀၁၂ ခုနှစ် မတ်လ ၃၁ ရက်နေ့ အရောက်မှာတော့ အက်ပဲလ်ကုမ္ပဏီမှ အိုင်ဖုန်းတစ်ခုထဲက ရောင်းအားသည် မိုက်ခရိုဆော့ ကုမ္ပဏီ တစ်ခုလုံး၏ ဝင်ငွေထက် ကျော်လွန်ခဲ့သည်။ (ဒေါ်လာ သန်းပေါင်း ၁၇ ၄၀၀)

၂၀၁၂ ခုနှစ် အိုင်ဖုန်း၅ နှင့် အိုင်ဖုန်း၄အက်စ် တို့ဟာ အလုံးရေ ၂၇.၄ သန်း နှင့် ၁၇.၄ သန်း အသီးသီးရောင်းရပြီး အရောင်းရဆုံး မိုဘိုင်းဟန်းဆက်များ ဖြစ်ခဲ့သည်။ တတိယနေရာတွင် ဆမ်ဆောင်းကုမ္ပဏီ မှ ဂလတ်ဆီ အက်စ်၃ မှာ အလုံးရေ ၁၅.၄ သန်းဖြင့် တတိယ အရောင်းရဆုံး ဟန်းဆက်ဖြစ်သည်။

အန်းဒရွိက် လည်ပတ်မှုစနစ် နှင့် ယှဉ်ပြိုင်မှုတွေဟာ ပိုမိုပြင်းထန်လာခဲ့သည်။ ဒီအချိန်မှာ အက်ပဲလ် ဟာ သူတို့ရဲ့ အိုင်အိုအက်စ် (iOS) လည်ပတ်မှုစနစ် အဆင့်မြှင့်တင်မှုတွေကို အချိန်နှင့် တပြေးညီ ထောက်ပံ့ပေးနိုင်သော စက်ပစ္စည်းတိုင်း ရရှိနိုင်အောင် ဆောင်ရွက်ခဲ့ပြီး သုံးစွဲသူများကို ဆွဲဆောင်ခဲ့သည်။ အန်းဒရွိက်လည်ပတ်မှုစနစ် မှာတော့ ကုမ္ပဏီအချင်းချင်း လိုအပ်ချက်များနဲ့ အဆင့်မြှင့်တင်မှုများ ရရှိရန် နှောင့်နှေးလျက်ရှိသည်။ သို့သော်လည်း ၂၀၁၃ ခုနှစ်မှာ အက်ပဲလ် ရဲ့ အိုင်ဖုန်းဈေးကွက်ဟာ ၁၃.၁ ရာခိုင်နှုန်းအထိ ကျခဲ့သည်။

၂၀၁၃ ခုနှစ် စက်တင်ဘာလ ၂၀ ရက်နေ့မှာ အိုင်ဖုန်း၅အက်စ် နှင့် အိုင်ဖုန်း၅စီ တို့ကို စတင်ရောင်းချခဲ့သည်။ နယူးယောက်မြို့ရဲ့ အက်ပဲလ်အရောင်းဆိုင်များမှာ ဝယ်ယူရန် စောင့်ဆိုင်းနေသူမှာ အိုင်ဖုန်းသမိုင်းတွင် အရှည်ဆုံးဖြစ်ခဲ့သည်။ အိုင်ဖုန်း၅အက်စ် တွင် ရွှေရောင် ကို စတင်မိတ်ဆက်ခဲ့သည်။ အရောင်းဖွင့်ပြီး ပထမဦးဆုံး ရက်သတ္တပတ် မှာပင် အိုင်ဖုန်း၅အက်စ် နှင့် အိုင်ဖုန်း၅စီ တို့ စုစုပေါင်း အလုံးရေ ၉ သန်း ရောင်းချခဲ့သည်။ ပြီးခဲ့သည့် ၂၀၁၂ အက်ဖုန်း၅ ထွက်စဉ်က အလုံးရေ ၅ သန်းသာ ရောင်းချခဲ့ရခြင်းထက် သာလွန်ခဲ့သည်။ ၂၀၁၃ စက်တင်ဘာ ၂၃ ရက်နေ့မှာတော့ အိုင်အိုအက်စ် လည်ပတ်မှုစနစ် ၇ ကို သုံစွဲနေသော အလုံးရေ သန်း ၂၀၀ ရှိပြီ ဖြစ်ကြောင်း၊ ကြော်ငြာခဲ့သည်။ ၎င်းသည် လည်ပတ်မှုစနစ် အဆင့်မြှင့်တင်မှုသမိုင်းတွင် အမြန်ဆုံးဖြစ်ခဲ့သည်ဟု ဆိုသည်။

အက်ပဲလ်ကုမ္ပဏီ နဲ့ ကမ္ဘာ့အကြီးမားဆုံး မိုဘိုင်းကွန်ရက် ဖြစ်သော "ချိုင်းနားမိုဘိုင်း" တို့ကုမ္ပဏီ ၂ ခုအကြား နားလည်မှု စာချုပ်ကို ၂၀၁၃ ခုနှစ် ဒီဇင်ဘာတွင် စာချုပ်ချုပ်ဆိုနိုင်ခဲ့သည်။ အဆိုပါ စာချုပ်အရ အက်ပဲလ်ဟာ "ချိုင်းနားမိုဘိုင်း" သုံးစွဲသူ သန်း ၇၆၀ ကို အိုင်ဖုန်းများအသုံးပြုနိုင်ရန် ထောက်ပံ့ပေးမည် ဖြစ်သည်။

ထုတ်လုပ်မှု[ပြင်ဆင်ရန်]

အိုင်ဖုန်း၄ မှစတင်၍ တခြားသော အိုင်အိုအက်စ် စနစ်သုံး ပစ္စည်းများကို ထိုင်ဝမ်နိုင်ငံ Foxconn ကုမ္ပဏီမှ တာဝန်ယူထုတ်လုပ်ပေးလျက်ရှိသည်။ ၂၀၁၁ ခုနှစ်တွင် တင်ကွတ် အမှုဆောင်အရာရှိချုပ် ဖြစ်လာပြီးနောက်ပိုင်း ပစ္စည်းထုတ်လုပ်ပေးသည့် ကုမ္ပဏီများကို တိုးမြှင့်ခဲ့သည်။ ၂၀၁၂ ခုနှစ်တွင် ထွက်ရှိသော အိုင်ဖုန်း ၄အက်စ် ကို ထိုင်ဝမ်ကုမ္ပဏီများဖြစ်ကြသော Foxconn နှင့် Pegatron တို့ ကုမ္ပဏီ ၂ ခု က ထုတ်လုပ်ပေးခဲ့သည်။ အဓိက ထုတ်လုပ်ပေးနေသည့် ကုမ္ပဏီမှာ Foxconn ဖြစ်ပြီး Pegatron မှာ အမှာစာ အနည်းငယ်ကိုသာ ထုတ်လုပ်ပေးရသည်။ အိုင်ဖုန်း ၆အက်စ်ပလပ်စ် အမျိုးအစားကိုတော့ Foxconn ကုမ္ပဏီတစ်ခုတည်းကသာ ထုတ်လုပ်ပေးလျက်ရှိသည်။ [၂၃]

တုံ့ပြန်မှု[ပြင်ဆင်ရန်]

စတင်ထွက်ရှိလာသော အိုင်ဖုန်းကို သုံးဆွဲသူများက ဖုန်းလောကကို "အစအဆုံး ပြောင်းလဲလိုက်သော ဖုန်း"၊ "အကောင်းဆုံး ဖုန်း"တစ်ခုအဖြစ် တုံ့ပြန်ခဲ့ကြသည်။ ၂၀၁၁ ခုနှစ်တွင် အက်ပဲ အမှတ်တံဆိပ်သည် တန်ဖိုးအမြင့်မားဆုံး အမှတ်တံဆိပ်တစ်ခု ဖြစ်လာခဲ့သည်။

အိုင်ဖုန်းကို လူကြီးလူငယ်မရွေး ကြိုက်နှစ်သက်ကြပြီး ပုံမှန်အသုံးပြုရုံသာမက စီးပွားရေးအတွက် အသုံးပြုမှုများပါ ရှိလာခဲ့သည်။

ထုတ်လုပ်ထားသော အိုင်ဖုန်းများ[ပြင်ဆင်ရန်]

အောက်ဖော်ပြပါ အိုင်ဖုန်းအမျိုးအစားများမှာ ယခုအချိန်ထိ ထွက်ရှိထားပြီး အမျိုးအစားများ ဖြစ်ကြသည်။ အချို့‌သော အမျိုးအစား အဟောင်းများကို ဆက်လက်ထုတ်လုပ်ခြင်း မရှိတော့ပါ။

  • အိုင်ဖုန်း (၂၀၀၇ - ၂၀၀၈)
  • အိုင်ဖုန်း ၃ဂျီ (၂၀၀၈ - ၂၀၁၀)
  • အိုင်ဖုန်း ၃ဂျီအက်စ် (၂၀၀၉ - ၂၀၁၂)
  • အိုင်ဖုန်း ၄ (၂၀၁၀ - ၂၀၁၄)
  • အိုင်ဖုန်း ၄အက်စ် (၂၀၁၁ - ၂၀၁၄)
  • အိုင်ဖုန်း ၅ (၂၀၁၂ - ၂၀၁၃)
  • အိုင်ဖုန်း ၅စီ (၂၀၁၃ - ၂၀၁၅)
  • အိုင်ဖုန်း ၅အက်စ် (၂၀၁၃ - ၂၀၁၆)
  • အိုင်ဖုန်း ၆ / အိုင်ဖုန်း ၆ ပလက်စ် (၂၀၁၄ - ၂၀၁၆)
  • အိုင်ဖုန်း ၆အက်စ် / အိုင်ဖုန်း ၆ပက်စ်ပလက်စ် (၂၀၁၅ - ၂၀၁၈)
  • အိုင်ဖုန်း အက်စ်အီး (၂၀၁၆ - ၂၀၁၈)
  • အိုင်ဖုန်း ၇ / အိုင်ဖုန်း ၇ ပလက်စ် (၂၀၁၆ - ၂၀၁၉)
  • အိုင်ဖုန်း ၈ / အိုင်ဖုန်း ၈ ပလက်စ် (၂၀၁၇ - ၂၀၂၀)
  • အိုင်ဖုန်း ၁၀(X) (၂၀၁၇ - ၂၀၁၈)
  • အိုင်ဖုန်း ၁၀အာ(XR) (၂၀၁၈ - ၂၀၂၁ )
  • အိုင်ဖုန်း ၁၀အက်စ်(XS) / အိုင်ဖုန်း ၁၀ အက်စ် မက်စ် (၂၀၁၈ - ၂၀၁၉)
  • အိုင်ဖုန်း ၁၁ (၂၀၁၉ ~ ၂၀၂၂)
  • အိုင်ဖုန်း ၁၁ ပရို / အိုင်ဖုန်း ၁၁ ပရို မက်စ်(၂၀၁၉ ~ ၂၀၂၀)
  • အိုင်ဖုန်း အက်စ်အီး ၂ (၂၀၂၀ - ၂၀၂၂)
  • အိုင်ဖုန်း ၁၂ (၂၀၂၀ ~ ယနေ့ထိ)
  • အိုင်ဖုန်း ၁၂ မီနီ (၂၀၂၀ ~ ၂၀၂၂)
  • အိုင်ဖုန်း ၁၂ ပရို / အိုင်ဖုန်း ၁၂ ပရို မက်စ်(၂၀၂၀ ~ ၂၀၂၁)
  • အိုင်ဖုန်း ၁၃ မီနီ (၂၀၂၁ ~ ယနေ့ထိ )[၂၄]
  • အိုင်ဖုန်း ၁၃ (၂၀၂၁ ~ ယနေ့ထိ)[၂၄]
  • အိုင်ဖုန်း ၁၃ ပရို / အိုင်ဖုန်း ၁၂ ပရို မက်စ် (၂၀၂၁ ~ ၂၀၂၂ )[၂၅]
  • အိုင်ဖုန်း အက်စ်အီး ၃ (၂၀၂၂ - ယနေ့ထိ)
  • အိုင်ဖုန်း ၁၄ / အိုင်ဖုန်း ၁၂ ပလက်စ် (၂၀၂၂ - ယနေ့ထိ)
  • အိုင်ဖုန်း ၁၄ ပရို / အိုင်ဖုန်း ၁၄ ပရို မက်စ် (၂၀၂၂ - ယနေ့ထိ)

ကုန်ပစ္စည်းအမှတ်တံဆိပ်ဆိုင်ရာ ငြင်းခုံမှုများ[ပြင်ဆင်ရန်]

မက္ကဆီကိုနိုင်ငံ[ပြင်ဆင်ရန်]

အိုင်ဖုန်း မိတ်မဆက်မှီ ၄ နှစ်အလို ၂၀၀၃ ခုနှစ်တွင် မက္ကဆီကိုနိုင်ငံ ဆက်သွယ်ရေးဝန်ဆောင်မှုကုမ္ပဏီက အိုင်ဖုန်း (iFone) ဟူသောာ အမှတ်တံဆိပ်ကို မှတ်ပုံတင်ထားရှိခဲ့သည်။ အက်ပဲကုမ္ပဏီမှ အဆိုပါ အိုင်ဖုန်း (iFone) ဟူသောအမှတ်တံဆိပ် ပိုင်ဆိုင်ရန် ကမ်းလှမ်းချက်များ ပြုလုပ်ခဲ့သော်လည်း မက္ကဆီကို ဆက်သွယ်ရေးကုမ္ပဏီမှ ငြင်းဆန်ခဲ့သည်။ မက္ကဆီကိုနိုင်ငံ တရားရုံးမှ အိုင်ဖုန်း( (iFone)ဟူသော အမှတ်တံဆိပ်သည် မက္ကဆီကိုဆက်သွယ်ရေးကုမ္ပဏီမှ ပိုင်ဆိုင်ပြီး အက်ပဲကုမ္ပဏီ၏ အိုင်ဖုန်း (iPhone) သည် ဥပဒေချိုးဖောက်ခြင်းဖြစ်ကြောင်း ဆုံးဖြတ်ချက်ချမှတ်ခဲ့သည်။

ဘရာဇီးနိုင်ငံ[ပြင်ဆင်ရန်]

ဘရာဇီးနိုင်ငံတွင် အိုင်ဖုန်း (IPHONE) ဟူသော အမှတ်တံဆိပ်ကို အိုင်ဂျီဘီ အီလက်ထရောနစ်ကုမ္ပဏီ (IGB Eletrônica S.A.)မှ ၂၀၀၀ ခုနှစ်ကတည်းက မှတ်ပုံတင်ထားရှိခဲ့သည်။

၂၀၁၂ ခုနှစ် ဒီဇင်ဘလ ၁၈ ရက်နေ့တွင် အိုင်ဂျီဘီ ကုမ္ပဏီမှ ပထမဦးဆုံး အက်ဒရွိုက်စနစ်သုံး စမတ်ဖုန်းတစ်ခုကို ဘရာဇီးနိုင်ငံ ပြည်တွင်းဈေးကွက်အတွင်းသို့ ဖြန့်ချိခဲ့သည်။ ၂၀၁၃ ခုနှစ် ဖေဖော်ဝါရီလတွင် ဘရားဇီးနိုင်ငံ မူပိုင်ခွင့်နှင့် အမှတ်တံဆိပ်ရုံးမှ IGB ကုမ္ပဏီသည် အိုင်ဖုန်း (iPhone) ဟုသော ‌အမှတ်တံဆိပ် ပိုင်ဆိုင်ထားသူ ဖြစ်‌ကြောင်း ဆုံးဖြတ်ချက် ခဲ့သည်။ ဆုံးဖြတ်ချက်ချပြီး ၃ လ အကြာတွင် အိုင်ဂျီဘီ ကုမ္ပဏီသည် တန်ဖိုးနည်းဖုန်းတစ်လုံးကို အိုင်ဖုန်း (iPhone) ဟူသော အမှတ်တံဆိပ်တပ်၍ စတင်မိတ်ဆက်ခဲ့သည်။

၂၀၁၄ ခုနှစ် ဇွန်လတွင် အက်ပဲကုမ္ပဏီ ဒုတိယအကြိမ် တရားရုံး ဆုံးဖြတ်ချက်တွင် အနိုင်ရရှိခဲ့သည်။ တရားရုံးက အိုင်ဖုန်း (iPhone) ဟူသော အမှတ်တံဆိပ်မှာ တစ်ဦးတည်း မူပိုင်မဟုတ်ကြောင်း ဆုံးဖြတ်ချက် ချခဲ့သည်။ အိုင်ဂျီဘီ ကုမ္ပဏီဘက်မှ အယူခံဝင်ခဲ့သော်လည်း အက်ပဲကုမ္ပဏီသည် အိုင်ဂျီဘီ ကုမ္ပဏီကို အသုံးပြုခ တစ်စုံတစ်ရာမှ ပေးစရာမလိုဘဲ အိုင်ဖုန်း (iPhone) ဟူသော အမှတ်တံဆိပ်ကို အသုံးပြုခွင့် ရရှိခဲ့သည်။

ဖိလစ်ပိုင်နိုင်ငံ[ပြင်ဆင်ရန်]

ဖိလစ်ပိုင်နိုင်ငံတွင် ဆောလစ်ဂရု (Solid Group)က မိုင်ဖုန်း (MyPhone) ဟူသော အမှတ်တံဆိပ်ကို ၂၀၀၇ ခုနှစ်တွင် မိတ်ဆက်ခဲ့သည်။ မိုင်ဖုန်းကို "mylphone" ဟူ၍ အလှဆင်ထားသည်။ ဆောလစ်ဂရုမှ MyPhone အမှတ်တံဆိပ်ကို မှတ်ပုံတင်ခဲ့သည်။ အက်ပဲမှ ဖိလစ်ပိုင်နိုင်ငံ အသိဉာဏ်ဆိုင်ရာ မူပိုင်ခွင့်ရုံးတွင် "iPhone" နှင့် "MyPhone" အမှတ်တံဆိပ် ဆင်တူရိုးမှားမှုဖြင့် ဆောလစ်ဂရုကို တရားဆွဲခဲ့သည်။

၂၀၁၅ခုနှစ် အသိဉာဏ်ဆိုင်ရာ မူပိုင်ခွင့်ရုံးမှ ဆုံးဖြတ်ချက်အရ အက်ပဲကုမ္ပဏီ ရှုံးနိမ်ခဲ့သည်။ ဝယ်ယူသူများအနေဖြင့် iPhone နှင့် myPhone ကို ဆင်တူးယိုးမှားမှု မရှိနိုင်ကြောင်း ဆုံးဖြတ်ခဲ့သည်။

အိုင်ဖုန်း ထုတ်လုပ်မှု အချိန်မှတ်တမ်း[ပြင်ဆင်ရန်]

အိုင်ဖုန်းမော်ဒယ်များ၏ အချိန်မျဉ်း
iPhone SE (3rd generation)iPhone 13 ProiPhone 13iPhone 12 Pro MaxiPhone 12 ProiPhone 12iPhone 12 MiniiPhone SE (2nd generation)iPhone 11 ProiPhone 11iPhone XRiPhone XSiPhone XiPhone SE (1st generation)iPhone 8iPhone 7iPhone 6SiPhone 6iPhone 5SiPhone 5CiPhone 5iPhone 4SiPhone 4iPhone 3GSiPhone 3GiPhone (1st generation)

ရင်းမြစ်: Apple Newsroom Archive[၂၆]

ကိုးကား[ပြင်ဆင်ရန်]

  1. Apple celebrates one billion iPhones - Apple
  2. Under the Hood: The iPhone's Gaming Mettle။ Touch Arcade (June 14, 2008)။ June 13, 2013 တွင် ပြန်စစ်ပြီး။
  3. The iPhone 3GS Hardware Exposed & Analyzed။ AnandTech။ June 13, 2013 တွင် ပြန်စစ်ပြီး။
  4. iPhone 4 Teardown - Page 2။ iFixit။ June 13, 2013 တွင် ပြန်စစ်ပြီး။
  5. Toor၊ Amar (October 11, 2011)။ Benchmarks clock iPhone 4S' A5 CPU at 800MHz, show major GPU upgrade over iPhone 4။ Engadget.com။ June 13, 2013 တွင် ပြန်စစ်ပြီး။
  6. iPhone 5 - View all the technical specifications။ Apple။ June 13, 2013 တွင် ပြန်စစ်ပြီး။
  7. "iPhone Delivers Up to Eight Hours of Talk Time" (သတင်းထုတ်ပြန်ချက်)။ Apple Inc.။ June 18, 2007။
  8. Slivka၊ Eric (June 10, 2009)။ More WWDC Tidbits: iPhone 3G S Oleophobic Screen, "Find My iPhone" Live lLP။ Mac Rumors။ July 3, 2009 တွင် ပြန်စစ်ပြီး။
  9. Po-Han Lin။ iPhone Secrets and iPad Secrets and iPod Touch SecretsTechnology Depot။ December 8, 2011 တွင် ပြန်စစ်ပြီး။
  10. Update: UK graphics specialist confirms that iPhone design win။ EE Times။ 6 June 2012 တွင် မူရင်းအား မော်ကွန်းတင်ပြီး။ 12 January 2016 တွင် ပြန်စစ်ပြီး။
  11. ၁၁.၀ ၁၁.၁ Shimpi၊ Anand (June 10, 2009)။ The iPhone 3GS Hardware Exposed & Analyzed။ AnandTech။ June 10, 2009 တွင် ပြန်စစ်ပြီး။
    Sorrel၊ Charlie။ "Gadget Lab Hardware News and Reviews T-Mobile Accidentally Posts Secret iPhone 3G S Specs"၊ Wired.com၊ June 10, 2009။ June 14, 2009 တွင် ပြန်စစ်ပြီး 
  12. ၁၂.၀ ၁၂.၁ Apple A4 Teardown။ ifixit.com (June 10, 2009)။ September 9, 2010 တွင် ပြန်စစ်ပြီး။
  13. A9's GPU: Imagination PowerVR GT7600 - The Apple iPhone 6s and iPhone 6s Plus Review။ AnandTech (November 2, 2015)။ November 4, 2015 တွင် ပြန်စစ်ပြီး။
  14. iPhone 6S Plus: All About Apple's More Powerful Monster
  15. Apple Overtakes Exxon Becoming World’s Most Valuable Company - Bloomberg
  16. Gigaom | Live blog: The Apple Watch “Spring Forward” event
  17. "Apple Reports First Quarter Results" (သတင်းထုတ်ပြန်ချက်)။ Apple Inc.။ January 21, 2009။
  18. Apple iPhone 3G sales surpass RIM's Blackberry။ AppleInsider (October 21, 2008)။
  19. The Economist။ "Nokia at the crossroads: Blazing platforms"၊ February 10, 2011။ February 18, 2011 တွင် ပြန်စစ်ပြီး 
  20. Chen၊ Brian X.။ "iPhone Wins Phone Popularity Contest, Android Dominates OS | Gadget Lab"၊ Wired.com၊ November 1, 2010။ June 13, 2013 တွင် ပြန်စစ်ပြီး 
  21. "Apple: 100 Million iPhones Sold"၊ Mashable၊ March 2, 2011။ 
  22. the iPhone 4S Has Maintained Its Popularity in the US Market။ Planetinsane.com (December 25, 2011)။ 18 January 2016 တွင် မူရင်းအား မော်ကွန်းတင်ပြီး။ June 13, 2013 တွင် ပြန်စစ်ပြီး။
  23. Taiwan's Pegatron to get most iPhone 6S orders in 2015: brokerage | Economics | FOCUS TAIWAN - CNA ENGLISH NEWS
  24. ၂၄.၀ ၂၄.၁ https://www.apple.com/shop/buy-iphone/iphone-13
  25. https://www.apple.com/shop/buy-iphone/iphone-13-pro
  26. Apple Inc. (2007–2021). iPhone News - Newsroom Archive. Retrieved July 23, 2020.