ပစ္စတို

ဝီကီပီးဒီးယား မှ
M1911A1 ပစ္စတို

ပစ္စတို သည် လက်ဖြင့်ထိန်း၍ ပစ်ခတ်နိုင်သည့် ပြောင်းတိုသေနတ်တစ်မျိုး ဖြစ်သည်။ ကိုယ်ထည်နှင့် ပြောင်းကို ပေါင်းစည်းထားပြီး အခြားပြောင်းတိုသေနတ်တစ်မျိုးဖြစ်သည့် ခြောက်လုံးပြူးမှာမူ ကိုယ်ထည်နှင့် ပြောင်းအကြားတွင် ကျည်ဆလင်ဒါဖြင့် ခြားထားသည်။

နောက်ခံသမိုင်း[ပြင်ဆင်ရန်]

ပစ္စတိုများကို (၁၆) ရာစုတွင် ဥရောပ၌ စတင်ထုတ်လုပ်သည်။ ပစ္စတိုဟူသည့် အင်္ဂလိပ်စကားလုံးကို (၁၅၇၀) ဝန်းကျင်၌ ပြင်သစ်စကား ပစ္စတိုလက် မှ မွေးစားယူသည်။

အမျိုးအစားများ[ပြင်ဆင်ရန်]

ပစ္စတိုအား တစ်တောင့်ချင်း ပစ်ခတ်နိုင်သည့် ပစ္စတိုနှင့် အတွဲလိုက်ပစ်ခတ်နိုင်သည့် ပစ္စတိုဟူ၍ နှစ်မျိုး ခွဲခြားနိုင်သည်။

တစ်တောင့်ချင်း ပစ်ခတ်နိုင်သည့် ပစ္စတို[ပြင်ဆင်ရန်]

ဤသို့ပစ်ခတ်နိုင်သည့် သေနတ်မျိုးကို ပြောင်းချိုးသေနတ်နှင့် ပြောင်းချောသေနတ်များ အသုံးများသည့် ကာလတို့တွင် တွေ့ရသည်။ ပြောင်းအတွင်းသို့ ခဲသီးထည့်ကာ မီးခွက်ကိုရိုက်ပြီး ပစ်ခတ်ရခြင်း ဖြစ်သည်။ အမဲလိုက်တမ်း ကစားရာ၌ ဤသေနတ်မျိုးကို ယနေ့တိုင် အသုံးပြုနေသေးသည်။

ဆီမီးအော်တို ပစ်ခတ်နိုင်သည့် ပစ္စတို[ပြင်ဆင်ရန်]

ဤသေနတ်မျိုးတွင် ပြောင်းဝသို့ မောင်းရိုက်ချိန်၌ မောင်းပြန်စပရင် ခံထားကာ စပရင်၏နောက်ကန်အားဖြင့် မောင်းပြန်တင်စေသည်။ ထို့ကြောင့် ကျည်ကတ်မှ တက်လာသောကျည်ဆန်ကို နောက်တကြိမ် မောင်းတင်ရန်မလိုဘဲ မောင်းခလုတ်ဆွဲ၍ ပစ်ခတ်ရန်သာ လိုတော့သည်။

အော်တို ပစ်ခတ်နိုင်သည့် ပစ္စတို[ပြင်ဆင်ရန်]

လုပ်ဆောင်ပုံမှာ ဆီမီးအော်တိုပစ်ခတ်နိုင်သည့် ပစ္စတိုနှင့် ပုံစံတူပင် ဖြစ်သည်။ ကွဲပြားချက်မှာ မောင်းတင်သည့်မက္ကနစ်ဇင် ဖြစ်ပြီး မောင်းခလုတ်အား လက်လွှတ်မချင်း ပစ်ခတ်နိုင်ရန် စီမံထားသည်။ ကျည်ကုန်မြန်သည့်အတွက် အတောင့်ရေ အများအပြားဆန့်သည့် ကျည်ကတ်များ၊ ကျည်ဒရမ်များဖြင့် တွဲဖက်အသုံးပြုရသည်။

မှီငြမ်း[ပြင်ဆင်ရန်]