ပါရမီရှင်နော် မောင်အောင်ပေါ်

ဝီကီပီးဒီးယား မှ

ပါရမီရှင်နော် မောင်အောင်ပေါ် ကဗျာကို မောင်းထောင်းဦးကျော်လှ ရေးသားခဲ့သည်။ သံချို ကဗျာအမျိုးအစားဖြစ်သည်။

ပါရမီရှင်နော် မောင်အောင်ပေါ်[ပြင်ဆင်ရန်]

ဂတိစိတ် ကယ်က၊ တိဟိတ် နေသန္ဓေခချေထင့်၊ ရွှေလမြိင် သောင်အမော်က၊ မောင်အောင်ပေါ် အခေါင်ကျော်ဆုံးပေပ၊ တော်သုံးပုံ ပိဋကတ်ကျမ်းရယ်တို့။ တတ်စွမ်းအောင် ထမ်းဆောင်ရွက်နိုင်ခဲ့၊ အသက်မှာ ခြောက်နှစ်သားတဲ့၊ ချစ်သနားကြ လူတိုင်းလူ။

ရှေးမဆွငယ်က၊ တွေးဆရန် ပညာရှိတို့၊ ဇောတိသရံ ကံဉာဏ်ပါခဲ့လိုံ။ မဏ္ဍလာ ဟံသနဂရံ၏၊ စာပဋ္ဌမပြန် မဟာဓမ္မခန် ပွဲတွင်မှ၊ ဉာဏ်မစဲအောင် ဗိုလ်ခြေလိမ့်ခဲ့၊ သဲခြိမ့်ခြိမ့်ဆူ။

သူဋ္ဌေးရယ်သူကြွယ်ဘို့၊ အခလေးသူငယ်မှာ မွေးမယ်အဘတို့၊ ဝေးကွယ်ပြီ ဆွေးဘွယ်မတရအောင်၊ ပေးကြသည့် ရွှေငွေပတ္တမြားနှင့်၊ ပြည်သားပြည်သူတို့ အများလူ မမြင်အုံးနိုင်ဘု၊ တင်ပခုံးမှာ ထမ်းခါပြလိုက်တော့၊ ဝမ်းသာကြအောင်ပေါ်သူ၊ တောင်ဇမ္ဗူကျော်ကြား။

ဘုရင်ရာဇာသခင်မာလိန်နှင့်၊ ပညာအရှိန် ယှဉ်ကာစမ်းကြတော့၊ ပင်ပန်းထိုအခါက၊ ရဟန္တာတွေ မချမ်းသာကြသော်ကြောင့်၊ လှမ်းကြွရှာ ဗြဟ္မာ့ရွာကသွေးခဲ့တဲ့၊ သမဏ ဆရာကလေးတို့ စာပေသင်လို့၊ နာဂသေအရှင် ဆရာပရမေ ယခင်အရင်းပေမို့၊ ပုစ္ဆာတွေကို သရုပ်ပမာဖြေ၍လင်းလေသို့၊ နှုတ်လျှာချင်းမတူ ဘယ်သူပြိုင်ဝံ့ပ၊ နာသဖြူမြိုင်သောင်မြေပေါ်က၊ အောင်ဖေပေါ် အရောင်တေဇော်နှင့် အခလေးဟာမို့၊ ဘယ်ဆရာတော် ဘယ်စာကိုမေးမလဲ၊ ပမာသွေးဆောင် ဘုရင်မာလိန်သို့၊ ညာဉ်သမာဓိန်၊ ပညာဝရဇိန်နှင့် ဟောနိုင်တဲ့၊ ဟင်သာနဂရိန်မှာ၊ အရှင်နာဂသိန်ပေထင့်၊ ပြောကြသတဲ့၊ သောခြောက်နှစ်သား။

မှတ်ချက်[ပြင်ဆင်ရန်]

ဤကဗျာခေါင်းစဉ်သည် မောင်းထောင်းဦးကျော်လှ ကိုယ်တိုင် နာမည်ပေးခဲ့ခြင်း မဟုတ်ပါ။ သင့်တော်မည်ထင်သော နာမည်ကို ပေးထားခြင်း ဖြစ်သည်။

ကိုးကား[ပြင်ဆင်ရန်]

  1. မောင်းထောင်းဦးကျော်လှ၏ သံချိုကဗျာပေါင်းချုပ်။ ယဉ်ကျေးမှုဝန်ကြီးဌာန၊ ယဉ်ကျေးမှုဗိမာန်ဌာန။ နိုဝင်ဘာ ၁၉၈၃။