ဖောရက်စ်ဂမ့် (ဝတ္ထု)

ဝီကီပီးဒီးယား မှ
ဖောရက်စ်ဂမ့်
Forrest Gump
ပထမအကြိမ် စာအုပ်၏ မျက်နှာဖုံး
စာရေးသူဝင်စတန် ဂရွင်းမ်
Winston Groom
မျက်နှာဖုံး သရုပ်ဖော်ဘီလ် ခရီဗီ
Bill Creevy[၁]
နိုင်ငံအမေရိကန်ပြည်ထောင်စု
ဘာသာစကားအင်္ဂလိပ်
ထုတ်ဝေသူဒါဗယ်ဒေး
Doubleday
ထုတ်ဝေသည့်ရက်
၁၉၈၆
မီဒီယာ အမျိုးအစားပုံနှိပ်
စာမျက်နှာ၂၂၈
ISBNဝ-၃၈၅-၂၃၁၃၄-၂
နောက်ထွက်စာအုပ်ဂမ့် အင်န် ကို (ဂမ့်နှင့် ကုမ္ပဏီ)
Gump and Co.

ဖောရက်စ်ဂမ့် (အင်္ဂလိပ်: Forrest Gump) သည် စာရေးဆရာ ဝင်စတန် ဂရွင်းမ် ရေးသားထားသော ၁၉၈၆ ခုနှစ်ထွက် ဝတ္ထုရှည်တစ်ပုဒ် ဖြစ်သည်။ စာအုပ်အမည်မှာ အဓိကဇာတ်ဆောင်၏ နာမည်ပင် ဖြစ်ပြီး၊ ထိုဇာတ်ကောင်မှာ ပုစွန်မွေးမြူရေးလုပ်ငန်းနှင့် စားပွဲတင်တင်းနစ်ခေါ် ပင်ပေါင် တံခွန်စိုက်အားကစားပြိုင်ပွဲများမှ စွန့်စွန့်စားစား ဖြစ်ရပ်များ၊ သူ၏ ကလေးဘဝက ချစ်ခြင်းမေတ္တာကို ပြန်လည်တွေးတောခြင်း၊ အူကြောင်ကြောင် ယောင်တိယောင်ချာအမူအရာများဖြင့် အမေရိကန်သမိုင်းတစ်လျှောက်တွင် ဗီယက်နမ်စစ်ပွဲ မှ ကောလိပ်ဘောလုံးအားကစားတိုင်အောင် ရသစုံလင် ပါဝင်သည့် ဇာတ်လမ်းတစ်ပုဒ်ကို ပြန်လည်ပြောပြသည့် အခြေအနေကို ပုံဖော်ထားသည်။

ဂမ့် ကို လောကကြီးအား ရိုးရှင်းစွာ နှင့် ရိုးသားစွာ ကြည့်မြင်တတ်သူအဖြစ် ပုံဖော်ထား၏။ သူ့အနေဖြင့် ဘဝတွင် မည်သည်ကို လုပ်ဆောင်ရန် အတိအကျမသိသော်ငြား သူ၏ အိုင်ကျူခေါ် ဉာဏ်ရည်ပြကိန်းမှာ နိမ့်ကျကြောင်း သိခဲ့လေသည်။ သို့သော် များပြားလှသော ဘဝအတွေ့အကြုံ ဖြစ်ရပ်မျိုးစုံတို့ကြောင့် ဂမ့်မှာ အသိပညာ ဗဟုသုတများ အလွန်တိုးတက်လာခဲ့ပေ၏။ သူ့ကမူ သူ့အနေဖြင့် ကိစ္စတွေကို လှပကောင်းမွန်အောင် ကြည့်တတ်ကြောင်း၊ သို့သော် သူက အဲ့ဒီအကြောင်းအရာတွေကို ပြောပြရင် ဒါမှမဟုတ် ရေးရရင်ဖြင့် ဂျယ်လီလေးလို ဖြစ်တတ်ကြောင်း ပြောခဲ့လေသည်။ သူ၏ ရူးလည်းရူး ထူးလည်းထူးသည့် ဉာဏစွမ်းရည်၊ တက်ကြွပြင်းထန်သည့် လုပ်ဆောင်မှုတို့ကြောင့် စွန့်စားခန်းသဖွယ် ကိစ္စအမျိုးမျိုးအဖုံဖုံကို ကြုံစေခဲ့ခြင်းလည်း ဖြစ်၏။[၂]

ထိုစာအုပ်ကို လင်းခန့် က မြန်မာဘာသာသို့ ပြန်ဆိုထားပေသည်။


ကိုးကား[ပြင်ဆင်ရန်]

  1. Book Details
  2. The Write Stuff, edited by Giles Hugo and Anne Kellas (2003-01-09)။ Forrest Gump။ The-write-stuff.com.au။ 17 March 2012 တွင် မူရင်းအား မော်ကွန်းတင်ပြီး။ 2012-06-18 တွင် ပြန်စစ်ပြီး။