ဖောင်ဝပ်

ဝီကီပီးဒီးယား မှ

ဖောင်ဝပ်(Formwork) ဆိုသည်မှာ အဆောက်အအုံ တစ်ခုဆောက်လုပ်ခြင်း၌ ကွန်ကရိလောင်းရာတွင် လိုအပ်သော ပုံသဏ္ဌာန်ရစေရန် သစ်သားများဖြင့် ဆင်ထားသော ပုံလောင်းခွက် (ကြမ်းခင်းလောင်းရန်အတွက် (table form)၊ တိုင်လောင်းရန်အတွက်(Column form)၊ ဓာတ်လှေခါးနံရံလောင်းရန်အတွက် (jump form)၊ နံရံများလောင်းရန်အတွက် (wall form) များကို သုံးပါသည်။

ကွန်ကရိလောင်းသည့် အဆောက်အဦ မှန်သမျှ ဖောင်ဝပ်ရိုက်ရသည်။ ဖောင်ဝပ်ရိုက်ရာတွင် အထပ်သားနှင့် ၃"x၂"၊ ၄"x၂"သစ်သားများကို သုံးသည်။ ဖောင်ဝပ်ဆင်ပြီးနောက် ကွန်ကရိလောင်းသည်။ ကွန်ကရိသည် တစ်ကုဗမီတာတွင် ၂.၄-တန် လေးသည်။ ထို့ကြောင့် ထု ၂၀၀-မီလီမီတာရှိသော ကွန်ကရိကြမ်းခင်းအတွက် ၂ မီတာခွဲ ပတ်လည်တွင် ကွန်ကရိချည်း အလေးချိန် ၂-တန်ခွဲလောက် လေးသည်။ ၂-မီတာခွဲ ပတ်လည်သည် လူကြီးခြေလှမ်း သုံးလှမ်းစာမျှသာ ရှိသည်။ ထို့ကြောင့် ကြမ်းခင်းကျယ်လေ ဝန်ပို လေဖြစ်ရကာ အောက်ဘက်မှ ထောက်ထားသော ထောက်များသာ မခိုင်ပါက ဖောင်ဝပ်ပြိုလဲစရာ ရှိလေသည်။ ထို့ပြင် ကွန်ကရိလောင်းခြင်းဟူသည် ငြိမ်ငြိမ်သက်သက် လုပ်ရသော အလုပ်မဟုတ်။ ကွန်ကရိများကို ကြမ်းခင်းတလျှောက် လျှောက်ဖြန့်ရသည်။ နောက်ပြီး ကွန်ကရိများ သိပ်သွားစေရန် တုန်ခါစက် (Vibratiog machine) ဖြင့် ထိုးချရသေးသည်။ အပေါ်တွင် လူများလည်းရှိရာ ထိုဝန်အားလုံးကို ခံနိုင်ရန် အရေးကြီး၏။[၁]

ကိုးကား[ပြင်ဆင်ရန်]

  1. ဦးအေးငြိမ်း (လေးမျက်နှာ)