ပဲရစ် ဟီလတန်

ဝီကီပီးဒီးယား မှ
ပဲရစ် ဟီလတန်
ဟီလတန်အား ၂၀၀၉ ခု၊ အောက်တိုဘာ၌ ပွဲတစ်ခုတွင် တွေ့ရစဉ်
မွေးဖွားပဲရစ် ဝှက်တနီ ဟီလတန်
(1981-02-17) ဖေဖော်ဝါရီ ၁၇၊ ၁၉၈၁ (အသက် ၄၃)
နယူးယောက်, အမေရိကန်
ဌာနေမောဟော်လန် အိမ်ခြံမြေ (Mulholland Estates),[၁] လော့စ်အိန်ဂျယ်လိစ်မြို့, ကယ်လီဖိုးနီးယားပြည်နယ်
အလုပ်အကိုင်
  • ရုပ်လုံးပြသူ
  • စီးပွားရေးလုပ်ငန်းရှင်
  • လူဝင်ဆန့်
  • မင်းသမီး
  • အဆိုတော်
  • ကိုယ်ဟန်ပြမယ်
  • ဒီဇိုင်နာ
  • ဒီဂျေ
  • စာရေးဆရာ
တက်ကြွလှုပ်ရှားနှစ်များ၁၉၉၇ - ယခုထိ
မိဘ(များ)
  • ရစ်ချတ် ဟီလတန်
  • ကေသီ ဟီလတန်
ဆွေမျိုးသားချင်း
  • နစ်ကီ ဟီလတန် ရို့သချိုင်း (Nicky Hilton Rothschild) (အစ်မ)
  • ဘာရွန် ဟီလတန် (Barron Hilton) (အဖိုး)
  • ကွန်ရတ် ဟီလတန် (Conrad Hilton) (အဘိုး)
  • စတီဗန် ဟီလတန် (Steven M. Hilton) (ဘကြီး)
ဝက်ဘ်ဆိုဒ်parishilton.com

ပဲရစ် ဝှက်တနီ ဟီလတန် (အင်္ဂလိပ်: Paris Whitney Hilton) သည် အမေရိကန်လူမျိုး ရုပ်လုံးပြသူ၊ လူဝင်ဆန့်၊ စီးပွားရေးလုပ်ငန်းရှင်၊ အဆိုတော်၊ သရုပ်ဆောင်၊ ကိုယ်ဟန်ပြမယ်၊ ဒီဂျေ၊ စာရေးဆရာနှင့် ဒီဇိုင်နာ တစ်ယောက် ဖြစ်သည်။ ဟီလတန်ဟိုတယ်များကို တည်ထောင်သည့် ကွန်ရတ် ဟီလတန် (Conrad Hilton) ၏ မြစ်ဖြစ်သည်။ ကာလီဖိုးနီးယားပြည်နယ်၊ ဗာဗလီဟေးတွင် မွေးကာ နယူးယောက်မြို့တွင် ကြီးပြင်းလာသည်။

ကိုယ်ဟန်ပြခြင်းကို နယူးယောက်အခြေစိုက် ထရန့် မော်ဒယ် စီမံမှုလုပ်ငန်း (Trump Model Management) တွင် စတင်ခဲ့သည်။

၂၀၀၄ ခုတွင် နယူးယောက်တိုင်းမ်၏ အရောင်းရဆုံး စာရင်းဝင်ဖြစ်သော အမွေခံတစ်ယောက်၏ ဝန်ခံချက် အမည်ရှိ စာအုပ်ကို ထုတ်ဝေခဲ့သည်။

၂၀၀၅ ခုရောက်သော် ရင်သိမ့်တုန်ရုပ်ရှင် ဖယောင်းသွင်းအိမ် ဇာတ်ကားတွင် သရုပ်ဆောင်သည်။

နောက်တစ်နှစ် ၂၀၀၆ ခုတွင် ပဲရစ် အမည်ရှိ သီချင်းခွေထုတ်ကာ ကမ္ဘာအရပ်ရပ်သို့ ဖြန့်သည်။ ၎င်းခွေမှာ ဘေလဘုတ် ၂၀၀ စာရင်းတွင် နံပါတ် ၆ အထိ ရောက်သည်။ ကနဦးဖြန့်သည့် ကြယ်တွေ မမြင်နိုင်ဘူး သီချင်းမှာ ပေါက်သီချင်း ဖြစ်ခဲ့သည်။

ဒီဂျေသမားအဖြစ် ဆောပိုလို ပေါ့သီချင်းပွဲတော် (Pop Music Festival) ၌ ၂၀၁၂ ခုတွင် ပွဲထွက်သည်။

နာမည်ကြီးခြင်းကြောင့် နာမည်ကြီးခြင်းသာဟူသော ဝေဖန်မှုကို ၂၀၀၀ ခုနှစ်အစောပိုင်းနှင့် အလယ်ပိုင်းတို့တွင် တောက်လျှောက် ရင်ဆိုင်ရသည်။ မီဒီယာများတွင် ဖော်ပြခံရခြင်းမှာ အရည်အချင်းနှင့် လုပ်ရပ်တို့ကြောင့်မဟုတ်ဘဲ သူ၏ ချမ်းသာမှုနှင့် အနေအထိုင်ကြောင့်သာဖြစ်ကြောင်း သတ်မှတ်ကြခြင်း ဖြစ်သည်။ ကျော်ကြားမှုကို အခြေခံကာ ရေမွှေးနှင့် အခြားအသုံးအဆောင်များ ထုတ်သည်။ ရေမွှေးတစ်မျိုးတည်းကပင် ၂၀၁၂ ခု၌ အမြတ်ငွေ ဒေါ်လာ ၃ ဘီလီယံကျော် ရခဲ့သည်။ ဖိလစ်ပိုင်နိုင်ငံမနီလာရှိ ပဲရစ်ဟီလတန် ကမ်းခြေကလပ် အပန်းဖြေစခန်းအပါအဝင် ကမ္ဘာအနှံ့၌ စတိုး (၅၀) ရှိပြီး လက်ကိုင်အိတ်၊ နာရီ၊ ဖိနပ်ကဲ့သို့သော ထုတ်ကုန် ၁၉ မျိုး ထုတ်လုပ်နေသည်။ အစုစပ်လုပ်ငန်းများမှလည်း တစ်နှစ်လျှင် ဒေါ်လာ ၁၀ မီလီယံကျော် ဝင်သည်။ ၂၀၁၇ ခုနှစ်တွင် ပွဲတက်ခအဖြစ် ၃ မီလီယံခန့် ရခဲ့သည်။

ကိုးကား[ပြင်ဆင်ရန်]

  1. "Paris Hilton's New Pad"၊ Variety၊ August 23, 2007။ November 30, 2017 တွင် ပြန်စစ်ပြီး