ပုပ္ပါးမျောက်မြီးရှည်

ဝီကီပီးဒီးယား မှ
ပုပ္ပါးမျောက်မြီးရှည်
မျိုးရိုးခွဲခြားခြင်း ပြင်ဆင်
လောက: Animalia
မျိုးပေါင်းစု: Chordata
မျိုးပေါင်း: Mammalia
မျိုးစဉ်: Primates
မျိုးစဉ်သေး: Haplorhini
Infraorder: Simiiformes
မျိုးရင်း: Cercopithecidae
မျိုးရင်းသေး: Colobinae
မျိုးစု: Trachypithecus
မျိုးစိတ်:
T. popa
ဒွိနာမ
Trachypithecus popa
Roos et al., 2020

ပုပ္ပါးမျောက်မြီးရှည်[၂] (Trachypithecus popa) သည် Cercopithecidae မျိုးရင်းမှ ပရိုင်းမိတ် မျိုးစိတ်တစ်ခုဖြစ်သည်။ မြန်မာနိုင်ငံတွင်သာ တွေ့ရှိရပြီး ၎င်းမျောက်များနေထိုင်ရာ ပုပ္ပါးတောင်အား အစွဲပြု၍ အမည်ပေးထားခြင်းဖြစ်သည်။ ထိုပုပ္ပါးတောင်ဒေသတွင် အကောင်ရေ ၁၀၀ ကျော်ခန့်သာ တွေ့ရှိရကြောင်းသိရသည်။[၃] ထို့ကြောင့် ဤမျောက်မျိုးစိတ်အား IUCN အနီရောင်စာရင်းတွင် မျိုးသုဉ်းလုနီးပါးအန္တရာယ်ရှိသော မျိုးစိတ်အဖြစ် စာရင်းသွင်း သတ်မှတ်ထားပြီး တောရိုင်းတွင်တွေ့ရှိရသော အကောင်ရေစုစုပေါင်းတွင် အရွယ်ရောက်ပြီးအကောင်ရေအနေဖြင့် ၂၀၀ မှ ၂၅၀ ခန့်အထိရှိနိုင်သည်ဟု ပညာရှင်များကခန့်မှန်းထားသည်။[၁]

ဇီဝမျိုးရိုးခွဲခြားခြင်း[ပြင်ဆင်ရန်]

ပုပ္ပါးမျောက်မြီးရှည် မျိုးစိတ်အား ကွင်းဆင်းလေ့လာမှုအရတွေ့ရှိခဲ့ခြင်းမဟုတ်ဘဲ ဓာတ်ခွဲခန်း လေ့လာစမ်းသပ်မှုမှတဆင့် 2020 ခုနှစ်တွင် ရှာဖွေတွေ့ရှိခဲ့ခြင်းဖြစ်သည်။ ပုပ္ပါးမျောက်မြီးရှည်၏ မျိုးစုနှင့် အခြားမျိုးစိတ်များနှင့် ဆက်စပ်မှုကို နားလည်ရန် ကြိုးပမ်းရာတွင် မျိုးရိုးခွဲခြားလေ့လာမှုတစ်ခုကို ပြုလုပ်ခဲ့ရသည်။ ၎င်းလေ့လာမှုပြုလုပ်ရာ၌ သိပ္ပံပညာရှင်များသည် တောရိုင်း မျောက်များ၏ မစင်နမူနာများနှင့် ပြတိုက်ရှိ နမူနာများမှ တစ်သျှူးများကို အသုံးပြုခဲ့ကြသည်။[၄]

မျိုးရိုးဗီဇခွဲခြမ်းစိတ်ဖြာမှုနှင့်အတူ လေ့လာမှုပြုလုပ်ရာ၌ လန်ဒန်သဘာဝသမိုင်းပြတိုက်ရှိ ဖယ်ယာ မျောက်မျက်ကွင်းဖြူ နမူနာနှင့် ပုပ္ပါးမျောက်မြီးရှည်၏ နမူနာတို့ကို နှိုင်းယှဉ်မှုလုပ်ဆောင်ချက်လည်းပါ၀င်ခဲ့သည်။ စစ်ဆေးမှုရလဒ်တွင် ၎င်းတို့၏ အရေခွံများ၊ ဦးခေါင်းခွံများနှင့် အရောင်ကွဲပြားမှု အနည်းငယ်ကို တွေ့ရှိခဲ့သည်။[၅]

သွင်ပြင်လက္ခဏာများ[ပြင်ဆင်ရန်]

ပုပ္ပါးမျောက်မြီးရှည်တွင် အညိုရင့်ရောင် သို့မဟုတ် မီးခိုးရောင်နောက်ကျော၊ အဖြူရောင် ဝမ်းဗိုက်နှင့် အနက်ရောင် လက်နှင့် ခြေထောက်များရှိသည်။ မျက်လုံးတစ်ဝိုက်တွင် ထူးခြားသော အဖြူရောင်အကွင်းများအပြင် မုတ်ဆိတ်မွှေး ပါရှိသည်။ အလေးချိန်မှာ ၁၈ ပေါင် (၈ ကီလိုဂရမ်) ဝန်းကျင်ရှိသည်။[၃]

ဖြန့်ကျက်တွေ့ရှိရမှု နှင့် ကျက်စားရာ ဒေသ[ပြင်ဆင်ရန်]

ပုပ္ပားမျောက်မြီးရှည်များအား မြန်မာနိုင်ငံအလယ်ပိုင်းတွင် တွေ့ရှိရပြီး အဓိကအားဖြင့် ပုပ္ပားတောင်အနီးတွင် ပိုမိုတွေ့ရှိရသည်။[၅]

ထိန်းသိမ်းစောင့်ရှောက်မှု[ပြင်ဆင်ရန်]

ပုပ္ပါးမျောက်မြီးရှည်သည် ဖမ်းဆီးသတ်ဖြတ်ခံရခြင်း၊ ကျက်စားရာဒေသများ ပျက်စီးခြင်းနှင့် စားကျက်မြေများ ကွက်ကျားဖြစ်ခြင်းတို့ကြောင့် မျိုးသုဉ်းမည့် အန္တရာယ်နှင့် ခြိမ်းခြောက်ခြင်းခံနေရသည်။[၃][၁]

ကိုးကား[ပြင်ဆင်ရန်]