ဖေဖေနဲ့လည်လည်သွားမယ်

ဝီကီပီးဒီးယား မှ
ဖေဖေနဲ့လည်လည်သွားမယ်
Promotional poster for the first season
အမျိုးအစားရသစုံရှိုး
နိုင်ငံ​တောင်ကိုရီးယား
ဘာသာစကားကိုရီးယား
အတွဲပေါင်း2
အပိုင်းပေါင်း102
ထုတ်လုပ်မှု
ပြသချိန်75–95 minutes
ထုတ်လွှင့်မှု
မူရင်းရုပ်သံလိုင်းMBC
မူလပြသမှုဇန်နဝါရီ ၆၊ ၂၀၁၃ (၂၀၁၃-၀၁-၀၆) – ဇန်နဝါရီ ၁၈၊ ၂၀၁၅ (၂၀၁၅-၀၁-၁၈)
ဇာတ်လမ်းတွဲစဉ်
ဆက်စပ်မှုများSunday Night
ပြင်ပလင့်(ခ်)များ
ဝက်ဘ်ဆိုဒ်

ဖေဖေနဲ့လည်လည်သွားမယ် (အင်္ဂလိပ်: Dad! Where are you going?; ဟန်းဂု: 아빠! 어디가?) သည် တောင်ကိုရီးယားနိုင်ငံ၊ MBC ရုပ်သံလိုင်းက ၂၀၁၃ မှ ၂၀၁၅ အထိ အတွဲနှစ်တွဲဖြင့် ထုတ်လွှင့်ပြသခဲ့သည့် လက်တွေ့ဘဝ ရုပ်သံအစီအစဉ်တစ်ခုဖြစ်သည်။

နာမည်ကျော် ဖခင်ငါးယောက်နှင့် ၎င်းတို့၏ သားသမီးများက ကျေးလက်ဒေသသို့ သွားရောက်ပြီး မစ်ရှင်များ ပြီးအောင် ဆောင်ရွက်ကြရသည်။ ၂၀၁၃ ခုနှစ် ဇန်နဝါရီလ ၆ရက်နေ့တွင် တနင်္ဂနွေည အစီအစဉ်အဖြစ် စတင်ပြသခဲ့သည်။ မူရင်းအဖွဲ့ဝင်များမှာ သတင်းတင်ဆက်သူ ဂင်မ်ဆောင်းဂျူ၊ သရုပ်ဆောင် လီဂျုံးဟျော့၊ ဘောလုံးကစားသမားဟောင်း ဆုန်းဂျုံးဂု၊ သရုပ်ဆောင် ဆောင်ဒုံးအီးလ်၊ Vibe မှ အဆိုတော် ယွန်းမင်းဆူတို့နှင့် ၎င်းတို့၏ ကလေးငယ်များ ဖြစ်ကြသည်။[၁][၂]

လီဂျုံးဟျော့နှင့် ဆုန်းဂျုံးဂုတို့မှာ အတွဲတစ်ပြီးသည့်နောက် ထွက်ခွာသွားကြသည်။ အတွဲနှစ်တွင် ဘောလုံးကစားသမားဟောင်း အန်းဂျောင်ဟွမ်း၊ ရက်ပါ ဂင်မ်ဂျင်းဖြို၊ သရုပ်ဆောင် လျူဂျင်းတို့ ပါဝင်လာကြသည်။[၃][၄][၅]မကြာမီပင် ဂင်မ်ဂျင်းဖြို နုတ်ထွက်သွားပြီး သရုပ်ဆောင် ဂျောင်ဝွန်းအင်က အစားထိုး ပါဝင်လာသည်။[၆]

နှစ်နှစ်တာ ထုတ်လွှင့်ပြီးသည့်နောက် ၂၀၁၅ ခုနှစ် ဇန်နဝါရီလ ၁၅ ရက်တွင် ရပ်နားခဲ့သည်။[၇]

တရုတ်နိုင်ငံအတွင်း အလွန်လူကြိုက်များသည်ဖြစ်ရာ ဟူနန်ရုပ်သံလိုင်းက Where Are We Going, Dad? အမည်ဖြင့် တရုတ်ဗားရှင်းကို ၂၀၁၃ ခုနှစ် အောက်တိုဘာလ ၁၁ရက်တွင် ထုတ်လွှင့်ခဲ့သည်။[၈]

မြန်မာနိုင်ငံတွင် 5 Plus ရုပ်သံလိုင်းက ၂၀၁၅ နှင့် ၂၀၁၆ ခုနှစ်များ၌ ထုတ်လွှင့်ပြသခဲ့သည်။

အဖွဲ့ဝင်များ[ပြင်ဆင်ရန်]

Season 1[ပြင်ဆင်ရန်]

Father Child
Kim Sung-joo Kim Min-gook (son)
Lee Jong-hyuk Lee Jun-soo (son)
Song Chong-gug Song Ji-a (daughter)
Sung Dong-il Sung Jun (son)
Yoon Min-soo Yoon Hoo (son)[၉]

Season 2[ပြင်ဆင်ရန်]

Father Child
Kim Sung-joo Kim Min-yul (son)
Sung Dong-il Sung Bin (daughter)
Yoon Min-soo Yoon Hoo (son)
Ahn Jung-hwan Ahn Ri-hwan (son)
Ryu Jin Im Chan-hyung (son)
Kim Jin-pyo Kim Gyu-won (daughter) Left mid-season and replaced by Jung Woong-in and daughter.
Jung Woong-in[၆][၁၀] Jung Se-yoon (daughter)

ဆုများနှင့် ဆန်ခါတင်စာရင်း[ပြင်ဆင်ရန်]

Year Award Category Result
2013 49th Baeksang Arts Awards[၁၁] Best Entertainment Program ဆုရရှိ

ကိုးကား[ပြင်ဆင်ရန်]

  1. Variety Roulette: Dad! Where Are We Going?Dramabeans (April 14, 2013)။ April 10, 2014 တွင် ပြန်စစ်ပြီး။
  2. Kwon၊ Mee-yoo (February 12, 2013)။ Discomfort about kids on televisionThe Korea Times။ April 10, 2014 တွင် ပြန်စစ်ပြီး။
  3. Lee၊ Sun-min (October 31, 2013)။ Where You Going gets new directionKorea JoongAng Daily။ April 10, 2014 တွင် ပြန်စစ်ပြီး။
  4. Yoon၊ Ha-youn (January 20, 2014)။ Dad, Where Are We Going? season 2 to kick off with new membersThe Korea Herald။ April 10, 2014 တွင် ပြန်စစ်ပြီး။
  5. Kim၊ Hee-eun (March 5, 2014)။ Sochi stars to appear on Dad, Where Are You GoingKorea JoongAng Daily။ April 10, 2014 တွင် ပြန်စစ်ပြီး။
  6. ၆.၀ ၆.၁ Jin၊ Eun-soo (April 10, 2014)။ Jung to finally join reality travel showKorea JoongAng Daily။ April 10, 2014 တွင် ပြန်စစ်ပြီး။
  7. Lee Hyeon-yeong (January 8, 2015)။ '아빠 어디가' 후속 '애니멀즈', 무도 PD와 다큐 PD의 만남 "서장훈·유리 출연 확정" (in Korean)။ 12 August 2019 တွင် မူရင်းအား မော်ကွန်းတင်ပြီး။ January 21, 2015 တွင် ပြန်စစ်ပြီး။
  8. Hallyu booming again in China, bigger than everKorea JoongAng Daily (March 14, 2014)။ April 10, 2014 တွင် ပြန်စစ်ပြီး။
  9. Lee၊ Sun-min (June 12, 2013)။ Child star is attacked onlineKorea JoongAng Daily။ April 10, 2014 တွင် ပြန်စစ်ပြီး။
  10. Lee၊ Sun-min (December 27, 2013)။ Jung rejects Dad, Where Are You Going offerKorea JoongAng Daily။ April 10, 2014 တွင် ပြန်စစ်ပြီး။
  11. 49th Baeksang Arts Awards » Dramabeans Korean drama recaps (9 May 2013)။ 1 September 2017 တွင် ပြန်စစ်ပြီး။

ပြင်ပလင့်ခ်များ[ပြင်ဆင်ရန်]