ပဲသဒူရွာ
ပုံပန်းသွင်ပြင်
ပဲသဒူ သည် ရခိုင်ပြည်နယ်၊ ရသေ့တောင်မြို့နယ်၊ ပဲသဒူကျေးရွာအုပ်စုရှိ ရွာဖြစ်သည်။
၂၀၁၉ ဖြစ်စဉ်
[ပြင်ဆင်ရန်]၂၀၁၉ နှစ်ဦးတွင် စစ်တပ်နှင့် ရခိုင့်တပ်တို့ ရွာအရှေ့ဘက်ရှိ ကမ်းအုံပြင်တောင်တန်းတွင် တိုက်ပွဲများဖြစ်ရာ ကနဦးက အနီးရှိ သက်ပြေကျရွာသို့ လူ ၅၀၀ ခန့် သွားရောက်ခိုလှုံကြသည်။ [၁] နောက် တိုက်ပွဲမှာ မြေပြန့်သို့ရောက်လာရာ သက်ပြေကျရွာသားတို့လည်း စစ်ရှောင်ရသည်နောက် ပဲသဒူသား အိမ်ထောင်စု ၃၂ စု၊ လူ ၁၈၉ ယောက်တို့ မင်းပြားမြို့နယ်၊ သဌေးကုန်းရွာအနီးသို့ ပြောင်းရသည်။ [၂][၃] ကျန်သူတို့မှာ ဆွေမျိုးနီးစပ်တို့ရှိရာသို့ စစ်ရှောင်၏။
၂၀၂၁ ခုတွင် စစ်အေးသည်နောက် ရပ်ရွာပြန်ရာ စစ်ကျန်ဗုံးသီးပေါက်၍ လက်ပံပွင့်ကောက်ထွက်သော ကလေး ၂ ဦး ဒဏ်ရာရသေးသည်။ [၄][၅]
ပဲသဒူ | |
---|---|
ပဲသဒူ တည်နေရာ၊ မြန်မာ။ | |
ကိုဩဒိနိတ်: 20°40′41″N 92°42′50″E / 20.67816°N 92.71382°E | |
နိုင်ငံ | မြန်မာ |
ပြည်နယ် | ရခိုင်ပြည်နယ် |
ခရိုင် | စစ်တွေခရိုင် |
မြို့နယ် | ရသေ့တောင်မြို့နယ် |
ကျေးရွာအုပ်စု | Pe Tha Du[၆] |
ကိုးကား
[ပြင်ဆင်ရန်]- ↑ "တိုက်ပွဲကြောင့် မြောက်ဦးဒေသခံ ၆၀၀၀ ကျော် အိုးအိမ်မဲ့ဖြစ်ခဲ့". VOA Burmese. 2019-03-28.
- ↑ "ရသေ့တောင် စစ်ဘေးရှောင်တွေ ငှက်ပျောအူကို ဟင်းချက်စားနေရ အပါအဝင် မနက်ခင်းသတင်းများ". BBC Burmese. 2019-11-20.
- ↑ "ရခိုင်ပြည်နယ်ရှိ စစ်ဘေးရှောင်စခန်း ၄၀ အနက် မြို့ပြနှင့်အလှမ်းဝေးကွာသည့် စစ်ဘေးရှောင်စခန်း ၃၀ ခန့်တွင် သောက်ရေအခက်အခဲကြုံတွေ့နေ". News Eleven. 2019-03-28.
- ↑ ဆောင်းဇာခြည်. "ရသေ့တောင်မြို့နယ်တွင် စစ်လက်နက်အကြွင်းအကျန်ပစ္စည်းပေါက်ကွဲ၍ ကလေးငယ် ၂ နှစ် ထိခိုက်ဒဏ်ရာရ". နိရဉ္စရာ. 2021-03-04.
- ↑ ရဲစည်သူကာ. "ရခိုင်မှာ မိုင်းရှင်းနေစဉ် အရပ်သား လေးဦး မိုင်းထိ". RFA Burmese. 2021-03-12.
- ↑ GAD, Feb 2011.