ဖီးလ် ဖိုဒန်

ဝီကီပီးဒီးယား မှ
ဖီးလ် ဖိုဒန်
အင်္ဂလန်လက်ရွေးစင်အသင်း နှင့်အတူ ၂၀၂၂ ကမ္ဘာ့ဖလား တွင် တွေ့ရသော ဖိုဒန်
ကိုယ်ရေးအချက်အလက်များ
မွေးသက္ကရာဇ် (2000-05-28) ၂၈ မေ၊ ၂၀၀၀ (အသက် ၂၃)
မွေးရပ်ဇာတိ Stockport, England
အရပ်အမြင့် ၅ ပေ ၇ လက်မ (၁.၇၁ မီတာ)
ကစားသည့်နေရာ Midfielder
ကလပ်နှင့်သက်ဆိုင်သောအချက်အလက်များ
လက်ရှိအသင်း
Manchester City
အင်္ကျီနံပါတ် 47
လူငယ်ဘဝကလပ်များ
2009–2016 Manchester City
အကြီးတန်း ကစားသမား*
ခုနှစ် အသင်း ကစားပွဲ (သွင်းဂိုး)
2016– Manchester City 161 (51)
နိုင်ငံကိုယ်စားပြုအသင်း
2015–2016 England U16 6 (2)
2016–2017 England U17 23 (12)
2017 England U18 2 (1)
2018 England U19 3 (1)
2018–2019 England U21 15 (4)
2020– England 33 (4)

* ဂိုးအရေအတွက်ကို ကလပ်အသင်းကြီး ကစားခြင်းနှင့်
ပြည်တွင်းလိဂ်အတွက်သာ ရေတွက်ပြီး 20:12, 4 May 2024 (UTC)အထိ ဖြစ်သည်။
† ကစားသည့် ပွဲအရေအတွက် (သွင်းဂိုး)

‡ 23:05, 26 March 2024 (UTC) အထိ နိုင်ငံကိုယ်စားပြုပွဲနှင့် သွင်းဂိုးများ

ဖိလစ် ဝေါ်တာ ဖိုဒန် (2000 ခုနှစ် မေလ 28 ရက်နေ့တွင် မွေးဖွားသည်) သည် ကလပ် မန်ချက်စတာစီးတီး နှင့် အင်္ဂလန် လက်ရွေးစင် အသင်း အတွက် ကွင်းလယ် ကစားသမား အဖြစ် ကစား နေသော အင်္ဂလိပ် ပရော်ဖက်ရှင်နယ် ဘောလုံး ကစားသမား တစ်ဦး ဖြစ်သည်။

ဖိုဒန်သည် အင်္ဂလန် ယူ -၁၇ ကမ္ဘာ့ဖလားပြိုင်ပွဲ တွင် ချန်ပီယံဆုဖလားရခဲ့ပြီး ဖီဖာ U-17 ကမ္ဘာ့ဖလား ရွှေဘောလုံး ဆုကိုပါ 2017 ခုနှစ်တွင် ရရှိခဲ့သည်။ ထို့နောက် ပရော်ဖက်ရှင်နယ် ဘောလုံးလောကသို့ တိုးဝင်လာခဲ့သည်။ သူသည် ထိုနှစ်တွင် မန်စီးတီးအတွက် ပွဲဦးထွက်ကစားခဲ့ပြီး ဒီဇင်ဘာလတွင် BBC Young Sports Personality of the Year အဖြစ် သတ်မှတ်ခံခဲ့ရသည်။

ဖိုဒန်သည် ကလပ်အတွက် ပွဲပေါင်း 200 ကျော်ကစားခဲ့ပြီး 2022-23 ရာသီတွင် 3 ကြိမ်တိုင်တိုင် ရရှိခဲ့ပြီး 2018 တွင် ပရီးမီးယားလိဂ်ချန်ပီယံဆုတံဆိပ် ၏ အသက်အငယ်ဆုံးရရှိသူဖြစ်လာခဲ့သည်။ ၂၀၁၉ ခုနှစ်တွင် ဒုတိယမြောက် ပရီးမီးယားလိဂ်ဖလားကို ဆွတ်ခူးနိုင်ခဲ့ပြီး ချန်ပီယံလိဂ်တွင် မန်စီးတီးအသင်းသမိုင်းတလျှောက်ယ်ဆုံးဂိုးသွင်းသူဖြစ်လာခဲ့ပြီး ပြိုင်ပွဲ၏ ရှုံးထွက်အဆင့်တွင် ပွဲစဉ်နှစ်ခုစလုံးကို ပွဲထွက်ကစားခဲ့ပြီး ဂိုးသွင်းနိုင်သည့် အသက်အငယ်ဆုံးအင်္ဂလိပ်ကစားသမားလည်းဖြစ်သည်။ ၂၀၂၁ နှင့် ၂၀၂၂ တွင် ပရီးမီးယားလိဂ်၏ လူငယ်ကစားသမား နှင့် တစ်နှစ်တာအကောင်းဆုံး PFA လူငယ်ကစားသမား အဖြစ် သတ်မှတ်ခံခဲ့ရသည်။

ဖိုဒန်သည် ၂၀၂၂ခုနှစ် စက်တင်ဘာလတွင် စီနီယာအသင်းအတွက် ပွဲဦးထွက်မကစားမီ လူငယ်အဆင့်များစွာတွင် အင်္ဂလန်ကိုကိုယ်စားပြုခဲ့သည်။ ယူအီးအက်ဖ်အေ ယူရို 2020 နှင့် 2022 ဖီဖာကမ္ဘာ့ဖလားပြိုင်ပွဲ များအတွက် အင်္ဂလန်အသင်းများတွင် ပါဝင်ခဲ့သည်။