ပုကလေး၊ ဦး

ဝီကီပီးဒီးယား မှ

သတင်းစာဆရာ ဦးပုကလေး သည် ဝန်ကြီးချုပ်များ နှင့် ဗိုလ်ချုပ်အောင်ဆန်း တို့၏ သတင်းထောက် အဖြစ် တာဝန် ထမ်းဆောင်ခဲ့သူ ဖြစ်သည်။

ငယ်စဉ်ဘဝ[ပြင်ဆင်ရန်]

တောင်ငူမြို့ဇာတိ ဖြစ်သည်။ ငယ်စဉ်က ဘုန်းကြီးကျောင်းတွင် ပညာသင်ကြားခဲ့သည်။

သတင်းစာဆရာဘဝ[ပြင်ဆင်ရန်]

ကြယ်တံခွန် သတင်းစာကို ထုတ်ဝေခဲ့ပြီး အမျိုးသားရေးကို လှုံ့ဆော်ခဲ့သည်။ ထိုသတင်းစာတွင် သတင်းများကို ပြင်းပြင်းထန်ထန် ရေးသားခဲ့သည့်အတွက် သတင်းစာ နယ်ပယ် တွင် နာမည်ကျော်ကြားလာခဲ့သည်။ သို့သော် ငွေကြေး အခက်အခဲကြောင့် ကြယ်တံခွန် သတင်းစာ ကို ရပ်ဆိုင်းခဲ့သည်။ ထို့နောက် ၃ ရက် ၁ ကြိမ်ထုတ် ပညာအလင်း စာစောင် ကို ထုတ်ဝေပြန်သည်။ ထိုစာစောင်သည်လည်း အကြောင်းအမျိုးမျိုးကြောင့် ရပ်ဆိုင်းသွားရာ မြန်မာ့အလင်း သတင်းစာ တွင် ဝင်ရောက်လုပ်ကိုင် ခဲ့သည်။ အရေးကြီးသော သတင်းများကို ကိုယ်တိုင်သွားရောက် ယူခဲ့သည်။

ဝန်ကြီးချုပ် သတင်းထောက်[ပြင်ဆင်ရန်]

ထို့နောက် သူရိယ သတင်းစာတွင် လုပ်ကိုင်နေစဉ် ဆရာစံ သူပုန်ထမှုတွင် ရှေ့တန်းစစ်မျက်နှာ သတင်းထောက်အဖြစ် မြန်မာပြည်တွင် ပထမဦးဆုံး ဆောင်ရွက်ခဲ့သည်။ ဒုတိယ ကမ္ဘာစစ်ကြီး မဖြစ်မီ မြန်မာ့သတင်းစာ မိတ်ဆက်အဖွဲ့ဝင် အဖြစ် တရုတ်ပြည်သို့ သွားရောက်လေ့လာခဲ့သည်။ ပြန်လည်ရောက်ရှိလာသော အခါ ဝန်ကြီးချုပ် ဦးစော၊ ဝန်ကြီးချုပ် ဦးပု၊ ဝန်ကြီးချုပ် ဒေါက်တာဘမော် တို့၏ သတင်းထောက် အဖြစ် တာဝန်ထမ်းဆောင်ခဲ့သည်။

ဘဝနိဂုံး[ပြင်ဆင်ရန်]

၁၉၅၀ ဧပြီ ၂၈ ရက်တွင် အစိုးရပြန်ကြားရေးသတင်းဌာန သတင်းထောက်အဖြစ် ဝန်ကြီးချုပ် ဦးနု နှင့် အတူ မြစ်ဝကျွန်းပေါ်သို့ လိုက်ပါသွားစဉ် ဝန်ကြီးချုပ်၏ ကိုယ်ရံတော် သက်တော်စောင့် ကပ္ပတိန် ဦးမြင့်၏ ပစ္စတို မှ မတော်တဆ ကျည်ထွက်ကာ ဦးမြင့် ၏ လက်ဖဝါး နှင့် ဦးပုကလေး ၏ လက်ဝါး၊ ပေါင်၊ ဆီးစပ် တို့ကို ကျည်မှန်ခဲ့သည်။ ၂၉ ရက် ည ၁၀ နာရီ ၂၀ မိနစ် တွင် ရန်ကုန်ဆေးရုံကြီး ၌ ကွယ်လွန်ခဲ့သည်။ [၁]

ဦးပုကလေး သည်

  1. ကပြား ပြဿနာ
  2. ငါတို့ဗိုလ်ချုပ် ဘာတွေလုပ်ခဲ့သလဲ
  3. သခင်နု အရေးတော်ပုံ စာအုပ်တို့ကို ရေးသားခဲ့သည်။[၂]

ကိုးကား[ပြင်ဆင်ရန်]

  1. မြန်မာ့အလင်းသတင်းစာ၊ ၁၉၅၀ ဧပြီ ၃၀၊ စာ ၁၁
  2. အောင်ကြီး၊ အောက်တိုဘာ။ "သတင်းစာဆရာကြီး ဦးပုလေး ဘာကြောင့် သေနတ်မှန်ပြီး သေရတာလဲ"၊ Vol-3, No.-101,၊ The Hotnews weekly၊ 2 Aug 2012။ ၂၀၁၂-၀၈-၀၁ တွင် ပြန်စစ်ပြီး