ပြည်သူ့ကျန်းမာရေး
ပြည်သူ့ကျန်းမာရေး ဆိုသည်မှာ "လူ့အဖွဲ့အစည်း၊ အသင်းအဖွဲ့များ၊ ပြည်သူပိုင်နှင့် ပုဂ္ဂလိကပိုင်၊ လူမှုအစု နှင့် တစ်ဦးတစ်ယောက်ချင်းစီ၏ စနစ်ကျသော အားထုတ်ကြိုးပမ်းမှု နှင့် ကြိုတင်အသိပေးထားသော ရွေးချယ်မှုများ မှ တဆင့် ရောဂါများကို တားဆီးခြင်း၊ လူ့သက်တမ်းကို ရှည်စေခြင်းနှင့် ကျန်းမာရေး မြှင့်တင် ခြင်းတို့ ဖြစ်စေသည့် သိပ္ပံနှင့် ဝိဇ္ဇာပညာဖြစ်သည်။ " (1920,C.E.A. Winslow) ဤအရာသည် ပြည်သူလူထု ကျန်းမာရေး ခွဲခြမ်းစိတ်ဖြာခြင်းပေါ်တွင် အခြေခံသော လူထု၏ အလုံးစုံကျန်းမာရေးကို ခြိမ်းခြောက်မှု များ နှင့် သက်ဆိုင်သည်။ မေးခွန်းအမေးခံရမည့် လူဦးရေသည် လက်တစ်ဆုပ်စာမျှရှိသော အနည်းစု သို့မဟုတ် တိုက်ကြီးများတွင် နေထိုင်ကြသူများကဲ့သို့ အများစု (ဥပမာ ကမ္ဘာအနှံ့ဖြစ်ပွားသော ရောဂါဖြစ်ရပ်) ဖြစ်နိုင် သည်။ ပြည်သူ့ကျန်းမာရေးကို ထုံးစံအားဖြင့် ရောဂါကူးစက်ပြန့်ပွားပုံကို လေ့လာခြင်းဆိုင်ရာ ပညာရပ်၊ သက်ရှိနှင့် ဆိုင်သော စာရင်းဇယားများ နှင့် ကျန်းမာရေးဝန်ဆောင်မှုများ ဟူ၍ ပိုင်းခြားထားသည်။ သဘာဝ ပတ်ဝန်းကျင် ဆိုင်ရာ၊ လူမှုရေး၊ အပြုအမူပိုင်းဆိုင်ရာ နှင့် လုပ်ငန်းခွင်ကျန်းမာရေး တို့သည်လည်း အရေးပါသော ကဏ္ဍ အခွဲများ ဖြစ်သည်။
ထင်ရှားသော သွင်ပြင်လက္ခဏာ
[ပြင်ဆင်ရန်]ပြည်သူ့ကျန်းမာရေး၏ ထင်ရှားသော သွင်ပြင်လက္ခဏာ 2 ရပ်မှာ-
- ၎င်းသည် ကျန်းမာရေးဆိုင်ရာ ကုသသည့် ကဏ္ဍ အစား တားဆီးသည့်အပိုင်းနှင့် ပတ်သက်ဆက်နွယ်သည်။
- ၎င်းသည် တစ်ဦးတစ်ယောက်ချင်းအဆင့် ကျန်းမာရေးကိစ္စများ အစား လူဦးရေအဆင့်နှင့် ပတ်သက်ဆက်နွယ်သည်။
ပြည်သူ့ကျန်းမာရေး ကြားဝင်ဆောင်ရွက်ခြင်း၏ အာရုံစိုက်မှုမှာ ရောဂါတစ်ခုကို ကုသမည့်အစား ဝေဒနာအခြေအနေများကို စောင့်ကြည့်ခြင်းနှင့် ကျန်းမာစေမည့်အပြုအမူများကို မြှင့်တင်ပေးခြင်းမှတဆင့် တားဆီးရန် ဖြစ်သည်။ ထိုလှုပ်ရှားမှုများအပြင် ကူးစက်ရောဂါ တစ်ခုဖြစ်ပွားနေစဉ် အတွင်းကဲ့သို့သော အခြေအနေများစွာတို့တွင် ထိုရောဂါကို တားဆီးရန်အတွက် အရေးပါကောင်းပါလိမ့်မည်။ လက်ကိုဆေးကြောခြင်း၊ ကာကွယ်ဆေးထိုးခြင်း အစီအစဉ်များနှင့် ကွန်ဒုံးများ ဖြန့်ဝေခြင်းတို့သည် ပြည်သူ့ကျန်းမာရေးစီမံချက်များ၏ ဥပမာများ ဖြစ်သည်။ ပြည်သူ့ကျန်းမာရေး၏ ရည်မှန်းချက်မှာ ရောဂါများကို တားဆီးခြင်းနှင့် ကုသခြင်းမှတဆင့် အသက်ပေါင်းများစွာကို ကယ်တင်ရန်ဖြစ်သည်။ ကုလသမဂ္ဂ၏ ကမ္ဘာ့ကျန်းမာရေးအဖွဲ့မှ ကျန်းမာခြင်းကို" ရုပ်ပိုင်းဆိုင်ရာ၊ စိတ်ပိုင်းဆိုင်ရာနှင့် လူမှုရေးသုခ ပြီးပြည့်စုံသောအခြေအနေတစ်ရပ်ဖြစ်ပြီး ရောဂါ သို့မဟုတ် အိုမင်းမစွမ်းခြင်းတို့ ကင်းမဲ့ခြင်းမျှသာ မဟုတ်ပါ " ဟု အဓိပ္ပာယ် ဖွင့်ဆိုသည်။
ဦးတည်ချက်များ
[ပြင်ဆင်ရန်]ပြည်သူ့ကျန်းမာရေး ကြားဝင်ဆောင်ရွက်ခြင်း၏ အာရုံစိုက်မှုမှာ ရောဂါတစ်ခုကို ကုသမည့်အစား ဝေဒနာ အခြေ အနေများကို စောင့်ကြည့်ခြင်းနှင့် ကျန်းမာစေမည့်အပြုအမူများကို မြှင့်တင်ပေးခြင်းမှတဆင့် တားဆီးရန် ဖြစ် သည်။ ထိုလှုပ်ရှားမှုများ အပြင် ကူးစက်ရောဂါ ဖြစ်ပွားခြင်း သို့မဟုတ် အစာ သို့မဟုတ် ရေပေးဝေခြင်း တို့ကို ညစ်ညမ်းစေခြင်း တို့ကဲ့သို့သော အခြေအနေများတွင် ရောဂါကို ကုသခြင်းသည် အခြားသို့ ၎င်းရောဂါ ပျံ့နှံ့ခြင်း ကို တားဆီးရန် အတွက် အရေးပါနိုင်သည်။ ကာကွယ်ဆေး ထိုးခြင်း အစီအစဉ်များနှင့် ကွန်ဒုံးများ ဖြန့်ဝေခြင်း တို့သည် ပြည်သူ့ကျန်းမာရေးစီမံချက်များ၏ ဥပမာများဖြစ်သည်။
တိုင်းပြည်အများစုတွင် ပြည်တွင်းကျန်းမာရေးကိစ္စများကို တုံ့ပြန်ရန်အတွက် ၎င်းတို့၏ ကိုယ်ပိုင်အစိုးရ ပြည်သူ့ကျန်းမာရေး အေဂျင်စီများရှိသည်။ ၎င်းအေဂျင်စီများကို တစ်ခါတစ်ရံ ကျန်းမာရေးဝန်ကြီးဌာန ဟု သိရှိ ကြသည်။ အမေရိကန် ပြည်ထောင်စုတွင် ပြည်သူ့ကျန်းမာရေးပဏာမခြေလှမ်းများ၏ ရှေ့တန်း မှ ဆောင်ရွက်သူများမှာ ပြည်နယ် နှင့် ဒေသတွင်း ကျန်းမာရေးဌာနများ ဖြစ်သည်။ အမေရိကန်ပြည်ထောင်စု ပြည်သူ့ကျန်းမာရေး ဆေးမှူးချုပ် ဦဆောင်သော အမေရိကန်ပြည်ထောင်စု ပြည်သူ့ကျန်းမာရေး ဝန်ဆောင်မှုလုပ်ငန်း (PHS) နှင့် အက်တလန်တာ တွင် ရုံးချုပ် အခြေစိုက် သော ရောဂါထိန်းချုပ်ရေးနှင့် ကာကွယ်တားဆီးရေးဌာန တို့သည် ၎င်းတို့၏ အမျိုးသားရေးတာဝန်များအပြင် အပြည်ပြည်ဆိုင်ရာကျန်းမာရေး လှုပ်ရှားမှုများစွာတို့ ၌ပါဝင် ပတ် သက်ကြရသည်။
ဖွံ့ဖြိုးပြီး နိုင်ငံများ နှင့် ဖွံ့ဖြိုးဆဲနိုင်ငံများ အကြားတွင် ကျန်းမာရေးစောင့်ရှောက်မှု
[ပြင်ဆင်ရန်]ဖွံ့ဖြိုးပြီး နိုင်ငံများ နှင့် ဖွံ့ဖြိုးဆဲနိုင်ငံများ အကြားတွင် ကျန်းမာရေးစောင့်ရှောက်မှု နှင့် ပြည်သူ့ကျန်းမာရေး ပဏာမ အစီအစဉ်များကို ရယူခံစားခွင့် အခွင့်အလမ်းမှာ ကြီးမားသော ကွာဟချက် တစ်ရပ် အဖြစ်ရှိသည်။ ဖွံ့ဖြိုးဆဲနိုင်ငံများ တွင် ပြည်သူ့ကျန်းမာရေး အခြေခံဆောက်အအုံများမှာ ပုံဖော်နေဆဲဖြစ်သည်။ အခြေခံဆေးဝါးကုသ စောင့်ရှောက်ခြင်း အဆင့်နှင့် ရောဂါတားဆီးခြင်းကို ဖြည့်ဆည်းဆောင်ရွက်ပေးရန်သော် မှ လုံလောက်သော လေ့ကျင့် သင်ကြားထားသည့် ကျန်းမာရေး အလုပ်သမားများ သို့မဟုတ် ငွေကြေး အရင်းအမြစ်များ မရှိနိုင်ပါ။ ရလဒ်အားဖြင့် ဖွံ့ဖြိုးဆဲနိုင်ငံများတွင် ရောဂါနှင့် အသေအပျောက်နှုန်း အများစုသည် အလွန်အမင်း ဆင်းရဲခြင်းမှ ပေါ်ပေါက်လာခြင်းဖြစ်သည်။ ဥပမာ- အာဖရိကန်အစိုးရများစွာ တို့သည် တစ်နှစ်လျှင် လူတစ်ဦး အတွက် ကျန်းမာရေးစောင့်ရှောက်မှု အဖြစ် အမေရိကန်ဒေါ်လာ 10 အောက်လျော့နည်းပြီး သုံးစွဲသော်လည်း အမေရိကန်ပြည်ထောင်စုတွင် ဖယ်ဒရယ် အစိုးရသည် 2000 ခုနှစ်တွင် လူတစ်ဦးလျှင် ခန့်မှန်းချေအားဖြင့် အမေရိကန်ဒေါ်လာ 4,500 သုံးစွဲ ခဲ့သည်။၏ရောဂါအများအပြားသည် ရိုးရှင်းပြီး၊ ဆေးကုခြင်း မဟုတ်သည့် နည်းလမ်းများမှ တဆင့်တားဆီးနိုင်သည်။ ဥပမာ- လက်ဆေးခြင်း ဖြစ်သည့် ရိုးရှင်းသော အပြုအမူသည် ကူးစက်တတ်သော ရောဂါများကို တားဆီးပေး နိုင်ကြောင်း သုတေသနတစ်ခုမှ ပြသခဲ့သည်။ ဖွံ့ဖြိုးဆဲကမ္ဘာ နှင့် ဖွံ့ဖြိုးပြီးနိုင်ငံများတွင် ဒေသခံကျန်းမာရေး စနစ်များနှင့် အပြည်ပြည်ဆိုင်ရာ အစိုးရမဟုတ်သော အဖွဲ့အစည်းများ မှတဆင့် ပြည်သူ့ကျန်းမာရေးသည် ရောဂါ တားဆီးရေး ကြိုးစားအားထုတ်မှုများတွင် အရေးပါသောအခန်းမှ ပါဝင်သည်။
ဤပညာရပ်နယ်ပယ်နှင့် သက်ဆိုင်သော အဓိက ဘွဲ့လွန်အတတ်ပညာဆိုင်ရာ ဘွဲ့နှစ်ခုမှာ ပြည်သူ့ကျန်းမာရေး မဟာဘွဲ့ (MPH) သို့မဟုတ် (ပို၍ရှားပါးသော) ပြည်သူ့ကျန်းမာရေး ပါရဂူဘွဲ့(DrPH) တို့ဖြစ်သည်။ ပြည်သူ့ကျန်းမာရေးဆိုင်ရာ သုတေသနပြုသူအများအပြားသည် ၎င်းတို့အထူးပြုသည့် ပညာရပ်နယ်ပယ် တွင် ပါရဂူဘွဲ့များ (PhDs) ကို ရရှိထားကြပြီး ပြည်သူ့ကျန်းမာရေးအစီအစဉ် အချို့သည် ညီမျှသော သိပ္ပံပညာရပ်ဆိုင်ရာ ပါရဂူဘွဲ့ ကို အစားပေးအပ်ကြသည်။
မျက်မှောက်ခေတ် ပြည်သူ့ကျန်းမာရေး
[ပြင်ဆင်ရန်]၂၀ ရာစုနှစ် တစ်လျှောက်လုံးတွင် ဖွံ့ဖြိုးပြီးကမ္ဘာအတွင်း၌ ကူးစက်ရောဂါများ ပျံ့နှံ့မှုသည် ကျဆင်းလာသည် နှင့် အမျှ ပြည်သူ့ကျန်းမာရေးသည် နာတာရှည်ရောဂါများဖြစ်သော ကင်ဆာရောဂါနှင့် နှလုံးရောဂါများအပေါ် တွင် စတင်၍ ပိုမိုအာရုံစိုက်လာသည်။ ကိုယ်ခန္ဓာ ကိုယ်လက်လှုပ်ရှားမှုအပေါ်တွင် အလေးထားခြင်းမှာ ပြန် လည် အသက်သွင်းခြင်းခံရသည်။ အမေရိကတွင် ပြည်သူ့ကျန်းမာရေး လုပ်သားဖြစ်သူ ဒေါက်တာ ဆာရာ ဂျိုစဖင်း ဘေကာ (Dr.Sara Josephine Baker) သည် ကာကွယ်တားဆီးရေးနည်းလမ်းများကို အသုံးပြု၍ ကလေးအသေအပျောက်နှုန်းကို ကျဆင်း စေခဲ့သည်။ သူမသည် နယူးယော့(ခ်) မြို့တော်ရှိ ဆင်းရဲသူ၊ဆင်းရဲသားတို့၏ ကလေးများ ကျန်းမာရေးအတွက် အစီအစဉ်များစွာကို အစပြုခဲ့သည်။ ဒေါက်တာ ဘေကာ (Dr. Baker) သည် သူနာပြု အဖွဲ့ များကို ဦးဆောင်၍ ဟဲလ်ကစ်ချမ်း နေရာတစ်ဝိုက် (Hell's Kitchen) ၏ လူထူထပ်သော ရပ်ကွက်များသို့ သွားရောက်ပြီး မိခင် များအား သူတို့၏ကလေးများကို မည်သို့အဝတ်အစားလဲပေးရန်၊ ကျွေးမွေးရန်နှင့် ရေချိုးပေးရန်တို့ကို သင်ကြား ပေးခဲ့သည်။ ပထမကမ္ဘာစစ် ပြီးနောက်တွင် တိုင်းပြည်အများအပြားသည် ကလေး အသေအပျောက်နှုန်းကို လျော့ချရန် သူမ၏ ဥပမာကို လိုက်နာဆောင်ရွက်ကြသည်။ ၂၀ ရာစုအတွင်းတွင် ပျမ်းမျှလူ့သက်တမ်း တရှိန်ထိုး တိုးမြင့်လာခြင်းသည် ပြည်သူ့ကျန်းမာရေး၏ အောင်မြင် ဖြစ် ထွန်းမှုများကြောင့်ဟု ကျယ်ကျယ်ပြန့်ပြန့် ယုံကြည်လက်ခံထားကြသည်။ ထိုအောင်မြင် ဖြစ်ထွန်းမှုများမှာ ကာကွယ်ဆေးထိုးခြင်း အစီအစဉ်များနှင့် ကူးစက်ရောဂါ ထိန်းချုပ်ခြင်း၊ မော်တော်ယာဉ်နှင့် လုပ်ငန်းခွင် အန္တရာယ် ကင်းရှင်းရေးကဲ့သို့သော အန္တရာယ်ကင်းရှင်းရေး ပေါ်လစီများ၊ တိုးတက်လာသော မိသားစု စီမံကိန်း၊ သောက်ရေ တွင် ဖလူအိုရိုက်(ဒ်) ဒြပ်ပေါင်းကို ရောထည့်ပေးခြင်း၊ ဆေးလိပ်ငွေ့ကင်းစေသော စီမံချက်များနှင့် နာတာရှည်ရောဂါ များကို ကျဆင်းစေသည့် အစီအစဉ်များတို့ ဖြစ်ကြသည်။ ထိုကာလအတွင်းတွင် ဖွံ့ဖြိုးဆဲကမ္ဘာသည် ကျယ်ကျယ်ပြန့်ပြန့် ကာကွယ်တားဆီးနိုင်သော ကူးစက်ရောဂါများ ကြောင့် ဒုက္ခခံစားနေရဆဲဖြစ်ပြီး အဟာရဓာတ်မပြည့်ဝခြင်းနှင့် ဆင်းရဲမှုတို့ကြောင့် ပိုမိုဆိုးရွားစေသည်။ မျက်နှာ ဖုံး သတင်းခေါင်းကြီးပိုင်းများသည် နေ့စဉ် လူမှုအဖွဲ့အစည်းရင်ဆိုင်နေရသော ပြည်သူ့ကျန်းမာရေး ကိစ္စများကို ဆက်လက်တင်ပြနေဆဲဖြစ်သည်- SARS ကဲ့သို့သော ပေါ်ထွက်လာသည့် ကူးစက်ရောဂါများ- ၎င်းရောဂါသည် တရုတ်ပြည်မှ ကနေဒါ) နှင့် အမေရိကန်ပြည်ထောင်စု သို့ ကူးစက်သွားသည် (တရုတ်ပြည်၏ ပြည်သူ့ကျန်းမာရေး ကိုကြည့်ပါ)၊ Medicare (မယ်(လ်)ဒီကဲ)- ကဲ့သို့သော အများပြည်သူဆိုင်ရာ အစီအစဉ်များအောက်ရှိ ဆေးအညွှန်းစာဖြင့် ဝယ်ယူရသည့်ဆေးဝါးအကျိုးခံစားခွင့်များ၊ လိင်မတူ ကာမဆက်ဆံ သည့် ငယ်ရွယ်သောအမျိုးသမီးများတွင် HIV-AIDS ဖြစ်ပွားမှု တိုးမြင့်လာခြင်းနှင့် တောင်အာဖ ရိက တွင် ၎င်းရောဂါဖြစ်ပွားမှုပျံ့နှံ့ခြင်း၊ ကလေးအရွယ် အဝလွန်ခြင်း တိုးမြင့်လာခြင်းနှင့် ကလေးသူငယ်များအကြား တွင် တစ်ပါတည်းဖြစ်သော အမျိုးအစား II ဆီးချိုရောဂါ တိုးမြင့်လာခြင်း၊ ဆယ်ကျော်သက်အရွယ် ကိုယ်ဝန် ဆောင်ခြင်း၏ အကျိုးသက်ရောက်မှုနှင့် 2004 ဆူနာမီ နှင့် 2005 ကတ်ထရီနာ ဟာရီကိန်း နှင့် ဆက်နွယ်လျက်ရှိသော ဖြစ်ပွားနေဆဲဖြစ်သည့် လူမှုရေး၊ စီးပွားရေးနှင့် ကျန်းမာရေး ဘေး ဒုက္ခများ တို့ဖြစ်သည်။ ထိုအရာများအားလုံးသည် ဆက်လက် ဖြစ်ပွားနေသော ပြည်သူ့ ကျန်းမာရေး စိန်ခေါ်မှု များဖြစ်သည်။
ပြည်သူလူထုကျန်းမာရေး နယ်ပယ်
[ပြင်ဆင်ရန်]၁၉၈၀ ခုနှစ်ဦးပိုင်းများကတည်းက ကြီးထွားလာသော ပြည်သူလူထုကျန်းမာရေး နယ်ပယ်သည် ပြည်သူ့ကျန်းမာရေး အာရုံ စိုက်မှုအား တစ်ဦးတစ်ယောက်ချင်း၏ အပြုအမူများနှင့် အန္တရာယ်ရှိနိုင်သည့် အချက်အလက်များ မှ မညီမျှမှု၊ ဆင်းရဲမှုနှင့် ပညာရေးကဲ့သို့သော လူထုအဆင့်ကိစ္စများဆီသို့ ချဲ ့ထွင်ခဲ့သည်။ မျက်မှောက်ခေတ် ပြည်သူ့ကျန်းမာ ရေးသည် တစ်ဦးတစ်ယောက်ချင်းစီ၏ အပြုအမူပြောင်းလဲခြင်း အတွက် ထောက်ခံအားပေးသည့်အစား လူသားထုတစ်ရပ်အတွင်း ကျန်းမာရေးကို အဆုံးအဖြတ်ပေးသည့် အရာများကို ပြောဆိုခြင်းနှင့် ပတ်သက် လေ့ရှိသည်။ ကျွန်ုပ်တို့၏ကျန်းမာရေးကို ကျွန်ုပ်တို့နေထိုင်သည့် နေရာ၊ မျိုးရိုးဗီဇ၊ကျွန်ုပ်တို့၏ ဝင်ငွေ၊ ပညာရေးအခြေအနေနှင့် ကျွန်ုပ်တို့၏လူမှုရေးဆက်သွယ်မှုများ အပါအဝင် အခြေခံအကြောင်းများစွာ မှ သက်ရောက်မှုရှိကြောင်း အသိ အမှတ်ပြုခြင်းခံရပြီး- ၎င်းတို့အား "ကျန်းမာရေးဆိုင်ရာ လူမှုရေး အဆုံးအဖြတ်များ" ဟု သိရှိကြသည်။ ကျန်းမာ ရေးဆိုင်ရာ လူမှုရေးပြောင်းလဲနှုန်းသည် လူမှုအဖွဲ့အစည်းကို ရိုက်ခတ်လှုပ်ရှားပြီး၊ အဆင်းရဲဆုံးသော လူများ သည် ယေဘုယျအားဖြင့် အဆိုးဝါးဆုံးသော ကျန်းမာရေးအခြေအနေကို ခံစားရသည်။ သို့သော် အ လယ်အလတ် အတန်းအစားတွင်ရှိသော လူများသော်မှ ပို၍မြင့်မားသော လူမှုအလွှာအတွင်းရှိ လူအများထက် ပိုမိုဆိုးဝါးသော ကျန်းမာရေးရလဒ်များကို ယေဘုယျအားဖြင့် ရရှိကြသည်။ အသစ်ဖြစ်သော ပြည်သူ့ကျန်းမာရေး သည် သာတူညီမျှဖြစ်သောနည်းဟန်ဖြင့် ကျန်းမာရေးကိုတိုးတက်စေမည့် လူအများစုကို အခြေခံသောမူဝါဒများ အတွက် ထောက်ခံပြောဆိုခြင်းဖြင့် ကျန်းမာရေးဆိုင်ရာ မညီမျှမှုများကို ရှာဖွေ၍ အမည်တပ်ပြောဆိုသည်။
ပြည်သူ့ကျန်းမာရေး အစီအစဉ်များ
[ပြင်ဆင်ရန်]ယနေ့မျက်မှောက်ခေတ်တွင် ပြည်သူ့ကျန်းမာရေးအတွက် အစိုးရ ရန်ပုံငွေသည် ဆေးဝါးများအတွက်နှင့် နှိုင်းယှဉ်ပါက ယေဘုယျအားဖြင့် သိသိသာသာလျော့နည်းပြီး ရရှိသော်လည်း ရောဂါဖြစ်ပွားမှု ပမာဏ၊ မသန်မစွမ်းဖြစ်ခြင်းနှင့် အသက်အရွယ်ကြီးရင့်ခြင်း၏ သက်ရောက်မှုများကို လျော့ချရာတွင် ပြည်သူ့ကျန်းမာရေး အစီအစဉ်များ ၏အရေးပါပုံကို အစိုးရအများစုမှ အသိအမှတ်ပြုကြသည်။ မကြာသေးမီနှစ်များအတွင်းက ကာကွယ်ဆေးထိုးသည့် ပြည်သူ့ကျန်းမာရေး အစီအစဉ်သည် နှစ်ထောင်ပေါင်းများစွာ လူသားထုတစ်ရပ်လုံးကို ဒုက္ခပေးနေသည့် ရောဂါတစ်ရပ်ဖြစ်သည့် ဝက်သက်ရောဂါကို အမြစ်ဖြတ်ခြင်း အပါအဝင် ကျန်းမာရေး အဆင့်တိုး မြင့်ရာ၌ မယုံကြည်နိုင်လောက်အောင် တိုးတက်မှုအရှိန်များ ရရှိခဲ့သည်။
လောလောဆယ်တွင် ကမ္ဘာကြီးမှ ရင်ဆိုင်နေရသော အရေးပါသည့် ပြည်သူ့ကျန်းမာရေး ကိစ္စတစ်ရပ်မှာ ခုခံအားကျဆင်းမှုရောဂါ(HIV/AIDS)ဖြစ်သည်။ ပဋိဇီဝဆေးများကို ခံနိုင်ရည် ရှိခြင်း မှာ အခြားသော အဓိက အလေးထားစရာ တစ်ရပ်ဖြစ်ပြီး အဆုတ်နာရောဂါ (TB)ကဲ့သို့သော ရောဂါများကို တစ်ကျော့ပြန်လည်၍ ခေါင်းထောင်ထလာခြင်းကို ဦးတည်စေသည်။ အခြားသော အရေးပါသည့် ပြည်သူ့ကျန်းမာရေး အလေးထားစရာတစ်ရပ်မှာ ဆီးချိုရောဂါဖြစ် သည်။ 2006 ခုနှစ်တွင် ကမ္ဘာ့ကျန်းမာရေး အဖွဲ့၏ အဆိုအရ တစ်ကမ္ဘာလုံးတွင် လူဦးရေ171သန်းသည်ဆီးချိုရောဂါခံစားနေရကြောင်း သိရသည်။ ထိုဖြစ်ပွားမှု ပမာဏသည် လျင်မြန်စွာ တိုး တက်လာပြီး 2030 ခုနှစ်တွင် ထိုအရေအတွက်သည် နှစ်ဆအထိ ဖြစ်လိမ့်မည် ဟုခန့်မှန်းသည်။
ပြည်သူ့ကျန်းမာ ရေးနှင့် ပတ်သက်၍ အငြင်းပွားစရာအချက်မှာ ဆေးလိပ်သောက်ခြင်းကို ထိန်းချုပ်မှုဖြစ်သည်။ ဆေးလိပ် သောက်ခြင်းကြောင့် ဖြစ်ပွားသော ကူးစက်ပျံ့နှံ့ခြင်းမရှိသည့် ရောဂါများ သည် ပြည်သူ့ကျန်းမာရေးကို ခြိမ်းခြောက် လျက်ရှိသည်။ အဘယ်ကြောင့်ဆိုသော် ကူးစက်ပျံ့နှံ့ တတ်သည့် ရောဂါများ သည် တိုးတက်ကောင်းမွန် လာစေ ရန် အချိန်ကာလ အနည်းငယ်သာလိုအပ်ပြီး ၎င်းနှင့် မတူညီစွာဖြင့် ကူးစက်ပျံ့နှံ့ခြင်း မရှိသည့်ရောဂါများ တိုး တက်ကောင်းမွန်မှုအတွက် ရေရှည်နည်းဗျူဟာတစ်ရပ် လိုအပ်သည်။ ဤသို့ ဖြစ်ရခြင်း၏ အကြောင်းရင်းမှာ ကူးစက်ပျံ့နှံ့တတ်သည့် ရောဂါများသည် ကမ္ဘာလုံးဆိုင်ရာ ကျန်းမာရေး ဦးစားပေးမှုအဆင့်တွင် ထိပ်ဆုံးနေရာ၌ ရှိသော်လည်း ကူးစက်ပျံ့နှံ့ခြင်းမရှိသည့် ရောဂါများသည် ကမ္ဘာလုံးဆိုင်ရာ ကျန်းမာရေး ဦးစားပေးမှုအဆင့်တွင် အောက်ဆုံးနေရာ၌ရှိသည်။ ကမ္ဘာလုံးဆိုင်ရာ ကျန်းမာရေးစနစ်သည် ကူးစက်ပျံ့နှံ့တတ်သည့် ရောဂါများနှင့် ကူးစက်ပျံ့နှံ့ခြင်းမရှိသည့် ရောဂါများကို တပြေးညီဖြစ်စေရန် နည်းလမ်းတစ်ခုကိုရှာဖွေရန်လိုအပ်သည်။ ထိုကျန်းမာရေးပြဿနာများသည် ပုဂ္ဂလိက အခန်းကဏ္ဍ၏ အလွန်အကျွံဘောင်ခတ် ကန့်သတ်ထားခြင်းအတွင်း၌ ရှိပြီး ကျွန်ုပ်တို့၏ ကမ္ဘာလုံးဆိုင်ရာ ကျန်းမာရေး ကိစ္စရပ်များတွင် ပါဝင်ပတ်သက်ခြင်းဖြင့် ၎င်းတို့သည် အချိန် တိုင်းလိုလို အကျိုးခံစားရမည်ဖြစ်သည်။ တစ်ချိန်တည်းမှာပင် ကျန်းမာရေး ပြဿနာများနှင့် ပတ်သက်သည့် ဆုံးဖြတ်ချက်အများကို နည်းပညာပိုင်းဆိုင်ရာ ဖြေရှင်းနည်းများအပေါ်တွင် အလေးထားသည့် စက်မှုလုပ်ငန်း များမှ ပြုလုပ်ကြသည်။
နိုင်ငံအများ၏ကျန်းမာရေးလုပ်ဆောင်မှုအားနည်းချက်များ
[ပြင်ဆင်ရန်]နိုင်ငံအားလုံး၏အစိုးရတိုင်းသည် မိမိတို့၏အကျိုးအတွက်သာပြုလုပ်ကြသည့် ပုဂ္ဂလိက ပိုင်း လုပ်ဆောင်သူများကိုသာ မှီခိုအားထားနေမည့်အစား ကြိုတင်၍ စီစဉ်ထားသော အဖြေရှာခြင်းများ အပေါ် တွင် ပို၍ အာရုံစိုက်ရန်လိုအပ်သည်။ တစ်ပြိုင်တည်းမှာပင် ကမ္ဘာလုံးဆိုင်ရာ ကျန်းမာရေးဆိုင်ရာ မူဝါဒ ချမှတ်ခြင်း သည် စက်မှုလုပ်ငန်းနှင့် ကုန်သွယ်ရေးဆိုင်ရာ မူဝါဒများနှင့် ပို၍ တိုပြီး ပူးပေါင်း ဆောင်ရွက်နေပြီး၊ စီးပွားရေး လုပ်ငန်းများနှင့် အတူတွဲလျက် လုပ်ဆောင်နေပြီ ဖြစ်သည်။ သို့ဖြစ်၍ နိုင်ငံတော်နှင့် ကမ္ဘာလုံးဆိုင်ရာ အဆင့် များတို့၌ အကျိုးသက်ရောက်မှုရှိသော စည်းမျဉ်းများနှင့် စံအဖြစ်သတ်မှတ်ထားသော ပြုမူလုပ်ဆောင်ချက်များ အတွက် လိုအပ်သောအတားအဆီးများကို အာနည်းစေသည်။ နိုင်ငံအများသည် ဆေးလိပ်သောက်ခြင်းကို လျော့ချရန် အဓိကကျသော ပဏာမခြေလှမ်းများအဖြစ် အခွန်များကိုတိုးခြင်းနှင့် အချို့ သို့မဟုတ် အားလုံး သော အများပြည်သူနှင့်ဆိုင်သော နေရာများတွင် ဆေးလိပ်သောက်ခြင်းကို တားမြစ်ခြင်းတို့အား အကောင်အထည် ဖော်ဆောင်ရွက်သည်။ ဖွံ့ဖြိုးပြီးနိုင်ငံအားလုံးတို့တွင် ဆေးလိပ်သောက်ခြင်းသည် အဓိက သေဆုံးစေသူများ အနက်မှ တစ်ခုဖြစ်သည်ကို သက်သေအထောက်အထားများဖြင့် ထောက်ခံသူများမှ တင်ပြသည်။ သို့ဖြစ်ပါ၍ ဆေးလိပ်သောက်သူတို့၏ ဆေးလိပ်ငွေ့များကို ရှူရှိုက်ရခြင်း(တဆင့်ခံ)ကို ကန့်သတ်ခြင်းနှင့် ဆေးလိပ်သောက် သူတို့ကို ဆေးလိပ်သောက်ရန် အခွင့်အရေးအနည်းငယ်သာပေးခြင်းတို့မှ တဆင့်သေဆုံးမှုနှုန်းကို လျော့ချရန် အစိုးရများတွင် တာဝန်တစ်ရပ်ရှိသည်။ ဆန့်ကျင်သူများမှ ဤအရာသည် တစ်ဦးချင်း၏လွတ်လပ်မှုနှင့် ကိုယ် ရေးကိုယ်တာ တာဝန်ဝတ္တရားများကို လျော့ပါးစေခြင်း ဖြစ်သည်ဟုပြောဆိုကြပြီး (ဗြိတိသျှနိုင်ငံတွင် ကလေးထိန်းသကဲ့သို့ အကာအကွယ်ပေးသော စည်းမျဉ်းစည်းကမ်း ဟူသောစကားစုကို အသုံးပြုလေ့ရှိသည်)၊ နိုင်ငံသည် အလုံးစုံ ပို၍ ကောင်းမွန်သော ပြည်သူလူထု ကျန်းမာရေးဟူသော အမည်အောက်တွင် ပို၍ပို၍ရွေးချယ်စရာရှိသည်များကို ဖယ်ရှားရန် ရဲဆေးတင်ပေးသကဲ့ သို့ ဖြစ်နေမည်ကို စိုးရိမ်ကြသည်။ သို့သော်လည်း ဆေးလိပ်သောက်သူများ၏ ဆေးလိပ်ငွေ့ကို ရှုရှိုက်ရခြင်း မှတဆင့် အခြားလူများကို ရောဂါဖြစ်ပွားစေခြင်းသည် လူ့အခွင့်အရေးတစ်ရပ် မဟုတ်ဘဲ၊ ဆေးလိပ်သောက်သူ များ သည် သူတို့၏ကိုယ်ပိုင်အိမ်များတွင် လွတ်လပ်စွာ ဆေးလိပ်သောက် နေနိုင်ဆဲ ဖြစ်သည်ဟု ထောက်ခံ အားပေး သူများသည် တုံ့ပြန်ပြောဆိုကြသည်။ ပြည်သူ့ကျန်းမာရေးနှင့် တိရစ္ဆာန်များ မှလူများဆီသို့ ရောဂါများကူးစက်ပျံ့နှံ့ နိုင်၍ တိရစ္ဆာန်များမှ ဖြစ်ပွားသောရောဂါများနှင့် သက်ဆိုင်သည့် တိရစ္ဆာန်နှင့် အများ ပြည်သူဆိုင်ရာကျန်းမာရေးတို့ အကြားတွင် ဆက်သွယ်ချက် တစ်ရပ်ရှိသည်။
ကိုးကား
[ပြင်ဆင်ရန်]