ဖိကျုံ့မှု တောင့်ခံနှုန်းထား

ဝီကီပီးဒီးယား မှ
ပမာဏတူ ဖိအားများ မျက်နှာပြင်တိုင်းသို့ ထောင့်မတ်ကျ တညီတညာ သက်ရောက်ပုံ ဥပမာ

ဒြပ်သားစုတမျိုးမျိုး၏ ဖိကျုံ့မှု တောင့်ခံနှုန်းထား (သို့) အဖိအကျုံ့ တောင့်နှုန်း (အင်္ဂလိပ်: bulk modulus; or ) ဆိုသည်မှာ ၎င်း၏ မျက်နှာပြင်များထံသို့ ထောင့်မတ်ကျ သက်ရောက်လာသော ဖိအားတို့ကြောင့် ကျုံ့မဝင်သွားအောင် တောင့်ခံနိုင်မှု နှုန်းထား ဖြစ်သည်။ သင်္ချာနည်းဖြင့်လျှင် အရွယ်အစားတခု ပိုမိုကျုံ့ဝင်သွားအောင် သက်ရောက်ရမည့် တမွတ်စိတ် (en:infinitesimal) အားစုအချိုးကို တည်ကိန်းပြုလျက် နဂိုထုထည်မှ လျော့သွားမှု တမွတ်စိတ်ပမာဏနှင့် စားထားခြင်း၊ အချိုးချထားခြင်း ဖြစ်သည်။[၁]

သင်္ချာ[ပြင်ဆင်ရန်]

အဖိအကျုံ့ တောင့်နှုန်း ကို တွက်ထုတ်သည့် ညီမျှခြင်းမှာ ဤသို့ ဖြစ်သည်။

ဤတွင် က အားစုပြုံမှု အချိုး၊ က အရာဝတ္ထု၏ နဂိုထုထည်၊ ဟူသည်က ထုထည်အလိုက် အားအချိုး၏ ပြောင်းလဲနှုန်း(derivative) ဖြစ်သည်။

အကိုးအကား[ပြင်ဆင်ရန်]

  1. Bulk Elastic Propertieshyperphysics။ Georgia State University။