ဖလကဒါယက

ဝီကီပီးဒီးယား မှ

အရှင်ဖလကဒါယကထေရ် သည် မြတ်စွာဘုရား၏ သာသနာတော်ရှိ ရဟန်းတစ်ပါး ဖြစ်သည်။[၁]

ဘဝဇာတ်ကြောင်း[ပြင်ဆင်ရန်]

ဤဘဒ္ဒကမ္ဘာမှ ကိုးဆယ့်တစ်ကမ္ဘာထက်တွင် ဖြစ်၏။ ဖလဒါယကထေရ်သည် သစ်လုပ်ငန်းဖြင့် ယာဉ်ပြုလုပ်သူ ဖြစ်၏။ သူသည် မြတ်စွာဘုရားအား စန္ဒကူးသားဖြင့် ပြုလုပ်ထားသည့် ပျဉ်ချပ်ကို လှူဒါန်းခဲ့၏။[၁]

အကျိုးခံစားရခြင်း[ပြင်ဆင်ရန်]

ထိုကဲသို့ ပျဉ်ချပ်ကို လှူခဲ့သည့်အချိန်မှစကာ အပါယ်လေးဘုံသို့ မရောက်ခဲ့ရပေ။ ထို့ပြင် ငါးဆယ့်ခုနစ်ကမ္ဘာထက်တွင် “နိမ္မိတ” အမည်ဖြင့် စကြဝတေးမင်း လေးကြိမ် ဖြစ်ခဲ့၏။[၂]

ဂေါတမမြတ်စွာဘုရားထက်ထက်[ပြင်ဆင်ရန်]

နောက်ဆုံးဘဝတွင် ဂေါတမမြတ်စွာဘုရား၏ သာသနာတော်တွင် အရှင်ဖလကဒါယကထေရ် အဖြစ်ဖြင့် အာသဝေါကုန်ခမ်း ရဟန္တာ ဖြစ်တော်မူ၏။[၁]

ကိုးကား[ပြင်ဆင်ရန်]

  1. ၁.၀ ၁.၁ ၁.၂ ထေရာပဒါန်ပါဠိတော်၊ ဆတ္တဝဂ်၊ ဖလကဒါယကတ္ထေရအပဒါန်
  2. ကိုးကား အမှား - Invalid <ref> tag; no text was provided for refs named ထေရာပဒါန်ပါဠိတော်'