အင်္ဂလန် အမျိုးသား ဘောလုံးအသင်း

ဝီကီပီးဒီးယား မှ
အင်္ဂလန်
Shirt badge/Association crest
အမည်ပြောင်The Three Lions
အဖွဲ့The Football Association
မဟာမိတ်အဖွဲ့UEFA (ဥရောပ)
နည်းပြချုပ်Gareth Southgate
အသင်းခေါင်းဆောင်Harry Kane
Most capsPeter Shilton (၁၂၅)
Top scorerWayne Rooney (၅၃)
အိမ်ကွင်းဝင်ဘာလီ အားကစားကွင်း
ဖီဖာကုဒ်ENG
FIFA အဆင့်၁၃ Steady (၁၇ မေ ၂၀၁၈)
အမြင့်ဆုံး FIFA အဆင့်၃ (ဩဂုတ် ၂၀၁၂)
အနိမ့်ဆုံး FIFA အဆင့်၂၇ (ဖေဖော်ဝါရီ ၁၉၉၆)
Elo အဆင့်Steady (၁၈ ဧပြီ ၂၀၁၈)
အမြင့်ဆုံး Elo အဆင့်၁ (၁၈၇၂–၁၈၇၆
၁၈၉၂–၁၉၁၁
၁၉၆၆–၁၉၇၀
၁၉၈၇–၁၉၈၈)
အနိမ့်ဆုံး Elo အဆင့်၁၇ (၁၁ ဇွန် ၁၉၉၅)
အိမ်ကွင်း ဝတ်စုံရောင်
အဝေးကွင်း ဝတ်စုံရောင်
ပထမဆုံး နိုင်ငံတကာပွဲ
 စကော့တလန် ၀–၀ အင်္ဂလန် 
(Partick, စကော့တလန်; ၃၀ နိုဝင်ဘာ ၁၈၇၂)
အကြီးအကျယ် အနိုင်ရ
 အင်္ဂလန် ၁၃–၀ အိုင်ယာလန် 
(Belfast, အိုင်ယာလန်; ၃၁ ဇူလိုင် ၁၈၈၂)
အကြီးအကျယ် ရှုံး
 ဟန်ဂေရီ ၇–၁ အင်္ဂလန် 
(ဘူဒါပတ်မြို့, ဟန်ဂေရီ; ၂၃ မေ ၁၉၅၄)
ကမ္ဘာ့ဖလား
မြင်တွေ့ရမှုများ၁၅ (First in ၁၉၅၀)
အကောင်းဆုံးရလဒ်Champions (၁၉၆၆)
European Championship
မြင်တွေ့ရမှုများ၉ (First in ၁၉၆၈)
အကောင်းဆုံးရလဒ်Third place (၁၉၆၈, ၁၉၉၆)

အင်္ဂလန် အမျိုးသား ဘောလုံးအသင်းသည် အင်္ဂလန်နိုင်ငံကိုယ်စားပြု ဘောလုံးအသင်းဖြစ်ပြီး အင်္ဂလန်နိုင်ငံ ဘောလုံးအဖွဲ့ချုပ် (The Football Association; FA) မှ အုပ်ချုပ်ကွပ်ကဲသည်။[၁][၂] အက်ဖ်အေသည် ဥရောပ ဘောလုံးအဖွဲ့ချုပ် (ယူအေးဖာ)၏ အောက်ရှိအဖွဲ့အစည်းတစ်ခုဖြစ်၍ ကမ္ဘာ့ဘောလုံးအဖွဲ့ချုပ် ဖီဖာ၏ စည်းကမ်းဆိုင်ရာ စီရင်မီုအေုက်တွင်ရှိသည်။[၃][၄] အသင်းသည် ဖီဖာ ကမ္ဘာ့ဖလားယူအေးဖာ ဥရောပဖလား ပြိုင်ပွဲ၊ ယူအေးဖာနိုင်ငံများလိဂ် (UEFA Nations League) စသည့် အဓိကပြိုင်ပွဲကြီး သုံးရပ်၌ ပါဝင်ယှဉ်ပြိုင်သည်။ အင်္ဂလန်အသင်းသည် ကမ္ဘာ့ဖလားဆု ရရှိခဲ့သော နိုင်ငံရှစ်နိုင်ငံထဲက အသင်းတစ်သင်းလည်းဖြစ်၏ ။[၅]

အင်္ဂလန်အမျိုးသားအသင်းသည် ကမ္ဘာပေါ်၌ သက်တမ်းအကြာဆုံး ပူးတွဲအသင်းတစ်ခုဖြစ်၍ ၁၈၇၂ တွင် စကော့တလန် အမျိုးသားဘောလုံးအသင်းကို ပထမဆုံးနိုင်ငံတကာပွဲအဖြစ် ယှဉ်ပြိုင်ကစားခဲ့သည်။ အသင်း၏ အိမ်ကွင်းမှာ ဝင်ဘာလီ အားကစားကွင်း (Wembley Stadium; /ဝမ်းဘလီ/) ဖြစ်၍ လန်ဒန်တွင် တည်ရှိပြီး လေ့ကျင့်ရေးဌာနချုပ်များသည် စိန့် ဂျော့ဂျ်ပါ့ခ်၊ ဘာတန်နပေါန်ထရန့်တ်မြို့ (Burton upon Trent) တို့၌ ရှိသည်။ လက်ရှိအသင်း၏ မန်နေဂျာ (နည်းပြ)မှာ ဂရက် ဆောက်ဂိတ် ဖြစ်၏ ။

အင်္ဂလန်အသင်းသည် ဖီဖာကမ္ဘာ့ဖလားပြိုင်ပွဲကို (၁၅) ကြိမ်အထိ အရည်အချင်းစစ်အောင်မြင်ခဲ့ပြီး အင်္ဂလန်အသင်းအိမ်ရှင်အဖြစ် လက်ခံကျင်းပသောနှစ် ၁၉၆၆ ၌ ကမ္ဘာ့ဖလားဆုကို ရရှိခဲ့သည်။ ထို့အပြင် ၁၉၉၀၊ ၂၀၁၈ ပြိုင်ပွဲများတွင်လည်း စတုတ္ထနေရာ၌ ရပ်တည်နိုင်ခဲ့လေသည်။ သို့သော် အင်္ဂလန်အသင်းသည် ဥရောပဖလားပြိုင်ပွဲတွင် အနိုင်ရရှိဖူးခြင်းမရှိသေးဘဲ အကောင်းဆုံး စွမ်းဆောင်နိုင်ခဲ့သည်မှာ ၂၀၀၀ ပြည့်နှစ် ဥရောပဖလားပွဲတွင် ဗိုလ်လုပွဲအထိရောက်ရှိခဲ့သည်။ ယူနိုက်တက်ကင်းဒမ်းနိုင်ငံ၏ ဖွဲ့စည်းပါဝင်နိုင်ငံဖြစ်သည့် အင်္ဂလန်အနေဖြင့် အပြည်ပြည်ဆိုင်ရာ အိုလံပစ်ကော်မတီအဖွဲ့ဝင်မဟုတ်သောကြောင့် အိုလံပစ်အားကစားပြိုင်ပွဲများတွင် ယှဉ်ပြိုင်ခြင်း မရှိပေ။

ကိုးကား[ပြင်ဆင်ရန်]

  1. FA Handbook 2013–14 (pdf)။ TheFA.com။ ၂၄ မေ ၂၀၁၈ တွင် ပြန်စစ်ပြီး။
  2. Written evidence submitted by Lord Triesman။ Parliament.uk (May 2009)။ 14 June 2018 တွင် မူရင်းအား မော်ကွန်းတင်ပြီး။ ၂၄ မေ ၂၀၁၈ တွင် ပြန်စစ်ပြီး။
  3. FA Handbook 2013–14 (pdf)။ TheFA.com။ 2 February 2014 တွင် ပြန်စစ်ပြီး။
  4. Written evidence submitted by Lord Triesman။ Parliament.uk (May 2009)။ 14 June 2018 တွင် မူရင်းအား မော်ကွန်းတင်ပြီး။ 24 May 2018 တွင် ပြန်စစ်ပြီး။
  5. England win the world cup။ 27 January 2021 တွင် ပြန်စစ်ပြီး။