ကွန်ဒုံး
ကွန်ဒုံး | |
---|---|
A rolled-up condom | |
နောက်ခံ | |
အမျိုးအစား | Barrier |
ပထမဆုံးအသုံးပြု | Ancient Rubber: 1855 Latex: 1920 Polyurethane: 1994 |
ကိုယ်ဝန်တည်ခြင်းနှုန်းများ (first year, latex) | |
အပြည့်အစုံအသုံးပြု | 2%[၁] |
ယေဘုယျအသုံးပြု | 18%[၁] |
အသုံးချမှု | |
အသုံးပြုသူအသိပေးချက်များ | Latex condoms damaged by oil-based lubricants |
ကောင်းကျိုးဆိုးကျိုးများ | |
STI ကာကွယ်မှု | Yes[၂] |
အားသာချက်များ | ဆေးသောက်ခြင်းနှင့် ဆေးခန်းသွားစရာမလိုအပ် |
ကွန်ဒုံး (condom) သည် လိင်ဆက်ဆံရာတွင် အသုံးများသော ပစ္စည်းဖြစ်သည်။ ကွန်ဒုံကို တင်းမာနေသော ယောက်ျား လိင်တံ တွင် စွပ်ထားပြီး ပန်းထွက်လာမည့် သုတ်ကောင်များအား တဖက် လိင်ဆက်ဆံသူ၏ ခန္ဓာကိုယ်ထဲသို့ မဝင်ရောက်စေရန် တိုက်ရိုက် တွေ့ထိမှုကို ပိတ်၍ ကာကွယ်ပေးထားသည်။ ကွန်ဒုံးကို သန္ဓေတားရန်နှင့် လိင်မှ ကူးစက်တပ်သော ရောဂါများကို ကာကွယ်ရန် သုံးသည်။[၂] ကွန်ဒုံးသည် ရေလုံပြီး ပျော့ပြောင်း၍ ခိုင်မာသောကြောင့် အခြားသောသုံးစွဲမှုများလည်းရှိသည်။ ၎င်းတို့မှာ ရေလုံ မိုက်ခွက်တို့မှ ရိုင်ဖယ်သေနက်ပြောင်းများ ကာကွယ်ရန် အထိသုံးသည်။
အဓိကအချက်များ
[ပြင်ဆင်ရန်]- အမျိုးသားကွန်ဒုံးသည် ခုခံအားကျဆင်းမှုရောဂါအပါအဝင် လိင်မှတဆင့်ကူးစက်သောရောဂါများကို ကာကွယ်သည်။ ထို့အပြင် ကိုယ်ဝန်မရစေရန်နှင့် လိင်မှတဆင့်ကူးစက်တတ်သောရောဂါများ ၂ခုစလုံးကို ကာကွယ်နိုင်သော တစ်ခုတည်းသော ပစ္စည်းဖြစ်သည်။
- အထိရောက်ဆုံးကာကွယ်မှုကို ရရှိနိုင်ရန် လိင်ဆက်ဆံမှုတိုင်းတွင်မှန်ကန်စွာသုံးစွဲရန် လိုအပ်သည်။
- လိင်ဆက်ဆံဖော်နှစ်ဦးလုံး၏ ပူးပေါင်းဆောင်ရွက်မှုကို လိုအပ်သည်။ ဆက်ဆံမှုမပြုမှီ ကွန်ဒုံးအကြာင်း ပြောကြခြင်းဖြင့် မိမိ၏အဖော် အားအသုံးပြုလာစေရန် ဆွဲဆောင်နိုင်သည်။
အလုပ်လုပ်ပုံ
[ပြင်ဆင်ရန်]ကွန်ဒုံးသည်အတားအဆီးတစ်ခုဖြစ်ပြီး အမျိုးသား၏ သုတ်ပိုးများ အမျိုးသမီး၏ မိန်းမကိုယ်အတွင်း မဝင်ရောက်နိုင်စေရန် ထိန်းသိမ်းပေးနိုင်သည်။
ထိရောက်မှု
[ပြင်ဆင်ရန်]နည်းလမ်းမှန်မှန်အမြဲသုံးစွဲပါက ထိရောက်မှုရှိသည်။ တစ်နှစ်တိတိ နည်းလမ်းမှန်စွာသုံးစွဲသော ဇနီးမောင်နှံ၁၀၀ လျှင် နှစ်ဦးခန့်သာ ကိုယ်ဝန်ရနိုင်သည်။ နည်းလမ်းမမှန်မကန်သုံးစွဲသောအိမ်ထောင်စုများအနက် ၁၀၀ လျှင် ၁၅ ဦးအထိ ကိုယ်ဝန်ရှိကြောင်းသိရသည်.။ ကိုကွန်ဒုံးအသုံးပြုရန် သင့်တော်သူများ
- ကာလသားရောဂါများ (သို့) HIV ပိုး ကူးစက်ခံရရန် အန္တရာယ်ရှိသူများ (သို့) စုံတွဲများ
- အခြားရောဂါများကြောင့် ပိုမိုထိရောက်သော နည်းလမ်းများကို အသုံးမပြုနိုင်သော အမျိုးသမီးများ
- သားဆက်ခြားရန် လိုအပ်သော နို့တိုက်မိခင်များ
- အခြားအရံနည်းလမ်းကို တွဲသုံးရန်လိုအပ်သော အမျိုးသမီးများ
ကိုးကား
[ပြင်ဆင်ရန်]- ↑ ၁.၀ ၁.၁ Trussell၊ James (2011)။ "Contraceptive efficacy" (PDF)။ in Hatcher၊ Robert A.; Trussell၊ James; Nelson၊ Anita L.; Cates၊ Willard Jr.; Kowal၊ Deborah; Policar၊ Michael S. (eds.)။ Contraceptive technology (20th revised ed.)။ New York: Ardent Media။ pp. 779–863။ ISBN 978-1-59708-004-0။ ISSN 0091-9721။ OCLC 781956734။ 2013-11-12 တွင် မူရင်းမှ မော်ကွန်းတင်ပြီး (PDF) ။
- ↑ ၂.၀ ၂.၁ Hatcher၊ Robert Anthony; M.D၊ Anita L. Nelson (2007)။ Contraceptive Technology (အင်္ဂလိပ်ဘာသာစကားဖြင့်)။ Ardent Media။ pp. 297–311။ ISBN 9781597080019။ 2017-09-18 တွင် မူရင်းမှ မော်ကွန်းတင်ပြီး ။