အန်ဒါ့စ် ဆဲလ်စီးယပ်စ်
ပုံပန်းသွင်ပြင်
အန်ဒါ့စ် ဆဲလ်စီးယပ်စ် | |
---|---|
မွေးဖွား | အွပ်ဆားလာ၊ ဆွီဒင် | ၂၇ နိုဝင်ဘာ၊ ၁၇၀၁
ဆုံးပါး | ၂၅ ဧပြီ၊ ၁၇၄၄ အွပ်ဆားလာ၊ ဆွီဒင် | (အသက် ၄၂)
နေထိုင်ရာ | ဆွီဒင် |
နိုင်ငံလူမျိုး | ဆွီဒင်လူမျိုး |
နယ်ပယ် | နက္ခတ္တဗေဒ, ရူပဗေဒ, သင်္ချာ, ဘူမိဗေဒ |
မိခင်ကျောင်း | အွပ်ဆားလာ တက္ကသိုလ် |
ကျော်ကြားမှုအရင်းခံ | ဆဲလ်စီးယပ်စ် |
လက်မှတ် |
အန်ဒါ့စ် ဆဲလ်စီးယပ်စ် (အင်္ဂလိပ်: Anders Celsius; ၁၇၀၁ နိုဝင်ဘာ ၂၇ – ၁၇၄၄ ဧပြီ ၂၅ ) သည် ဆွီဒင် နက္ခဗေဒပညာရှင်၊ သိပ္ပံပညာရှင်၊ သင်္ချာပညာ ရှင် တစ်ဦးဖြစ်သည်။ အွပ်ဆားလာ တက္ကသိုလ် (Uppsala) နက္ခတ္တဗေဒ ပါမောက္ခရာထူးဖြင့် ၁၇၃၀ မီ ၁၇၄၄ အထိထမ်းဆောင်ခဲ့သည်။ သို့သော်လည်း ၁၇၃၂ မှ ၁၇၃၅ အတွင်း ဂျာမနီ၊ အီတလီ၊ ပြင်သစ် နိုင်ငံများရှိ ထင်ရှားသော နက္ခတ်တာရာ အဆောက်အအုံများသို့ လှည့်လည်သွားရောက်ခဲ့သည်။[၁] အွပ်ဆားလာ နက္ခတာရာအဆောက်အဦးကို ၁၇၄၁ တွင် တည်ထောင်ခဲ့၍ ၁၇၄၂ တွင် စင်တီဂရိတ် အပူချိန်တိုင်းနည်းစနစ် ပြောင်းပြန်ပုံစံကို အဆိုပြုခဲ့သည်။ နောက်ပိုင်း၌ ၎င်းကို ဂုဏ်ပြုသောအားဖြင့် 'ဆဲလ်စီးယပ်စ်' ဟုအမည်ခေါ်တွင်စေခဲ့သည်။
ကိုးကား
[ပြင်ဆင်ရန်]- ↑ editors။ Anders Celsius, Swedish astronomer။ 11 September 2020 တွင် ပြန်စစ်ပြီး။
ဤ အတ္ထုပ္ပတ္တိ ဆောင်းပါးမှာ ဆောင်းပါးတိုတစ်ပုဒ် ဖြစ်သည်။ ဖြည့်စွက်ရေးသားခြင်းဖြင့် မြန်မာဝီကီပီးဒီးယားကို ကူညီပါ။ |