ဖီးလ် နိုက်တ်

ဝီကီပီးဒီးယား မှ
Phil Knight
၂၀၁၀ ခုနှစ်က တွေ့ရသော နိုက်တ်
မွေးဖွားPhilip Hampson Knight
(1938-02-24) ဖေဖော်ဝါရီ ၂၄၊ ၁၉၃၈ (အသက် ၈၆)
ပို့တလန်မြို့၊ အိုရီဂွန်ပြည်နယ်အမေရိကန်ပြည်ထောင်စု
နိုင်ငံသားအမေရိကန်
မိခင်ကျောင်းအိုရီဂွန်တက္ကသိုလ်
စတန်းဖို့ဒ် တက္ကသိုလ်
အလုပ်အကိုင်Nike, Inc.၏ဥက္ကဋ္ဌနှင့် တွဲဖက်တည်ထောင်သူ
ကြွယ်ဝမှုIncrease US$၂၄.၄ ဘီလီယံ (အောက်တိုဘာ ၂၀၁၆) [၁]
အိမ်ထောင်ဖက်(များ)Penelope "Penny" Knight
သားသမီးMatthew Knight (၂၀၀၄ ကွယ်လွန်)
Travis Knight
Christina Knight
မိဘ(များ)William W. Knight
Lota Hatfield Knight
ဝက်ဘ်ဆိုဒ်Nike Corporation

ဖီလစ်ပ် ဟမ်ဆန် နိုက်တ် (အင်္ဂလိပ်: Philip Hampson "Phil" Knight) သည် ၁၉၃၈ ခုနှစ် ဖေဖော်ဝါရီလ ၂၄ ရက်နေ့တွင် မွေးဖွားခဲ့ပြီး Nike,Inc. ၏ စတင်တည်ထောင်သူနှင့် ဥက္ကဋ္ဌဖြစ်သည်။ သူသည် ၂၀၀၄ ခုနှစ်တွင် ကုမ္ပဏီ၏အမှုဆောင်အရာရှိချုပ်အဖြစ်မှ နုတ်ထွက်ခဲ့ပြီး ဘုတ်အဖွဲ့၏ ဥက္ကဋ္ဌနေရာကိုသာ ဆက်လက်ထိန်းသိမ်းထားသည်။၂၀၁၀ ခုနှစ်တွင် Nike ရှိ တန်ဖိုးပေါင်း ယူအက်စ်ဒေါ်လာ ၁၁.၁ ဘီလီယံခန့်ရှိသော နိုက်တ်၏ ရှယ်ယာပိုင်ဆိုင်မှုများမှာ သူ့ကို U.S. တွင် ၂၃ ယောက်မြောက် အချမ်းသာ ဆုံးလူဖြစ်လာစေသည်။ Oregon တက္ကသိုလ်နှင့် Stanford စီးပွားရေးကျောင်းမှ ဘွဲ့ရလာသူဖြစ်သောကြောင့် သူသည် ထိုကျောင်း များကို မီလီယံဒေါ်လာပေါင်းရာကျော် လှူဒါန်းလေသည်။

နိုက်တ်သည် ၂၀၀၆ ခုနှစ်တွင် Stanford စီးပွားရေးကျောင်းသမိုင်းတွင် အကြီးကျယ်ဆုံးဖြစ်သည့် အလှူ အတန်းတစ်ခုကို လှူဒါန်းခဲ့သေးသည်။ Oregon မြို့သားဖြစ်သည်နှင့်အညီ သူသည် နောက်ပိုင်းတွင် Nike ကုမ္ပဏီကို အတူ တည်ထောင်သူဖြစ်ခဲ့သည့် Oregon တက္ကသိုလ်ရှိ နည်းပြ Bill Bowerman အတွက် အပြေးပြိုင်ခဲ့ သည်။

အစောပိုင်းနှစ်များ[ပြင်ဆင်ရန်]

နိုက်တ်သည် ၁၉၃၈ ဖေဖော်ဝါရီ ၂၄ ရက်နေ့တွင် Portland, Oregon မွေးဖွားခဲ့ပြီး ရှေ့နေ့ တစ်ယောက်နှင့် သတင်းစာထုတ်ဝေသူတစ်ယောက်၏သားဖြစ်သည်။ နိုက်တ်သည် Portland ရှိ Cleveland အထက်တန်းကျောင်းတွင် တက်ရောက်ခဲ့ပြီး Phi Gamma Delta (FIJI) တက္ကသိုလ်ကျောင်းသားအသင်းတွင် အဖွဲ့ဝင်ဖြစ်ခဲ့ပြီး Eugene ရှိ Oregon တက္ကသိုလ်မှ သတင်းစာ ပညာဘွဲ့ကို ၁၉၅၉ ခုနှစ်တွင်ရရှိခဲ့သည်။

သူသည် ကျောင်းတွင် အလယ်အလတ်အပြေးသမားဖြစ်ပြီး Bill Bowerman ၏နည်းပြမှုအောက်တွင် ၄း၁၀ မိုင် အပြေးပြိုင်ကို အကောင်းဆုံးပြေးနိုင်ခဲ့ပြီး ၁၉၅၇၊ ၁၉၅၈၊ ၁၉၅၉ ခုနှစ်တို့တွင် Varsity Letters ဆုများကို ရရှိခဲ့ သည်။

စီးပွားရေးလုပ်ငန်းကို စတင်စွန့်စားခြင်း[ပြင်ဆင်ရန်]

Oregon မှဘွဲ့ရပြီးပြီးချင်း၊ နိုက်တ်သည် စစ်တပ်ထဲသို့ စာရင်းပေးသွင်းလိုက်ကာ ရှေ့တန်းတွင် တစ်နှစ်ခန့်၊ စစ်တပ်ဌာနချုပ်တွင် ခုနှစ်နှစ်ခန့် တာဝန်ထမ်းဆောင်ခဲ့သည်။ တပ်ထဲတွင် တာဝန်ထမ်းဆောင်ပြီးနောက် သူသည် Stanford စီးပွားရေးကျောင်းကို တက်ရောက်ရန် လျှောက်ထားခဲ့သည်။

Frank Shallenberger ၏အတန်းတွင်တက်ရင်း အားကစားကိုချစ်မြတ်နိုးသော နိုက်တ်သည် အခြား ချစ်မြတ်နိုးရာအရေးကိစ္စအဖြစ် သူ့ကိုယ်သူ စီးပွားရေးစွန့်ဦးတီထွင်သူတစ်ဦးဖြစ်ကြောင်းသိရှိခဲ့သည်။ နိုက်တ်က Stanford မဂ္ဂဇင်းရှိ ဆောင်းပါးတစ်ခုတွင် “အဲဒိအတန်းကတော့ တကယ်ကိုအံ့အားသင့်စရာ တစ်ခဏပါပဲ။ Shallenberger က စီးပွားရေးစွန့်ဦးတီထွင်သူအမျိုးမျိုးအကြောင်းကို အဓိပ္ပာယ်ဖွင့်ပြသွားတယ်။ သူကျုပ်ကိုပြောနေတာလို့ ကျုပ်နားလည်လိုက်တယ်” ဟု အတိတ်ကိုပြန်လည်ဖော်ပြခဲ့သည်။

“ဒါဟာငါတကယ်လုပ်ချင်တဲ့ဟာပဲ” လို့ ကိုယ့်ကိုကိုယ်ပြောခဲ့မိတာကို မှတ်မိသေးတယ်။ ထိုအတန်းအတွက် နိုက်တ်သည် စီးပွားရေးကိစ္စတစ်ခုအကြောင်းကို အကောင်အထည်ဖော်ရသည်။

သူ၏စာတမ်း “ဂျပန်ကင်မရာက ဂျာမန်ကင်မရာထက် ပိုကောင်းသလို ဂျပန်အားကစားဖိနပ်က ဂျာမန် အားကစားဖိနပ်ထက်သာမလား” သည် သူဖိနပ်ရောင်းလာစေမိရန်အတွက် လိုအပ်သောအဆိုအကြောင်း ပြချက်တစ်ခုဖြစ်ခဲ့သည်။ နိုက်တ်သည် Masters of Business Administration ဘွဲ့ကို ၁၉၆၂ ခုနှစ်တွင် ရခဲ့သည်။ နိုက်တ်သည် ဘွဲ့ရသောအခါ ကမ္ဘာအနှံ့လှည့်လည်သွားနေခဲ့ရာ ၁၉၆၂ နိုဝင်ဘာလတွင် ဂျပန်ရှိ Kobe မြို့တွင် ရပ်နားခဲ့သည်။

ဤတွင် Kobe ရှိ Onitsuka ကုမ္ပဏီထုတ် Tiger တံဆိပ်အပြေးဖိနပ်များကို စတင်တွေ့ရှိခဲ့ခြင်းဖြစ် သည်။ ဈေးနှုန်းသက်သာပြီး အရည်အသွေးကောင်းကို သဘောကျသောကြောင့် နိုက်တ်သည် အရောင်းအဝယ်လုပ် ရန် ဆက်သွယ်ခဲ့ပြီး Mr.Onitsuka က လက်ခံတွေ့ဆုံခဲ့သည်။ ဆွေးနွေးတိုင်ပင်ပြီးနောက်တွင် နိုက်တ်သည် အနောက်ဘက် United States နိုင်ငံများအတွက် Tiger အပြေး ဖိနပ်များကို ဖြန့်ဖြူးရောင်းချခွင့်ရရှိသွားလေသည်။

Tiger နမူနာဖိနပ်များသည် Potrland, Oregon တွင် စာရင်းကိုင်တစ်ဦးအဖြစ် လုပ်ကိုင်နေသော နိုက်တ်ထံ သို့ရောက်လာရန် တစ်နှစ်နီးပါးကြာသွားသည်။ နောက်ဆုံးတွင် ဖိနပ်နမူနာများကိုရရှိသွားသောအခါ နိုက်တ်သည် Eugene ရှိ Bill Bowerman ဆီသို့ ဖိနပ် ရောင်းရရန်နှင့် ဩဇာညောင်းထိရောက်သော ထောက်ခံချက်ရရန်မျှော်လင့်ပြီး ဖိနပ်နမူနာ နှစ်ရံပို့လိုက်သည်။ နိုက်တ်အတွက်အံ့ဩစရာမှာ Bowerman သည် ဖိနပ်များကိုမှာယူရုံတင်မက ပိုကောင်းသည့် အပြေးဖိနပ်များအတွက် အကြံဉာဏ်သစ်များပေးပြီး နိုက်တ်နှင့်စပ်တူလုပ်ကိုင်ရန် ကမ်းလှမ်းခဲ့သည်။ သူတို့နှစ်ယောက်သည် Blue Ribbon အားကစားကုမ္ပဏီ Nike အပြေးဖိနပ်၏မွေးနေ့ ၁၉၆၄ ဇန်နဝါရီ ၂၅ နေ့တွင် စတင်လက်တွဲလုပ်ကိုင်ခဲ့သည်။

Nike ၏မူလအစ[ပြင်ဆင်ရန်]

နိုက်တ်၏ပထမဆုံးအရောင်းသည် အနောက်မြောက် Pacific တွင် ကျင်းပသောပြိုင်ပွဲ Plymouth Valiant တွင် ဒဏ္ဍာရီတွင်လောက်အောင် ရောင်းခဲ့ရသည်။ ၁၉၆၉ ခုနှစ်တွင် ထိုရောင်းရမှုများကြောင့် နိုက်တ်သည် စာရင်းကိုင်အလုပ်မှထွက်လိုက်ကာ Blue Ribbon အားကစားလုပ်ငန်းကို အချိန်ပြည့်လုပ်နိုင်လာစေသည်။ နိုက်တ်၏သူငယ်ချင်းဖြစ်သူ Jeff Johnson က Nike ဟူသောနာမည်ကို အကြံပေးခဲ့သည်။ Nike ဆိုသည်မှာ အောင်မြင်ခြင်းဟူသော အဓိပ္ပာယ်ကိုဆောင်သည့် ဂရိနတ်ဘုရားမတစ်ယောက်၏ အမည်ဖြစ်သည်။ ကမ္ဘာပေါ်တွင် အားကောင်းပြင်းထန်သောတံဆိပ်များထဲမှ တစ်ခုအပါအဝင် Nike အမှတ်တံဆိပ်သည် Carolyn Davidson ဆီတွင် ဒေါ်လာ ၃၅ ဖြင့် လုပ်ငန်းအပ်နှံခဲ့သည်။ Nike ဝက်ဘ်ဆိုက်တွင်ဖော်ပြချက်အရ နိုက်တ်က “အဲဒါကိုသိပ်တော့မကြိုက်ဘူး၊ ဒါပေမယ့် ဆက်တော့လုပ်နေမှာပါပဲ” ဟုပြောခဲ့သည်။

သို့သော်လည်း Nike သည် ၁၉၈၀ တွင် ပြည်သူများအတွက် စတင်ထုတ်ခဲ့ပြီး ၁၉၈၃ တွင် Davidson ၏ ကုမ္ပဏီတံဆိပ် အတွက် ထည့်ဝင်ငွေများကို မဖွင့်ဟမသိနိုင်သောငွေပမာဏကို ပြန်ပေးခဲ့သည်။

အလုပ်သမားပြဿနာများ[ပြင်ဆင်ရန်]

၁၉၉၆ ခုနှစ်ထုတ် “Downsize This!” အမည်ရှိ Michael Moore ၏စာအုပ်တွင် နိုက်တ်ကို “လုပ်ငန်းဆိုင်ရာ လူလိမ်လူဆိုး” ဟုသမုတ်ခဲ့သည်။ သူတို့ကုန်ပစ္စည်းရရန် အသက် ၁၄ နှစ်အရွယ်ခန့် ကိုယ်ဝန်သည်အမျိုးသမီးလေးများက စက်ရုံအတွက် ဖိနပ် ချုပ်နေရသော Indonesian sweatshops ၏ကြမ်းတမ်းခက်ခဲသော အခြေအနေအကြောင်းကို စာအုပ်ထဲတွင် အကိုးအကားဖြင့်ညွှန်းထားသည်။

ဤပြဿနာကိုဖြေရှင်းနိုင်မည်ဟု လက်ခံယုံကြည်သော မျှော်လင့်ချက်ဖြင့် Moore သည် နိုက်တ်ဆီသို့ သွားခဲ့သည်။ ထိုတွေ့ဆုံခန်းအကြောင်းကို Moore ၏ရုပ်ရှင် The Big One တွင် တွေ့မြင်နိုင်ပြီး Moore သည် CEO အယောက် ၂၀ ခန့်ကို သူ့ရုပ်ရှင်အတွက် တွေ့ဆုံချင်သော်လည်း နိုက်တ်တစ်ယောက်သာ လက်ခံစကားပြောခဲ့သည်။

နိုက်တ်က သူတို့ကုန်ပစ္စည်းများလုပ်ရန်အတွက် ထိုကဲ့သိုစက်ရုံများမပိုင်ကြောင်း Moore ကို အသိပေးခဲ့သည်။ နိုက်တ်က Moore ကို ရေခြားမြေခြားလုပ်ဖိနပ်များ၏ဈေးနှုန်းကို ယှဉ်နိုင်ရန်အတွက် U.S. တွင် စက်ရုံတစ်ခု ရင်းနှီးမြှုပ်နှံချင်သလားဟုမေးပြီး လုပ်မည်ဆိုပါက Nike ကုမ္ပဏီက သူ့ဆီမှကုန်ကြမ်း ဖိနပ်များဝယ်ယူမည်ဟု ပြောခဲ့သည်။ ၁၉၉၈ တွင် နိုက်တ်သည် အသက်အရွယ်စံသတ်မှတ်ချက်၊ စက်ရုံထိန်းချုပ်မှုနှင့် Nike ကိုချဉ်းကပ်သောပြင်ပ အဆက်အသွယ်များအပါအဝင် ကုန်ပစ္စည်းကိုထုတ်လုပ်နိုင်ရန်အတွက် စက်ရုံစည်းကမ်းများကို တင်းကြပ် ပြဋ္ဌာန်းမည်ဟု ကတိကဝတ်ပြုခဲ့သည်။

ပရဟိတလုပ်ငန်းများ[ပြင်ဆင်ရန်]

၂၀၀၀ ပြည့်နှစ်တွင် နိုက်တ်သည် Oregon ရှိအားကစားများတွင် အထူးထည့်ဝင်ငွေများ လှူဒါန်းခဲ့သောကြောင့် Oregon Sports Hall of Fame တွင် ရာထူးအပ်နှင်းခံခဲ့ရသည်။ နိုက်တ်သည် အားကစားသမားအတွက် အဓိကကျသော Oregon တက္ကသိုလ်သို့ ဒေါ်လာ ၂၃၀ မီလီယံကို အလှူငွေထည့်ဝင်သင့်ကြောင်း ယုံကြည်ခဲ့သည်။

၂၀၀၇ ဩဂုတ်လ ၁၈ ရက်နေ့တွင် နိုက်တ်နှင့် ဇနီးဖြစ်သူ Penny တို့သည် နောက်ထပ် မီလီယံ ဒေါ်လာ ၁၀၀ ကို Oregon တက္ကသိုလ်အားကစားအသင်းရန်ပုံငွေအဖွဲ့သို့ လှူဒန်းမည်ဖြစ်ကြောင်း ကြေညာခဲ့သည်။ ထိုလှူဒါန်းမှုသည် ကျောင်း၏သမိုင်းတွင် အကြီးကျယ်ဆုံးမှတ်တမ်းတင်စရာဖြစ်ခဲ့သည်။ သို့သော်လည်း နိုက်တ်၏ အားကစားဌာနသို့ လှူဒါန်းထည့်ဝင်ငွေများသည် မကျေနပ်အငြင်းပွားစရာ မပါဘဲနှင့် မလာပေ။

သူ၏ထင်ရှားလှသောလှူဒါန်းငွေများကြောင့် သန်စွမ်းကျန်းမာသော အားကစားစွမ်းရည်မြင့်သူအဖြစ် သတ်မှတ်ခဲ့ကြသည်။ မည်သည့်တက္ကသိုလ်အားကစားပွဲများအတွက်မဆို “အကောင်းဆုံးခုံနေရာ” ကိုရရှိပြီး ဘောလုံးအသင်း အားကစားသမားအဝတ်လဲခန်းတွင် ကိုယ်ပိုင်အဝတ်လဲဗီရိုရရှိကာ အားကစားဆိုင်ရာအဆောက်အဦ မှာ သူ၏ နာမည်၊ စာကြည့်တိုက်မှာ သူ၏မိခင်နာမည်၊ ဥပဒေကျောင်းမှာ သူ့ဖခင်နာမည်နှင့် ဆောက်လုပ်ဆဲဖြစ်သော ဘက်စကက်ဘောကွင်းမှာ သူ့သားအမည်ဖြင့်ဖြစ်သည်။

သို့သော်လည်း အငြင်းပွားဖွယ်ကောင်းသည်မှာ သူ၏သူငယ်ချင်း အာမခံရောင်းသူ Pat Kilkenny ကို အားကစားဒါရိုက်တာအဖြစ် ခန့်အပ်လိုက်ခြင်းဖြစ်သည်။ အားကစားစွမ်းရည်မြင့်သူ လူချမ်းသာ Kilkenny သည် ဘွဲ့ရပညာတတ်သူမဟုတ်သလို ဂျာမန် အတွေ့အကြုံလည်းရှိသူမဟုတ်ပေ။

Kilkenny သည် Oregon တက္ကသိုလ်ကိုတက်ရောက်ခဲ့သော်လည်း ဘွဲ့မရပဲ ကျောင်းမှ နုတ်ထွက်ထားသူဖြစ်သည်။ San Diego အခြေစိုက် Arrowhead အာမခံအေဂျင်စီ၏ ဥက္ကဋ္ဌဖြစ်ပြီး နိုင်ငံတကာ အဖွဲ့အစည်းတစ်ခုဖြစ်အောင် တည်ထောင်ခဲ့ပြီး ဒေါ်လာ ၁ ဘီလီယံတန်ဖိုးရှိ အာမခံသွင်းငွေများဖြင့် သူ၏ကုမ္ပဏီကို ၂၀၀၆ ခုနှစ်တွင် ရောင်းချခဲ့သည်။

၂၀၀၈ အေပရယ် ၆ ရက်နေ့တွင် လွှင့်သော ESPN ၏ Outside the Lines သတင်းကဏ္ဍတွင် နိုက်တ်ကို Oregon တက္ကသိုလ်ကို လှူဒါန်းခဲ့သော သူ၏လုပ်ရပ်များကို မီးမောင်းထိုးပြခဲ့သည်။ ၂၀၀၆ ခုနှစ်တွင် Phil နိုက်တ်သည် Stanford စီးပွားရေးကျောင်း၏သမိုင်းတွင် အကြီးကျယ်ဆုံး ဖြစ်သည့် ဒေါ်လာ ၁၀၅ မီလီယံကို လှူဒါန်းခဲ့သည်။

နိုက်တ်သည် သူ၏အထက်တန်းကျောင်းဖြစ်ခဲ့သော Cleveland ကျောင်းကိုလည်း ပြေးလမ်းများ၊ ဘောလုံး ကွင်းနှင့် အားကစားရုံများအတွက် ငွေကြေးအထောက်အပံ့ပြုခဲ့သေးသည်။ ၂၀၀၈ အောက်တိုဘာတွင် Phil နှင့် Penny တို့သည် OHSU ကင်ဆာအဖွဲ့အစည်းသို့ ဒေါ်လာ ၁၀၀ မီလီယံ ပေးအပ်လှူဒါန်းခဲ့ပြီး Oregon ကျန်းမာရေးနှင့်သိပ္ပံတက္ကသိုလ်အတွက် သမိုင်းတွင် အကြီးမားဆုံးလက်ဆောင် ဖြစ်ခဲ့သည်။ အသိအမှတ်ပြုသောအားဖြင့် ထိုတက္ကသိုလ်ကို OHSU နိုက်တ်ကင်ဆာအဖွဲ့အစည်းဟု နာမည် ပြောင်းလဲခေါ်ဆိုခဲ့သည်။

နှောင်းပိုင်းနှစ်များ[ပြင်ဆင်ရန်]

၂၀၀၄ ခုနှစ် နိုဝင်ဘာ ၁၈ ရက်နေ့တွင် နိုက်တ်သည် CEO ရာထူးမှနုတ်ထွက်ခဲ့ပြီး ဘုတ်အဖွဲ့၏ဥက္ကဋ္ဌအဖြစ် သာ ဆက်လက်ဆောင်ရွက်ခဲ့သည်။ ၂၀၀၆ ခုနှစ်တွင် Mark Parker နေရာကိုဝင်ခဲ့သူ S.C. Johnson & Son လုပ်ငန်း၏ CEO William Perez နေရာတွင် သူ့ကိုအစားထိုးခဲ့သည်။ 3. In 2002, နိုက်တ်purchased Will Vinton (Animation) Studios, where his son, Travis, worked as an animator, and changed the name to LAIKA.

၂၀၀၂ ခုနှစ်တွင် နိုက်တ်သည် သူ၏သား Travis အင်နီမေတာအဖြစ် အလုပ်လုပ်နေသော Will Vinton အမည်ရှိ ကာတွန်းစတူဒီယိုကို ဝယ်လိုက်ပြီး LAIKA ဟုအမည်ပြောင်းခဲ့သည်။ ထိုနောက်ပိုင်းနှစ်များတွင် Travis သည် LAIKA ဘုတ်အဖွဲ့ဝင်ဒါရိုက်တာဖြစ်လာပြီး ၂၀၀၉ မတ်လ တွင်တော့ Nike alum Dale Wahl အစား LAIKA ၏ CEO ဖြစ်လာခဲ့သည်။ LAIKA သည် ၂၀၀၉ ဖေဖော်ဝါရီလထဲတွင် သူတို့စတူဒီယို၏ ပထမဦးဆုံးရုပ်ရှင် Coraline ကို ထုတ်လွှင့်နိုင်ခဲ့ သည်။

ကိုးကား[ပြင်ဆင်ရန်]